BREAKING
February 22, 2025

ရုပ်သံ(အမျိုးသမီး/လူငယ်)

ကိုဗစ် နှင့် စက်ချုပ်

diz_admin

December 25, 2020

ကိုဗစ်ရိုက်ခတ်မှုကြောင့် ကျား၊ မ လူတန်းစား မရွေးထိခိုက်မှု ရှိပါတယ်။ အဲဒီမှာ အမျိုးသမီးတွေလည်း မလွတ်ပါဘူး။ တနင်္သာရီတိုင်းက ကျေးလက်တောရွာတွေမှာ အမျိုးသမီးတော်တော်များများဟာ စက်ချုပ်၊ အဝတ်ချုပ် အလုပ်လုပ်ကြပါတယ်။ ကိုဗစ်ကြောင့် သူတို့ ဘယ်လို ထိခိုက်မှု ရှိတယ်ဆိုတာကို တင်ပြထားပါတယ်။ မိတ်ဆွေစစ် အဖွဲ့ရဲ့ ပံ့ပိုးမှုနဲ့ Dawei Watch က တင်ဆက်ထားတာပါ။

ကိုဗစ်ကာလ အိမ်ပေါ်ကနှင်ချခံခဲ့ရတဲ့ ဇာတ်မင်းသမီးဟောင်း အမယ်အို

diz_admin

November 17, 2020

ကိုဗစ်ကာလ ဇာတ်မကရတာကြောင့် သဘင်အနုပညာရှင်တွေ စားဝတ်နေရေး အခက်တွေ့နေကြရပါတယ်။ တစ်ချို့ဆို အိမ်ခန်းခမပေးနိုင်လို့ မောင်းချခံနေတာတွေရှိလာနေပါတယ်။ အဲဒီအထဲမှာ ဒေါ်သိင်္ဂီရွှေလည်းပါဝင်ပါတယ်။ ကိုဗစ်ကာလထဲမှာ ဒေါ်သိင်္ဂီရွှေ ရင်ဆိုင်ခဲ့ရတဲ့ အဖြစ်အပျက်တွေက မယုံနိုင်စရာပါပဲ။ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ မင်းသမီးတစ်ယောက် အခုလိုဖြစ်လာမယ်လို့လည်း သူ့ကိုယ်သူ မထင်ထားဘူးလို့ ရင်ဖွင့်ပါတယ်။