BREAKING
December 22, 2024

ရုပ်သံ(အမျိုးသမီး/လူငယ်)

နယ်သာလန်နိုင်ငံရဲ့ စွမ်း‌ဆောင်ရှင်ဆုကို ရရှိခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် မြန်မာနိုင်ငံတောင်ပိုင်းသူလေး

diz_admin

December 22, 2022

ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှာ ‌မွေးဖွားခဲ့ပြီး နယ်သာလန်နိုင်ငံကို ရောက်ရှိခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် မြန်မာနိုင်ငံတောင်ပိုင်းသူလေး မဧကရီစိုးဟာ Golden Girl Award လို့ခေါ်တဲ့ ရွှေသမီးဆုကို ချီးမြှင့်ခံခဲ့ရပါတယ်။ တနင်္သာရီတိုင်းသား မိဘနှစ်ပါးက မွေးဖွားခဲ့လို့ ‌မြန်မာနိုင်ငံတောင်ပိုင်းသူ တစ်ဦးလည်းဖြစ်ပါတယ်။ သူဟာမြန်မာနိုင်ငံကို မရောက်ဖူးသေးပေမယ့် မြန်မာ့အရေးကို တက်တက်ကြွကြွလုပ်ဆောင်နေသလို ဥရောပပါလီမန်ထဲကို အချိန်မရွေးဝင်ထွက်ပြီး ပါလီမန်ခေါင်းဆောင်တွေကို တွေ့ဆုံခွင့် ရှိတဲ့ Lobby Pass ကိုရရှိထားပါသေးတယ်။ ဒါ့အပြင် မြန်မာလူငယ်တွေ နိုင်ငံ့ဦးဆောင်မှုအခန်းကဏ္ဍမှာ ပါဝင်လာနိုင်ရေးအတွက် Worldwide Burmese Students Academy ကို တည်ထောင်ထားပါသေးတယ်။ ဒါကြောင့် Golden Girl Award ဆုရှင်မဧကရီစိုးအကြောင်း တင်ဆက်လိုက်ပါတယ်။

မိဘတွေရဲ့ အကြွေးကြောင့် ခေတ်သစ်ကျွန်ပြုခံလိုက်ရတဲ့ ကလေးတွေ

diz_admin

November 27, 2022

ထားဝယ်ခရိုင်က အသက် ၁၃ နှစ်အရွယ် ကောင်မလေးဟာ အလုပ်ရှင်တွေရဲ့ ရိုက်နှက်မှုကြောင့် သတိမေ့လဲသွားလို့ ဆေးကုသမှုခံယူနေရပါတယ်။ သူမ၏မိဘတွေက အကြွေးတွေမဆပ်နိုင်လို့ သူမနှင့်အတူ ညီအစ်မသုံးဦးလုံးကို အပေါင်ပစ္စည်းအဖြစ် သူဌေးဆီမှာ ထားခဲ့ရတာပဲဖြစ်ပါတယ်။ ဒီလိုကိစ္စရပ်တွေဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယိုင်နဲ့သွားတဲ့ နိုင်ငံစီးပွားရေးနဲ့အတူ ခက်ခက်ခဲခဲရုန်းကန်နေရတဲ့ မိသားစုတွေရဲ့ ပြသာနာတွေကို မီးမောင်းထိုးပြလိုက်တာပဲဖြစ်ပါတယ်။ Dawei Watch ရဲ့ YouTube တွင်လည်း ဝင်ရောက်ကြည်ရူနိုင်ပါတယ်။https://youtu.be/B_D9_dkjK-s

ကာတာကမ္ဘာ့ဖလားနဲ့ ပျောက်ကွယ်နေဆဲ အမျိုးသမီးအခွင့်အရေး

diz_admin

November 27, 2022

ကာတာဟာ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိနေပေမယ့် ကာတာအမျိုးသမီး ဘောလုံးအသင်းကတော့ မှေးမှိန်ပျောက်ကွယ်နေပါတယ်။ ဘောလုံးနယ်ပယ်မှာ အမျိုးသမီးတွေအတွက် အခွင့်အရေးတွေ ပေးနေသရောင် ဖန်တီးထားပေမယ့် လက်တွေ့မှာတော့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေတောင် မရတာကို တွေ့ရပါတယ်။ ဒီအကြောင်း တင်ဆက်ထားတာကို ကြည့်ရှု့နားဆင်နိုင်ပါပြီ။

ဘန်ကောက်မှာ အသတ်ခံခဲ့ရတဲ့ ကော့သောင်းသူလေး

diz_admin

November 13, 2022

ဘန်ကောက်က မြန်မာအလုပ်သမားတွေ နေထိုင်တဲ့ အဆောက်အအုံတစ်ခုမှာ ကော့သောင်းသူ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ပြီး အသတ်ခံခဲ့ရပါတယ်။ သူ့မအခန်းအနီးမှာနေတဲ့ အခန်းက မြန်မာအမျိုးသား တစ်ဦးက သူ့ကို အဓမ္မပြုကျင့်ပြီး သတ်ခဲ့တယ်ဆိုတာ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို တင်ဆက်ထားပါတယ်။

လောင်းလုံးအမျိုးသမီးထုသပိတ်

diz_admin

August 28, 2021

လောင်းလုံးမြို့နယ်အတွင်းရှိ အမျိုးသမီးတွေဦးဆောင်ကာ သြဂုတ်လ ၂၈ရက်တွင် ‘နှင်းဆီရောင် အမျိုးသမီးထု လှုပ်ရှားမှု’ ခေါင်းစဥ်ဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

သရက်ချောင်း ကျေးလက်ရဲ့ အမျိုးသမီးထုသပိတ်

diz_admin

July 15, 2021

သရက်ချောင်းမြို့နယ်ရှိ ညောင်ဇင်ကျေးရွာနဲ့ရန်တောင်ကျေးရွာနေအမျိုးသမီးတွေ စုပေါင်း၍ ဇူလိုင် ၁၅ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့သည်။

ကိုဗစ် နှင့် စက်ချုပ်

diz_admin

December 25, 2020

ကိုဗစ်ရိုက်ခတ်မှုကြောင့် ကျား၊ မ လူတန်းစား မရွေးထိခိုက်မှု ရှိပါတယ်။ အဲဒီမှာ အမျိုးသမီးတွေလည်း မလွတ်ပါဘူး။ တနင်္သာရီတိုင်းက ကျေးလက်တောရွာတွေမှာ အမျိုးသမီးတော်တော်များများဟာ စက်ချုပ်၊ အဝတ်ချုပ် အလုပ်လုပ်ကြပါတယ်။ ကိုဗစ်ကြောင့် သူတို့ ဘယ်လို ထိခိုက်မှု ရှိတယ်ဆိုတာကို တင်ပြထားပါတယ်။ မိတ်ဆွေစစ် အဖွဲ့ရဲ့ ပံ့ပိုးမှုနဲ့ Dawei Watch က တင်ဆက်ထားတာပါ။

ကိုဗစ်ကာလ အိမ်ပေါ်ကနှင်ချခံခဲ့ရတဲ့ ဇာတ်မင်းသမီးဟောင်း အမယ်အို

diz_admin

November 17, 2020

ကိုဗစ်ကာလ ဇာတ်မကရတာကြောင့် သဘင်အနုပညာရှင်တွေ စားဝတ်နေရေး အခက်တွေ့နေကြရပါတယ်။ တစ်ချို့ဆို အိမ်ခန်းခမပေးနိုင်လို့ မောင်းချခံနေတာတွေရှိလာနေပါတယ်။ အဲဒီအထဲမှာ ဒေါ်သိင်္ဂီရွှေလည်းပါဝင်ပါတယ်။ ကိုဗစ်ကာလထဲမှာ ဒေါ်သိင်္ဂီရွှေ ရင်ဆိုင်ခဲ့ရတဲ့ အဖြစ်အပျက်တွေက မယုံနိုင်စရာပါပဲ။ တစ်ချိန်က နာမည်ကြီးခဲ့တဲ့ မင်းသမီးတစ်ယောက် အခုလိုဖြစ်လာမယ်လို့လည်း သူ့ကိုယ်သူ မထင်ထားဘူးလို့ ရင်ဖွင့်ပါတယ်။