The Sheronies of Tavoy – ထားဝယ်နှင်းဆီ [အခန်း (၆)]
Dawei Watch
July 15, 2024မြန်မာ့ တပ်မတော်၏ တမိုးနိုင် စစ်ဆင်ရေး။ ဗိုလ် ကြည်ကြည်ဆွေ သတင်းရသွားသော စစ်တပ် ဘာဆက်လုပ်မည်နည်း။ သီလရှင်ကျောင်းမှ မီးခိုးလုံးများ။
မြန်မာ့ တပ်မတော်၏ တမိုးနိုင် စစ်ဆင်ရေး။ ဗိုလ် ကြည်ကြည်ဆွေ သတင်းရသွားသော စစ်တပ် ဘာဆက်လုပ်မည်နည်း။ သီလရှင်ကျောင်းမှ မီးခိုးလုံးများ။
သတိရတော့ ကြည်ကြည်ဆွေ နွားလှည်းပေါ်ရောက်နေပြီ။ ကြိုးလည်း အတုပ်ခံထားရသည်။ ပြီးနောက် ထားဝယ်အမျိုးသမီး သမဂ္ဂ၏ တောတွင်းရုံးခန်း။ ရုတ်တရက် စစ်ကြောင်း ဝင်လာသည်။ ကြည်ကြည်ဆွေလည်း စစ်တပ်သူသျှိူဟု စွပ်စွဲခံထားရသည်။
၁၉၃၆ ခုနှစ်။ ကောလိပ်ကျောင်းသား၊ သူဌေးသား လောင်းကစားမက်သော ကျော်ဆွေ။ ဒို့ဗမာ အစည်းအရုံးဝင် အမာ။ ထိုသို့ဖြင့် ရီရီနှင့် ကြည်ကြည်တို့ အသွင်မတူသော ဝဲဩဃ အတွင်း ရောက်သွားခဲ့သည်။
စစ်တပ်ဗိုလ်ကြီး စိုးမင်း သမဂ္ဂခေါင်းဆောင် ရီရီကို မေးလိုက်သည်။ “ကျော်တင့်စခန်း ဘယ်မှာလဲ” – – – မိုးကြည်တို့ စခန်း ဝင်စီးခံရတဲ့သတင်း။ မိုးကြည်ရှာပုံတော် ခရီးဖြင့် ထားဝယ်ရောက်လာသော ဗိုလ်ကြည်ကြည်ဆွေ။
အမေရိကန်အမျိုးသမီး စစ်သင်တန်းဆင်း ဗိုလ်ကြည်ကြည်ဆွေ အမိမြေကို ပြန်ရောက်၊ မြန်မာနိုင်ငံတွင် ဖဆပလ နှစ်ခြမ်းကွဲပြီး နိုင်ငံရေးမိုးသက်မုန်တိုင်း စချိန်။ ထားဝယ်က ရောက်လာသည့် စာတစ်စောင်၊ စစ်တပ် ဗိုလ်ကြည်ကြည်ဆွေအတွက် မထင်မှတ်သော အချိုးအကွေ့များ စတင်မည့် ခရီး။
မိုးရာသီ အတို့အမြုပ်စားစရာ ထွက်ရှာတဲ့ မိုးကြည်တို့ ကလေး တစ်သိုက်။ ဝုန်းဆိုပြီး အသံကြားလိုက်သည်။ သေချာပြီ မိုးကြည်တို့ စခန်းကို စစ်တပ်က ဝင်တိုက်လေပြီ။ ဖဆပလက ကွန်မြူနစ်ပါတီကို မတရားအသင်း ကြေညာလိုက်ချိန် တနင်္သာရီတိုင်းမှ ပါတီဝင်များလည်း တောခိုသွားကြသည်။ စစ်တပ်က အမျိုးသမီး စခန်းများဆီ ဦးတည်တိုက်ခိုက်လာချိန်၊ သရက်ချောင်း သံခွချောင်းဖျားက စခန်းကို ဝင်စီးသည်။ မိုးကြည် အမေပါအဝင် အမျိုးသမီးအဖွဲ့ဝင်များ မည်သို့ တုံ့ပြန်ကြမည်နည်း။ ဘာဖြစ်ကြမည်နည်း။
စပိန်အမျိုးသမီးအသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်သွားခဲ့ပါတယ်။ ဒါဟာ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ ချန်ပီယံအသင်းသစ်တစ်သင်း ထွက်ပေါ်လာတာပါပဲ။ စပိန်ဘောလုံးလောကအတွက်လည်း ဒါက သမိုင်းမှတ်တိုင်သစ်တစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားနဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ခုလုံးမှာ ချန်ပီယံဖြစ်တဲ့အသင်းဆိုလို့ အခုအချိန်အထိ စပိန် အပါအဝင် နှစ်သင်းတည်းသာ ရှိသေးလို့ပါပဲ။ ဒီနေရာမှာ ထူးခြားလှတဲ့ တိုက်ဆိုင်မှုတစ်ခု ရှိလို့နေပါတယ်။ အဲ့ဒါကတော့ စပိန်အမျိုးသားအသင်းရော အမျိုးသမီးအသင်းရော ကမ္ဘာ့ဖလားဆွတ်ခူးခဲ့ရာမှာ ဘာစီလိုနာကစားသမားတွေက အဓိကကျခဲ့လို့ပါပဲ။ တကယ်တော့ စပိန်တွေအတွက် ကတ်တလန်ဆိုတာ သူပုန်မြေပါ။ အခုတော့ တော်လှန်မြေက ပန်းတွေပွင့်ခဲ့ပါပြီ။ သမိုင်းမှန်ဆိုတာ ဖျောက်ဖျက်ပစ်လို့ မရနိုင်တာကြောင့် စပိန်နဲ့ ကမ္ဘာ့ဖလား ကံစပ်မှုကို ပြောတဲ့အချိန်တိုင်းမှာ ဘာစီလိုနာနဲ့ ကတ်တလန်မြေအကြောင်းကို စပိန်ကွန်ဆာဗေးတစ်တွေ ထည့်ပြောရပါတော့မယ်။ ဒါဟာ အသံတိတ်အောင်ပွဲပါပဲ။ တော်လှန်သူတွေရဲ့အောင်ပွဲဟာ ကမ္ဘာနဲ့ချီပြီး သမိုင်းမှာ ကျန်နေရစ်ခဲ့ပြီပဲဖြစ်ပါတယ်။
လာမယ့် ဇူလိုင်လ ၂၀ ရက်နေ့ကိုရောက်ရင် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို စတင်ကျင်းပတော့မှာပဲဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ပူးတွဲအိမ်ရှင်တွေအဖြစ် ကျင်းပသွားဖို့ ရှိနေတာက ဩစတြေးလျနဲ့ နယူးဇီလန် တို့ပါပဲ။ ဒီနှစ်ကမ္ဘာ့လားပြိုင်ပွဲကို အာဆီယံကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်ခွင့်ရရှိတာက ဖိလစ်ပိုင် အမျိုးသမီးဘောလုံးအသင်းနဲ့ ဗီယက်နမ်အမျိုးသမီးဘောလုံးအသင်းတို့ပဲဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ မိတ်ဆက်ပေးချင်တာကတော့ တောင်ကိုရီးယားအမျိုးသမီးဘောလုံးအသင်းမှာ ပါဝင်လာမယ့် ကေစီယူဂျင်း ဆိုတဲ့ ဘောလုံးမယ်လေးပါပဲ။ ဘာကြောင့်လဲဆိုတော့ ကေစီယူဂျင်းက အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို အသက် ၁၆ နှစ်အရွယ်မှာတင် ပါဝင်ကစားခွင့်ရတဲ့သူ ဖြစ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။