The Sheronies of Tavoy – ထားဝယ်နှင်းဆီ [အခန်း (၁၆)]
Dawei Watch
August 4, 2024တနင်္သာရီတိုင်းအတွင်းတွင်လည်း ကွန်မြူနစ်ပါတီစခန်းများကို အပြီးတိုင်ချေမှုန်းရန်အတွက် ဒုတိယအကြိမ် “ဖြတ်လေးဖြတ်” စစ်ဆင်ရေးကြီးစတင်လာခဲ့သည်။
တနင်္သာရီတိုင်းအတွင်းတွင်လည်း ကွန်မြူနစ်ပါတီစခန်းများကို အပြီးတိုင်ချေမှုန်းရန်အတွက် ဒုတိယအကြိမ် “ဖြတ်လေးဖြတ်” စစ်ဆင်ရေးကြီးစတင်လာခဲ့သည်။
မော်စခန်း (၃) သို့ရောက်သော အခါ မောင်ရိန်က ဗိုလ်ယူစိန်၏ လက်မောင်းကို ကိုင်ကာ ဆို့ဆို့နင့်နင့် ဆိုလိုက်သည်။ ဗိုလ်ယူစိန်က သခင်ဗသိန်းတင်နှင့် ဗိုလ်မှူးကျော်တင့်တို့၏ ညီအရင်း။ တာဝန်တွေက စောင့်နေသည်။ တနင်္သာရီတိုင်း ဆယ်မြို့နယ် လယ်သမားညီလာခံ၊ အမျိုးသမီး အာဏာနီ စခန်းများ။ စော်ဖျားညီလာခံက သတင်းဆိုး။
ကျောက်နီမော်သို့ ခရီးကြမ်း။ တောဘက်မှ ခရီးသွားများ။ ရုတ်တရက်ဗိုက်နာလာသော ကြည်ကြည်။ နောက်ထပ်မျိုးဆက်သစ် အမျိုးသမီး တစ်ဦး။ ထိုနောက် မော်စခန်း (၃) သို့။
စစ်တပ်တပ်ရင်းမှူး လဗျတ်နောင်က ဗိုလ်မှူးကျော်တင့်ကို မေးလိုက်သည်။ ပါတီ လူစာရင်းနှင့် အမာခံကျောရိုးများကို တောင်းသည်။ စာရင်းပေးလျှင် မသတ်၊ အမှုရင်ဆိုင်ရုံသာ။ ဗိုလ်မှူးကျော်တင့် ရယ်လိုက်သည်။
စစ်တပ်က အလိုရှိနေသော ကြည်ကြည်၏ အရေးကလည်း ရှိသေးသည်။ နောက်ဆုံး ကြည်ကြည်တစ်ယောက် ပြတ်သားသော ဆုံးဖြတ်ချက် ချလိုက်သည်။ ရာသီသုံးပါး တိုက်စားမှုနှင့် အတူ . . . ။
၁၉၅၈ ခုနှစ် စစ်တပ်က အနုနည်းဖြင့် အာဏာသိမ်းလိုက်ပြီ။ စစ်တပ်က ထားဝယ်မြို့ပေါ်တွင် စုဝေးနေကြလေပြီ။ စော်ဖျားက စခန်းများ အခြားနေရာသို့ ရွှေ့ရဦးမည်။ ယခုက အနောက်ဘက်သို့ ခရီး။ သို့သော် ထားဝယ်မြစ်ကြီးက လမ်းခရီးတွင် ကန့်လန့်ခံနေသည်။ ထိုမျှ မကသေး စစ်တပ်၏ ကင်းပုန်းအဖွဲ့။
ကြည်ကြည်ကို ကြိုးတုပ်လိုက်သည်။ သူလျှိူကြည်ကြည် ဖြစ်သွားလေပြီ။ စော်ဖျားစခန်း တောတွင်း စခန်း။ ဗိုလ်မှူးကျော်တင့်၊ မိုးကြည် တို့နှင့် ကြည်ကြည် တွေ့ဆုံချိန်။ အချုပ်ခန်းထဲက ကြည်ကြည်။
စစ်ကြီးကား စလေပြီ။ ထားဝယ်ရေဝန် ဦးဒါနဲ့ မထင်မှတ်ထားသည့် လှည့်ကွက်။ ထားဝယ်သားများ လက်အောက်ရောက်သွားသော အင်းဝသားများ။ အင်္ဂလိပ်တို့ကို ပထမဆုံး တော်လှန်လိုက်သော ထားဝယ်သားများ။