BREAKING
January 22, 2025

ရုပ်သံ(အမျိုးသမီး/လူငယ်)

လော့စ်အိန်ဂျလိစ်တောမီးကို သက်စွန့်ဆံဖျား ငြှိမ်းသတ်ပေးနေတဲ့ ပါဝါရိန်းဂျားပန်းရောင်

Dawei Watch

January 20, 2025

ဒါက ပါဝါရိန်းဂျား အနီကောင် မဟုတ်ပါဘူး။ ပါဝါရိန်းဂျား ပန်းရောင်ကောင်မလေး ဖြစ်ပါတယ်။ ပါဝါရိန်းဂျား ခေတ်ဦးဇာတ်ကားတွေကိုကြည့်ဖူးရင် သူမက ဘယ်သူလဲဆိုတာကို အားလုံး သိရှိနေမှာပါ။ ပန်းရောင်ပါဝါရိန်းဂျားဇာတ်ရုပ်နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်မင်းသမီးလေးဟာ ဒီနေ့ ဒီအချိန်မှာ တကယ့်ကို ပါဝါရိန်းဂျားအစစ်ဖြစ်လို့နေပါပြီ။ ဘာကြောင့်လဲဆိုတော့ သရုပ်ဆောင်မင်းသမီးဘဝကို ကျောခိုင်းပြီးတဲ့နောက် ပါဝါရိန်းဂျား ပန်းရောင်ကောင်မလေးက မီးသတ်တပ်ဖွဲ့ထဲကို ဝင်ရောက်လိုက်လို့ပါပဲ။ လော့စ်အိန်ဂျလိစ်မှာ လောင်ကျွမ်းနေတဲ့ တောမီးကို သက်စွန့်ဆံဖျား လိုက်လံ ငြှိမ်းသတ်ပေးနေသူတွေထဲမှာ ပါဝါရိန်းဂျား ပန်းရောင်မင်းသမီးလေးလည်းတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ အခုလို မီးသတ်သမားဘဝဆီ ကူးပြောင်းဝင်ရောက်သွားခဲ့သူ ပါဝါရိန်းဂျားပန်းရောင်ကောင်မလေးရဲ့နာမည်ကတော့ ပက်ထရစ်ရှာ ဂျာလီး ပါပဲ။

ဘန်ကောက်မှာ ဟင်းအော်ဒါပို့ရင်း တက္ကသိုလ်ဆက်တက်ဖို့ ကြိုးစားနေသူ

Dawei Watch

December 26, 2024

တက္ကသိုလ်နောက်ဆုံးနှစ် မြန်မာကျောင်းသူတစ်ဦးက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဟင်းအော်ဒါပို့ရင်း ကျောင်းဆက်တက်ဖို့ ကြိုးစားနေပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်အောက်မှာ တက္ကသိုလ် ဆက်မတက်ချင်တော့တဲ့အတွက် CDM လုပ်ခဲ့ပြီး ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလာခဲ့တာပါ။ ဒဂုံတက္ကသိုလ်မှာ နောက်ဆုံးနှစ် ဇီဝဓာတုဗေဒဘာသာရပ်နဲ့တက်ရောက်ခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ တက္ကသိုလ်ပညာရေး ဆက်လက်သင်ယူနိုင်ဖို့အတွက် အားမလျှော့ဘဲ ကြိုးစားရုန်းကန်နေပါတယ်။ ဘယ်လိုရုန်းကန်နေရပါသလဲ။

အရမ်းချောတဲ့ မြန်မာဖိုက်တာမလေး သက်ထားစံနဲ့ထိုးဖို့ ပြိုင်ဘက် ရှာနေပြီ

Dawei Watch

November 5, 2024

အပြောမဟုတ်ဘဲ အလုပ်နဲ့သက်သေပြချင်ပါတယ်လို့ မြန်မာကစ်ဘောက်ဆင်မယ်လေး သက်ထားစံ က ပြောလာပါတယ်။ နုဖတ်နေအောင် ချောမောလှပလွန်းတဲ့ သက်ထားစံကို ကစ်ဘောက်ဆင်ထိုးတတ်တယ်လို့ပြောရင် တချို့က မယုံကြည်ကြပါဘူး။ အခုလည်း သူမက အရမ်းကို ချောလွန်းနေတော့ သူမအတွက် ပြိုင်ဘက်ရှာနေပါတယ်ဆိုတာကို မယုံကြည်ကြဘဲ လူကြိုက်များအောင် ပွဲရှာနေတယ်လို့ ထင်ကြပါတယ်။ သက်ထားစံဟာ အသက် ၂၆ နှစ်အရွယ် ရှိနေပါပြီ။ အရပ်က ၅ ပေ ၂ လက်မ ပါ။ ၅၁ ကီလိုဝိတ်တန်းမှာ သူမ ထိုးမှာဖြစ်ပါတယ်။ စိန်ခေါ်ပွဲကို ကစ်ဘောက်ဆင်နည်းနဲ့ပဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်နေ့ရောက်ရင် ကျင်းပမယ့် 3MA Amateur 6 ပြိုင်ပွဲမှာ သက်ထားစံရဲ့ ပွဲစဉ်ကို ထည့်သွင်းထားတာပါ။ ဒါပေမဲ့ လက်ရှိအချိန်ထိ သက်ထားစံနဲ့ယှဉ်မယ့်ပြိုင်ဘက် ပေါ်ထွက်မလာသေးပါဘူး။

ယူ-၁၇ အမျိုးသမီး ကမ္ဘာ့ဖလားမှာ မြောက်ကိုရီးယား ခြေစွာနေပြန်ပြီ

Dawei Watch

October 26, 2024

ဒိုမီနီကန် ရီပတ်ဘလစ်နိုင်ငံမှာ ကျင်းပနေတဲ့ ယူ-၁၇ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မြောက်ကိုရီးယား ယူ-၁၇ အမျိုးသမီးအသင်းက အုပ်စုဗိုလ်နေရာကို ရယူပြီး နောက်တစ်ဆင့်ဆီ တက်သွားခဲ့ပါပြီ။ မြောက်ကိုရီးယား ယူ-၁၇ အမျိုးသမီးဘောလုံးအသင်းဟာ အုပ်စုအဆင့်မှာ မက္ကဆီကို,ကို လေးဂိုး တစ်ဂိုး၊ ကင်ညာကို သုံးဂိုး ဂိုးမရှိ၊ အင်္ဂလန်ကို လေးဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး အုပ်စုဗိုလ်နေရာကို ရယူခဲ့တာပါ။ ကွာတားဖိုင်နယ်မှာ မြောက်ကိုရီးယား ယူ-၁၇ အမျိုးသမီးအသင်း ရင်ဆိုင်ရမယ့်ပြိုင်ဘက်က ပိုလန် ဖြစ်ပါတယ်။ တခြား ကွာတားဖိုင်နယ်ပွဲစဉ် ၃ ပွဲမှာ ဂျပန်နဲ့ အင်္ဂလန်၊ စပိန်နဲ့ အီကွေဒေါ၊ နိုင်ဂျီးရီးယားနဲ့ အမေရိကန်တို့ ဆုံတွေ့နေပါတယ်။ မြောက်ကိုရီးယား ယူ-၁၇ အမျိုးသမီးဘောလုံးအသင်းဟာ ကွာတားဖိုင်နယ်မှာ ပိုလန်ကို အနိုင်ယူကျော်ဖြတ်နိုင်ခဲ့ရင် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် နိုင်ဂျီးရီးယားနဲ့ […]

ကမ္ဘာတစ်ဝန်းဆီက အသိအမှတ်ပြုမှုကို ရရှိခဲ့တဲ့ Miss Grand ဟေတီ

Dawei Watch

October 24, 2024

မြန်မာပရိသတ်တွေအကြားမှာ အရမ်းပဲ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတဲ့ Miss Grand International ပြိုင်ပွဲမှာ ကမ္ဘာတစ်ဝန်းဆီက အသိအမှတ်ပြုမှုကို ရရှိသွားခဲ့တဲ့ အလှမယ်တစ်ယောက် ထွက်ပေါ်လာခဲ့ပါတယ်၊ အဲ့ဒီအလှမယ်ကတော့ Miss Grand ဟေတီ ရှိုင်ကာ လော်ဗင်းဂျီ ကာဒက် ပါပဲ။ မြန်မာနိုင်ငံဆီက အမှန်တရားကို လိုလားတဲ့၊ စစ်ကို ရွံမုန်းတဲ့၊ တရားမျှတမှုကို မြတ်နိုးတဲ့ ပရိသတ်တွေကလည်း ကိုယ့်နိုင်ငံရဲ့ ဖြစ်ပျက်နေမှုတွေကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်အသိပေးသွားခဲ့သူ ဟေတီအလှမယ်ကို အားပေးထောက်ခံခဲ့ကြပါတယ်။ ဟေတီအလှမယ်ကလည်း ဒီအလှမယ်ရွေးပွဲကို သူမ ရောက်လာရတာဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်နိုင်ငံသားတွေ ဘယ်လိုဖြစ်ပျက်နေတယ်၊ ဘယ်လိုတွေရင်ဆိုင်နေရတယ်ဆိုတာ ကမ္ဘာက သိသွားစေချင်တာကြောင့်ပဲဖြစ်တယ်။ ဆုမရခဲ့ရင်လည်း ဟေတီ ဘာဖြစ်နေတယ်ဆိုတာကို သူမ တတ်နိုင်တဲ့နည်းလမ်းတစ်ခုနဲ့ ကမ္ဘာကသိအောင် လုပ်ပေးနိုင်ခဲ့လို့ ကျေနပ်ပါတယ် လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

The Sheronies of Tavoy – ထားဝယ်နှင်းဆီ [အခန်း (၁၉) ဇာတ်သိမ်း]

Dawei Watch

August 10, 2024

ထားဝယ်ဒေသမှ လွတ်မြောက်ရေး ခရီးရှည်တက်ပွဲ။ အင်အား ၇၀၀ ကျော်ပါ လူတန်းရှည်ကြီး။ စစ်တပ်က တောက်လျှောက် လိုက်လံပိတ်ဆို့သည်။ နီနီရိန်က ဘာဘိုင်သေနတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်ရင်း သူ့နောက်မှ လူအုပ်ကြီးကို တစ်ချက် ကြည့်လိုက်သည်။

The Sheronies of Tavoy – ထားဝယ်နှင်းဆီ [အခန်း (၁၈)]

Dawei Watch

August 8, 2024

“ဪ . . . တပ်မတော်ကို ရဲရဲတောက်ခံပစ်နေတာ . . . အမေရိကန်ပြန် ဗိုလ်ကြီးပဲ” ဗိုလ်မှူးဘစိန်က မသတ်ဘဲ အခွင့်အရေး တစ်ခုပေးသည်။ ဗိုလ်ယူစိန် ဘယ်ရောက်သွားလဲ။ ကြည်ကြည်ဆွေ တစ်ခုခုပြောမည်ဆိုသဖြင့် ဗိုလ်မှူးဘစိန် ဒူးထောက်ရင်း အနားကပ်သွားလိုက်သည်။ ထိုမှသည် မထင်မှတ်သည့် အဖြစ်အပျက်များ။

The Sheronies of Tavoy – ထားဝယ်နှင်းဆီ [အခန်း (၁၇)]

Dawei Watch

August 6, 2024

စစ်တပ်နှင့် တွေ့ချိန် ကိုယ်ဝန်ကြီးနှင့် မဟို။ အရေးပေါ် ခွဲစိတ် ကလေးမွေးခြင်းကို ကြည်ကြည် အသုံးချလိုက်သည်။ သို့သော်။ မိုးကြည်ကား နီနီရိန်ကို ခေါ်လျက် လွတ်ရာ ခေါင်းရှိရာသို့ ပြေးဆင်းသွားသည်။ ကျန်သူများကိုလား . . . ။