ညင်းမော်ရွာသူတစ်ဦး ပစ်သတ်ခံရပြီး အလောင်းစွန့်ပစ်ခံရ
diz_admin
November 24, 2022နိုဝင်ဘာလ ၂၃ရက် ညနေက ပျောက်ဆုံးနေသည့် လောင်းလုံးမြို့နယ် ညင်းမော်ရွာသူကို ယနေ့ နိုဝင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် ပစ်သတ်ခံထားရသည့်ဒဏ်ရာဖြင့် အလောင်းလာရောက် စွန့်ပစ်ထားကြောင်း ဒေသခံများက ပြောသည်။ သေဆုံးသူမှာ အသက် ၆၁ နှစ်အရွယ်ရှိ ညင်းမော်ရွာသူ ဒေါ်မေသက်ရီ ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ၎င်းမှာ ညနေ ၃နာရီက ခြံထဲသွားရာမှ ပြန်မလာသဖြင့် မိသားစုဝင်များက လိုက်လံရှာဖွေရာ မတွေ့ရှိရဘဲ ယနေ့ နံနက်ပိုင်းမှ ရွာအရှေ့ဘက် လမ်းဘေးတွင် ရုပ်အလောင်းအား လာရောက်စွန့်ပစ်ထားသည်ကို တွေ့ရှိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သေနတ်ဒဏ်ရာက ဦးခေါင်းမှာ နှစ်ချက်တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။ သေဆုံးသူ၏ မောင်ဖြစ်သူမှာလည်း ယခုနှစ် ဧပြီလ ၄ ရက်နေ့က ညင်းမော်ရွာနှင့် […]