BREAKING
September 19, 2024

အမျိုးသမီး/လူငယ်

မှုန်ရီဆိုင်းတဲ့ တိုင်းမြန်မာထဲ နှလုံးသားနဲ့ရင်းပြီး ရင်ကွဲခဲ့ရသူ သီပေါဟော်နန်းရဲ့နောက်ဆုံးမဟာဒေဝီ အပိုင်း(၁)

diz_admin

February 9, 2023

Twilight Over Burma(My Life as a Shan Princess) ဆိုတဲ့ စကားလုံးကို စာပေနယ်ပယ်နဲ့ ရင်းနှီးသူတွေ ထိတွေ့ဖူးပြီးသား ဖြစ်နေနိုင်ပါတယ်။ တကယ့်ဘဝမှန်၊ တကယ့်ဖြစ်ရပ်မှန်ကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားခဲ့ရသူ အင်းဂ် အီဘာဟတ်ဒ် ကိုယ်တိုင် ရေးသားတင်ဆက်ခဲ့တဲ့ စာအုပ်ပါ။ ဒီစာအုပ်ဟာ မြန်မာနိုင်ငံရဲ့ပျောက်ဆုံးနေသော သမိုင်းတစ်စကို မီးမောင်းထိုးပြထားတဲ့စာအုပ်ဆိုရင်လည်း မမှားပါဘူး။ အင်းဂ် အီဘာဟတ်ဒ် ဟာ မီးခိုးတွေနဲ့ ဗလောင်ဆူခဲ့ရသူ မိန်းမသားပါ။ မီးခိုးတွေနဲ့လူဆိုတာ ရင်တစ်ခုလုံး ဗလောင်ဆူပြီးမှ ဖြစ်ခဲ့ရတာမျိုးဆိုတာက ဒီဇာတ်လမ်းပါပဲ။ အမြင့်ဆုံးတစ်နေရာဆီကို တက်လှမ်းရောက်ရှိခဲ့ပြီးတဲ့နောက်မှ သောကကို ရင်ဝယ်ပိုက်ကာ နေရပ်ပြန်ခဲ့ရသူ မိန်းမသားလည်းဖြစ်ပါတယ်။ သူမ ဟာ ဟော်နန်းရဲ့မဟာဒေဝီ ဖြစ်ခဲ့ရသလို သူချစ်ရတဲ့သူကို သေမှန်းမသိ၊ ရှင်မှန်းမသိဘဲ စွန့်လွှတ်ချန်ထားခဲ့ရသူလည်းဖြစ်ပါတယ်။ အခုတော့ သီပေါဟော်နန်းရဲ့နောက်ဆုံးမဟာဒေဝီဖြစ်ခွင့်ရခဲ့သူ […]

ချင်းမိုင်က ၁၃ နှစ်အရွယ်မိန်းကလေးအဓမ္မပြုကျင့်ခံရမှုတွင် မြန်မာလုပ်သားနှစ်ဦးဖမ်းဆီးခံရ

diz_admin

February 4, 2023

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်တွင် အသက် ၁၃နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့်ခံရမှုနှင့် ပတ်သက်၍ မြန်မာအလုပ်သမားနှစ်ဦးကို ဖမ်းဆီးထားကြောင်း ချင်းမိုင်ခရိုင် ချန်းဖုအ်ရဲစခန်းက ဖေဖော်ဝါရီလ ၃ ရက်တွင် ထုတ်ပြန်သည်။ ချင်းမိုင်ခရိုင် ဖန်းဒေသခံ အသက် ၁၃နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသည် အဓမ္မပြုကျင့်ခံရသည်ဟု ရဲစခန်းတွင် ဖေဖော်ဝါရီလ ၂ ရက်က လာရောက်တိုင်ချက်ဖွင့်ခဲ့သည်ဟု ဆိုသည်။ ဖေဖော်ဝါရီလ ၁ ရက် ည ၇ နာရီခန့်တွင် အမည်မသိလူနှစ်ဦးက ၎င်းကို ကားပေါ်သို့ အတင်းဆွဲခေါ်ခဲ့ပြီး ချင်းမိုင်မြို့ ပါတန်းရပ်ကွက်ရှိ မိုတယ်တစ်ခုသို့ ခေါ်သွားခဲ့ကာ အဓမ္မပြုကျင့်ခဲ့သည်ဟု တိုင်တန်းကြောင်း ထုတ်ပြန်ထားသည်။ အဆိုပါမိန်းကလေးသည် စတိုးဆိုင်မှပြန်လာစဉ်တွင် အမည်မသိသော်လည်း ယခင်ကတွေ့ဖူးသည် ဦးလေးအရွယ် အမျိုးသားတစ်ဦးက ခေါ်ခဲ့သဖြင့် လူငါးဦး သောက်စားနေသောနေရာတွင် ၁၀ […]

ကျားထက်ဆိုးသည့် ရှင်ကြီးများလက်ထဲက ထိုင်းရောက်မြန်မာအမျိုးသမီးများ

Ba Maung

January 25, 2023

“ကျွန်မကို အိမ်ပြန်ပို့ရင် ကိုယ့်ကိုကိုယ် သတ်သေမယ်” လို့ပြောတဲ့ ပန်းနုရဲ့စကားကြောင့် သူ့ကိုကူညီနေကြတဲ့သူတွေ ဆွံ့အသွားခဲ့ရပါတယ်။ အသက် ၁၅ နှစ်အရွယ်ပန်းနုဟာ မြန်မာနိုင်ငံ တောင်ဘက်ပိုင်း ထားဝယ်ကနေ သူ့အမရှိတဲ့ ထိုင်းဘက်ကမ်းကို တရားမဝင် ကူးလာခဲ့တဲ့သူတစ်ယောက်ပါ။ ထိုင်းနိုင်ငံကို သူ့ထက်အရင် ကြိုရောက်နေတဲ့ သူ့အမရဲ့ ကလေးတွေကို ကူထိန်းပေးဖို့ ထိုင်းဘက်ကမ်းဆီ ကူးလာခဲ့တာလည်း ဖြစ်ပါတယ်။ သူ့အမမိသားစုဟာ ထိုင်းနိုင်ငံ ဖန်ငခရိုင်ထဲက ရာဘာစိုက်ခင်းတွေကြားမှာ ရာဘာခြစ်တဲ့ အလုပ်သမားတွေ ဖြစ်ကြပါတယ်။ ပန်းနုရဲ့အမ၊ အမရဲ့အမျိုးသားအပါအဝင် အလုပ်သမားတွေ ရာဘာခြစ်ဖို့ လုပ်ငန်းခွင်ထဲသွားရချိန်မှာတော့ ပန်းနုဟာ အလုပ်သမားတချို့ကလွဲရင် လူသူအရောက်အပေါက်နည်းတဲ့ ရာဘာတောထဲက အိမ်မှာ တနှစ်အရွယ်ရှိတဲ့ တူမလေးကို ထိန်းဖို့ကျန်နေခဲ့ရပါတယ်။ အဲ့လိုနေထိုင်လာချိန် တညမှာတော့ သူ့အမနဲ့ သူ့ခဲအို အပါအဝင် အလုပ်သမားတွေ ရာဘာခြစ်သွားနေကြချိန်မှာ သူ့ရဲ့ခဲအိုဟာ […]

မီးလျှံကြားကနေ ပွင့်လာခဲ့တဲ့ ပန်းတစ်ပွင့် (သို့မဟုတ်) တင်းနစ်နတ်သမီး ရှာရာပိုဗာ

diz_admin

January 25, 2023

ဒီတစ်ပတ်မှာတော့ Dawei Watch ရဲ့အမျိုးသမီးကဏ္ဍမှာ တင်ဆက်ဖို့အတွက် ရွေးချယ်လိုက်တဲ့သူက တင်းနစ်မယ် ရှာရာပိုဗာ ပဲ ဖြစ်ပါတယ်။ သာမန်အနေနဲ့ ကြည့်လိုက်ရင် ရှာရာပိုဗာက ဒီနေ့ ဒီအချိန်မှာ အမေရိကန်ဒေါ်လာ သန်းရာချီ ကြွယ်ဝချမ်းသာသူ အမျိုးသမီးတစ်ယောက် ဖြစ်လို့နေပါပြီ။ ဒါပေမဲ့ ဒီဘဝကို ရောက်ရှိဖို့ ရှာရာပိုဗာ ဖြတ်သန်းလာခဲ့ရတဲ့လမ်းက ကြမ်းတမ်းလွန်းခြင်းမက ကြမ်းတမ်းလွန်းလှပါတယ်။ ချာနိုဘိုင်း နျူကလီးယားစက်ရုံ ပေါက်ကွဲမှုဖြစ်စဉ်ကြောင့် တစ်မိသားစုလုံး နေရပ်စွန့်ခွာ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဘဝကနေ ရှာရာပိုဗာရဲ့ဘဝက သုညကနေ စခဲ့ရတာပါ။ တင်းနစ်မယ်ဖြစ်ဖို့အရေး အမေက ပတ်စ်ပို့ မရရှိလို့ နေရပ်မှာ ကျန်ခဲ့ရပြီး သားအဖနှစ်ယောက်တည်း အမေရိကန်ပြည်ထောင်စုဆီကို အမေရိကန်ဒေါ်လာ ၇၀၀ တည်းနဲ့ သွားခဲ့ရတဲ့ဘဝကနေ အစပြုခဲ့ရတာပါ။ ဒီကြားထဲမှာ ရှာရာပိုဗာတစ်ယောက် တင်းနစ်သင်တန်းကျောင်း တက်နိုင်စေဖို့အတွက် […]

ပင်ပန်းဆင်းရဲမှုကြားက ပရဟိတစာသင်ကြားမှု လုပ်နေတဲ့ ထိုင်းရောက် CDM ဆရာမ

diz_admin

January 20, 2023

ထိုင်းမှာရောက်နေတဲ့ CDM ဆရာမတွေဟာ သစ်လုပ်ငန်းတွေ၊ စက်ရုံတွေလို ကြမ်းတမ်းတဲ့ လုပ်ငန်းခွင်တွေမှာ ဝင်ငွေတစ်ခုအတွက် လုပ်ကိုင်နေရပေမဲ့ ကိုယ်ပိုင်နားချိန်မှာ မြန်မာကလေးတွေ အနာဂတ်အတွက် အခမဲ့စာသင်ကြားတဲ့ အလုပ်ကို စွမ်းစွမ်းတမံလုပ်နေကြပါတယ်။ သူတို့ ဘယ်လိုအခက်အခဲတွေကြုံနေရလဲ။ သူတို့ယုံကြည်ချက်က ဘာလဲဆိုတာကိုတင်ဆက်ပေးလိုက်ပါတယ်။

ထိုင်းတွင် ကလေးငယ်ချီထားသော မြန်မာမိခင်တစ်ဦး စတိုးဆိုင်ထဲ စားစရာ ဝင်ခိုးမိသဖြင့် ဖမ်းဆီးခံရ

diz_admin

January 16, 2023

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် အသက် တစ်နှစ်အရွယ် ကလေးငယ်ကိုချီထားသော မြန်မာအမျိုးသမီးမိခင်တစ်ဦးသည် 7-Eleven စတိုးဆိုင်ထဲ ဝင်ရောက်ခိုးယူမိသဖြင့် ဖမ်ဆီးခံရကြောင်း စတ်တဟစ်ရဲစခန်းက ဇန်နဝါရီလ ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။ ဇန်နဝါရီလ ၁၃ ရက် ည ၁၀ နာရီခွဲခန့်တွင် စတ်တဟစ်ဒေသရှိ 7-Eleven စတိုးဆိုင်၌ မြန်မာမိခင်တစ်ဦးသည် ကလေးအနှီးခံ ၂ ထုပ်နှင့် မာမားခေါက်ဆွဲဘူး ၂ ဘူးတို့ကို ဝင်ရောက်ခိုးယူခဲ့ခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အသက် ၂၆နှစ်အရွယ် အဆိုပါအမျိုးသမီးသည် ၁၇၃ ဘတ်တန်ဖိုးရှိသော အဆိုပါပစ္စည်းကို ၎င်းနှင့် အတူပါလာသော အစိမ်းရောင်အိတ်ထဲသို့ ထည့်ကာ ခိုးယူရန်ကြိုးစားခဲ့သည်ဟု ဆိုသည်။ ခိုးယူမှုကို ဆိုင်ဝန်ထမ်းများက သိရှိသွားခဲ့ပြီးနောက် ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ပြီး စတ်တဟစ်ရဲစခန်းသို့ ခေါ်ယူစစ်ဆေးမေးမြန်းခဲ့ကြောင်း သတင်းများတွင် ရေးသားသည်။ […]