BREAKING
September 19, 2024

အမျိုးသမီး/လူငယ်

မင်းထိန်ရွာက အမျိုးသမီးခြောက်ဦး ပြန်လွတ်လာ

diz_admin

March 24, 2023

မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မင်းထိန်ကျေးရွာက ဖမ်းဆီးခေါ်ဆောင်ခံရသည့် ဒေသခံ ၁၀ဦးအနက် အမျိုးသမီခြောက်ဦး ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံများထံမှ သိရသည်။ မတ်လ ၁၉ ရက်က မင်းထိန်ကျေးရွာသို့ စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်ခဲ့ပြီးနောက် အမျိုးသမီး ခြောက်ဦးနှင့် အမျိုးသား လေးဦးအား ဖမ်းဆီးကာ ပုလောမြို့ရှိ တပ်ရင်းသို့ ခေါ်ဆောင်စစ်ဆေးခဲ့ကြောင်း ၎င်းတို့က ပြောသည်။ စစ်ဆေးခံရပြီးနောက် မတ်လ ၂၂ ရက်တွင် အမျိုးသမီးတစ်ဦး၊၂၃ ရက်တွင် သုံးဦးနှင့် ယနေ့ မတ်လ ၂၄ရက်တွင်နှစ်ဦး ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံတို့က ဆိုသည်။ အမျိုးသား လေးဦးကိုမူ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။ “ဘာအကြောင်းကြောင့်နဲ့ ဖမ်းပြီး ဘယ်လိုပုံစံနဲ့ ပြန်လွတ်လာတယ်ဆိုတာ သေချာမသိရသေးဘူး” ဟု မင်းထိန်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မင်းထိန်ကျေးရွာအနီးရှိ ပဝတ်ကုန်း၊ ပဝတ်ဖျား၊ […]

ကင်ဆာရောဂါကို အနိုင်တိုက်ပြီး ဘဝကို အရှုံးမပေးခဲ့သူ တင်းနစ်မယ်ကြီး

diz_admin

March 23, 2023

သူ့နာမည်က မာတီနာ နတ်ဗ်ရာတီလိုဗာ။ တင်းနစ်လောကရဲ့ဂန္ထဝင် တင်းနစ်မယ်ကြီး။ လက်ရှိမှာ အသက်က ၆၆ နှစ်အရွယ် ရှိနေပါပြီ။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက နတ်ဗ်ရာတီလိုဗာ ဟာ သူ့မှာ ကင်ဆာနှစ်ခု ရှိနေပြီဆိုတာကို ဆေးစစ်ချက်အဖြေတွေအရ သိလိုက်ရပါတယ်။ ဖြစ်နေတာက ရင်သားကင်ဆာနဲ့ လည်ချောင်းကင်ဆာ။ ဂရင်းဆလင်း ချန်ပီယံဆုပေါင်း ၅၉ ခုအထိ ရရှိခဲ့ဖူးတဲ့ ဂန္ထဝင်တင်းနစ်မယ်ကြီး နတ်ဗ်ရာတီလိုဗာ ဟာ အဲ့ဒီလို သိလိုက်ရချိန်မှာ စိတ်ဓာတ်တွေ ဗုန်းဗုန်းပြိုလဲသွားတဲ့အထိ ဖြစ်သွားခဲ့ပါသေးတယ်။ သူမဟာ သေလူဖြစ်သွားပြီလို့ စိတ်ထဲထင်မှတ်လိုက်မိတယ်လို့တောင် နက်ဗ်ရာတီလိုဗာက ထုတ်ဖော်ဝန်ခံခဲ့သေးတာပါ။ အသက် ၆၆ နှစ်အရွယ်မှာ ကင်ဆာရောဂါကို ရင်ဆိုင်ရပြီဆိုရင် တော်ရုံလူက သွေးပျက်သွားပါလိမ့်မယ်။ အခုတော့ ကင်ဆာနှစ်ခုလုံးကို အနိုင်တိုက်ခိုက်ပြီး နက်ဗ်ရာတီလိုဗာ က အားလုံးရဲ့ရှေ့မှောက်ဆီကို ကျန်းမာမှုအပြည့်နဲ့ ပြန်လည်ရောက်ရှိလို့လာခဲ့ပါပြီ။ […]

မြိတ်တွင် မွေးကင်းစကလေး စွန့်ပစ်ခံရ

diz_admin

March 16, 2023

မြိတ်မြို့ မြိတ်တောင်နယ်မြေတွင် မတ်လ ၁၅ ရက်ညက မွေးကင်းစကလေးတစ်ဦးကို လာရောက်စွန့်ပစ်ထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မြိတ်တောင်နယ်မြေ ဇေယျာသီရိ ၂ ရပ်ကွက်ရှိ အမှတ် ၆ အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် မွေးကင်းစကလေးတစ်ဦးကို ညကိုးနာရီခွဲခန့်က လာရောက်စွန့်ပစ်ထားကြောင်း အဆိုပါကျောင်းအနီးနေထိုင် သူအချို့က ပြောသည်။ “ချက်ကြိုးတောင်မဖြတ်သေးဘူး။ လာပစ်သွားတာ။ ကလေးက အသက်ရှင်တုန်းပဲသေး” ဟု ကျောင်းအနီးနေထိုင်သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။ အဆိုပါ စွန့်ပစ်ခံထားရသည့် ကလေးငယ်မှာ မိန်းကလေးဖြစ်ပြီး အနီးအနားတွင် သွေးစွန်း‌နေသည့်စာတစ်စောင်လည်း တွေ့ရကြောင်း ၎င်းက ပြောသည်။ အဆိုပါစာတွင် ‘ဘယ်သူ့ပဲတွေ့တွေ့ ပိုင်စိုးကို ပေးပေးပါ’ ဟု ရေးသားထားကြောင်း ကျောင်းအနီးနေထိုင်သူအချို့က ဆိုသည်။ လက်ရှိတွင် စွန့်ပစ်ခံထားရသည့်ကလေးအား ဆေးရုံတင်ပို့ထားပြီး မွေးစားလိုသူများလည်း ရှိနေကြောင်း ကျောင်းအနီးနေထိုင်သူများက ပြောသည်။ မြိတ်မြို့ရှိ […]

ထိုင်းတွင် ရက် ၂၀ကျော်ပျောက်ဆုံးနေသော ရှစ်လသား ကလေးငယ်ကို စွန့်ပစ်ခဲ့ကြောင်း မိခင်ဖြစ်သူဝန်ခံဟုဆို

diz_admin

February 27, 2023

ထိုင်းနိုင်ငံတွင် ရက် ၂၀ကျော်ကြာ ပျောက်ဆုံးနေသည့် အသက်ရှစ်လအရွယ် ကလေးငယ်ကို စွန့်ပစ်ခဲ့ခြင်းဖြစ်သည် ဟု မိခင်ဖြစ်သူကဝန်ခံကြောင်း ရဲတပ်ဖွဲ့၏ပြောဆိုချက်ကို ကိုးကားကာ ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နခွန်ပထုန်ခရိုင် ဘန့်လေးဒေသတွင် အဆိုပါကလေးငယ် ပျောက်ဆုံးနေသဖြင့် ရက်ပေါင်း ၂၀ကျော်ကြာ ရှာဖွေနေကြခြင်းဖြစ်သည်။ မိခင်ဖြစ်သူက ဖေဖော်ဝါရီလ ၂၇ ရက် ညပိုင်းတွင် ဝန်ခံခြင်းဖြစ်ပြီး စွန့်ပစ်ခဲ့သည်ဆိုသည့် မြစ်ထဲတွင် အာဏာပိုင်များ၊ ကယ်ဆယ်ရေးအဖွဲ့အစည်းများက ဆက်လက်ရှာဖွေနေကြောင်း ဖော်ပြသည်။ မိခင်ဖြစ်သူမှာ အသက် ၁၇ နှစ်အရွယ်သာရှိသေးသည်ဟု ဆိုသည်။ ကလေးငယ်မှာ ဖေဖော်ဝါရီ ၅ရက် နံနက် ၃နာရီခန့်တွင် အဖျားကြီးပြီး အငိုမရပ်သဖြင့် မိခင်ဖြစ်သူက ချီလိုက်ရာ ရုတ်တရက် ချော်ကျကာ အောက်သို့ပြုတ်ကျသွားသည်ဟု ရဲတပ်ဖွဲ့ထံထွက်ဆိုကြောင်း သတင်းများတွင် ရေးသားထားသည်။ ကလေးငယ်မှာ အချိန်အနည်းငယ်အတွင်း တက်လာခဲ့ပြီး […]

ကိုယ်ခန္ဓာ ၈၅ ရာခိုင်နှုန်း မသန်စွမ်းပေမယ့် စီရော်နယ်ဒိုနဲ့ မက်ဆီ ပုံတူပန်းချီကားတွေ ရေးဆွဲရင်း နာမည်ကျော်ခဲ့တဲ့ အီရန်နိုင်ငံသူ ဖာတီမီ

diz_admin

February 23, 2023

သူမရဲ့နာမည်က ဖာတီမီ ဟာမာမီ ဖြစ်ပါတယ်။ အီရန်နိုင်ငံသူ ပန်းချီအနုပညာရှင်တစ်ယောက်ပါ။ သူမ ခုံမင်ဖက်တွယ်တာက ပန်းချီရေးဆွဲမှုပါပဲ။ ပန်းချီရေးဆွဲနေရတာဟာ သူမအတွက် ဘဝနာကျင်မှုတွေကို သက်သာရာရစေတယ်လို့ ဖာတီမီက ခံယူထားပါတယ်။ ဖာတီမီ ဆီမှာ ဘာကြောင့် ဘဝနာကျင်မှုတွေ ရှိနေရသလဲဆိုတော့ ခန္ဓာကိုယ်ချို့ယွင်းချက်တွေကြောင့်ပါပဲ။ သူမ ကိုယ်ခန္ဓာရဲ့ ၈၅ ရာခိုင်နှုန်းဟာ လုံးဝကို မသန်စွမ်းတဲ့အနေအထားဖြစ်နေခဲ့တာပါ။ ဒါပေမဲ့ ဖာတီမီ ဟာ ဘဝကို လုံးဝအရှုံးမပေးခဲ့ပါဘူး။ သူမ ချစ်မြတ်နိုးတဲ့ အနုပညာကို ဖက်တွယ်ရင်း အကောင်းဆုံး ရှင်သန်ရပ်တည်နေဆဲပဲဖြစ်ပါတယ်။ ဖာတီမီ ဟာ သူမရဲ့ခြေချောင်းလေးတွေကို အသုံးပြုပြီး ပန်းချီကား ရေးဆွဲတာပါ။ ရေးဆွဲတဲ့ပန်းချီကားတွေက အသက်ဝင်လွန်းလှတာကြောင့်လည်း ဖာတီမီက နာမည်ကျော်ကြားနေပါတယ်။ အထူးသဖြင့် သူမကို လူသိများသွားစေခဲ့တာက စီရော်နယ်ဒိုနဲ့ မက်ဆီ ပန်းချီကားတွေပါပဲ။ ဒီလို […]

မှုန်ရီဆိုင်းတဲ့ တိုင်းမြန်မာထဲ နှလုံးသားနဲ့ရင်းပြီး ရင်ကွဲခဲ့ရသူ သီပေါဟော်နန်းရဲ့နောက်ဆုံးမဟာဒေဝီ အပိုင်း(၂)

diz_admin

February 16, 2023

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ အင်းဂ် အီဘာဟတ်ဒ်တစ်ယောက် စဝ်ကြာဆိုင်နဲ့ လက်ထပ်ပြီးတဲ့နောက် မြန်မာနိုင်ငံဆီကို သင်္ဘောစီးပြီး ဇနီးမောင်နှံ အတူတကွ ရောက်လာတော့မှပဲ သူလက်ထပ်လိုက်သူဟာ သီပေါစော်ဘွားဖြစ်နေတာဆိုတာကို သိလိုက်ရတယ်ဆိုတဲ့နေရာမှာ အဆုံးသတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံဆီရောက်တော့ သူရဲ့ခင်ပွန်းက သီပေါစော်ဘွားဖြစ်နေတဲ့အတွက် အင်းဂ် အီဘာဟတ်ဒ်ဟာ ချက်ချင်းဆိုသလိုပဲ မဟာဒေဝီ ဖြစ်သွားခဲ့ပါတယ်။ သီပေါဟော်နန်း မဟော်ဒေဝီအဖြစ် အစပြုချိန်မှာ အင်းဂ် အီဘာဟတ်ဒ်အတွက် အစစအရာရာ ပျော်စရာအတိပါပဲ။ သူတို့ဇနီးမောင်နှံကို အရှေ့တောင်အာရှတစ်ခွင်မှာ ပြည်သူချစ်တဲ့ အုပ်ချုပ်သူများလို့ အမည်မှည့်ခေါ်ခံရတဲ့အထိကို အရှိန်အဝါကြီးခဲ့ပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီး နေဝင်း ဦးဆောင်တဲ့ မြန်မာစစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၁၉၆၂ ခုနှစ် ဖြစ်စဉ်အပြီးမှာတော့ အင်းဂ် အီဘာဟတ်ဒ်ရဲ့ဘဝက မှောင်အတိကျခဲ့ရပါတော့တယ်။ ခင်ပွန်းသည်က ဖမ်းဆီးထိန်းသိမ်းခံရပြီး အကျဉ်းထောင်ထဲမှာ အသက်ဆုံးပါးသွားခဲ့ရသလို သူမနဲ့ လူမမယ်အရွယ် သမီးငယ်လေး […]