BREAKING
September 19, 2024

အမျိုးသမီး/လူငယ်

ကျိုက်ထိုတွင် မြေမြှုပ်မိုင်းနင်းမိပြီး ကလေးတစ်ဦးသေဆုံး

Dawei Watch

July 18, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်မှုနယ်မြေအတွင်း မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ခရွဲကျေးရွာအုပ်စု၊ ဝါးဒတ်ကွင်းကျေးရွာနေ အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးမှာ ဇူလိုင်လ ၁၃ ရက်နေ့က မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ “ကလေးက နွားကျောင်းရင်းနဲ့ မိုင်းနင်းမိပြီး သေဆုံးသွားတယ်။ ဒီဒေသမှာ တိုက်ပွဲတွေလည်းဖြစ်၊ လက်နက်ကြီးနဲ့ ပစ်၊ အခုဆို မိုင်းနင်းမိမှာလည်း ကြောက်နေရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။   မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားကြောင်း ၎င်းက ပြောဆိုသည်။ စစ်ကောင်စီတပ်မ (၄၄) လက်အောက်ခံ ခမရ (၂၀၇) တပ်ရင်း ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးခြင်းဖြစ်ကြောင်း […]

သေမင်းတံခါးဝ တွန်းပို့ခံနေရတဲ့ ကလေးတွေ

Dawei Watch

July 18, 2023

အိမ်နီးချင်းတွေ ဖျားနေပြီဆို ဒေါ်အေးခေါင်းမီးတောက်ရပြီ။ သွေးလွန်တုပ်ကွေးကြောင့်များလားပေါ့။ “ဟဲ့…နင်တို့အိမ်က ကလေးတွေဖျားနေကြတယ်ဆို သွေးလွန်တုပ်ကွေးလား” ဒီလိုလိုက်မေးဖန်များလို့ ‌မျက်မုန်းကျိုးမယ်ဆိုလည်း ကျိုးလောက်ပါရဲ့။ လောင်းလုံးမြို့နယ်က ဒေါ်အေးတို့ရွာမှာ သွေးလွန်တုပ်ကွေးဖြစ်လို့ ဆေးရုံတင်ရတဲ့ကလေး ဇွန်လ တစ်လထဲကို ၂၀ ကျော်နေပြီ။ သွေးလွန်တုပ်ကွေးဆိုတာကလည်း သိတဲ့အတိုင်း တစ်ယောက်ဖြစ်ရင် ပတ်ဝန်းကျင်ကပါလူတွေကူးကုန်တာ။  ခြင်ကပေါပါဘိနဲ့။ မိုးရာသီမဟုတ်လား။ နွေရာသီကတည်းက ခေါင်းထောင်လာတဲ့ သွေးလွန်တုပ်ကွေးက မိုးရာသီရောက်လာတော့ ထိန်းမနိုင်တဲ့အခြေအနေ ရောက်နေပေပြီ။ “အခုက ကလေးတွေ ဖျားလိုက်တာကလည်း ပြောမနေနဲ့။ ဖျားလိုက်ရင်လည်း သွေးလွန်တုပ်ကွေးဆိုတာချည်းပဲ” လို့ ဒေါ်အေးကဆိုပါတယ်။ သွေးလွန်တုပ်ကွေးဖြစ်နေကြတာ ဒေါ်အေးတို့တစ်ရွာတည်းတော့မဟုတ်။ ထားဝယ်ခရိုင်က ကျေးရွာတိုင်းလိုလိုမှာဖြစ်နေကြတာပါ။ လက်ရှိထားဝယ်ဆေးရုံမှာ သွေးလွန်တုပ်ကွေး ကလေးလူနာ တစ်ရာဝန်းကျင်လောက်ကုသနေရတယ်လို့ ဇမ္ဗူသီရိအဖွဲ့ဥက္ကဌ ဦးနိုင်မျိုးသွင်ကဆိုပါတယ်။ ထားဝယ်ခရိုင်ထဲ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုဟာလည်း အရမ်းများပြားနေတယ်လို့  ဦးနိုင်မျိုးသွင်ကဆိုပါတယ်။ “အရင်တုန်းကဒီလိုမျိူး တစ်ခါမှကိုမကြားဖူးဘူး။ အရင်ကလည်း […]

တာလီဘန်တွေကြောင့် ထွက်ပြေးခဲ့ရပြီး ဘောလုံးသမားနဲ့ ဆရာဝန်ဖြစ်အောင် ကြိုးစားခဲ့သူ ဘောလုံးမယ်

Dawei Watch

July 13, 2023

သုံးရောင်ခြယ်ဘဝလို့ ဆိုရမလားပါပဲ။ တစ်ချိန်က ဒုက္ခသည်ပြည်ပြေး၊ အဲ့ဒီနောက်မှာ ဘောလုံးသမား၊ ဘောလုံးသမားဘဝနဲ့တွဲဖက်လို့ ပညာထူးချွန်ပြီး ဆရာဝန်ဖြစ်လာခဲ့လို့ သူမကို သုံးရောင်ခြယ်ဘဝလို့ တင်စားရတာပါ။ သူမရဲ့အမည်က နာဒီးယား နာဒင်းမ် ဖြစ်ပါတယ်။ နာဒီးယားရဲ့ဘဝဟာ မြင့်ချည်တစ်ခါ နိမ့်ချည်တစ်လှည့်နဲ့ ဖြတ်သန်းခဲ့ရတာပါ။ အာဖဂန်အမျိုးသားတပ်မတော် ဗိုလ်ချုပ်ရဲ့သမီး၊ အာဖဂန်နာမည်ကြီး အဆိုတော် အာယာနာ ဆယိဒ်ရဲ့တူမ အဖြစ် နာဒီးယာက ဘဝကို စတင်ခွင့်ရခဲ့ပေမယ့် သူ့ရဲ့ဖခင်ကို တာလီဘန်တွေက သတ်လိုက်အပြီးမှာတော့ နာဒီးယာရဲ့ဘဝက လုံးဝကို ပြောင်းလဲသွားခဲ့ရပါတော့တယ်။ အမြင့်ကဘဝဟာ နေ့ချင်းညချင်းဆိုသလိုပဲ အနိမ့်ဆီ ရောက်သွားခဲ့ရတော့တာပါ။ ဖခင်ဖြစ်သူ အဖြစ်ဆိုးကြုံလိုက်ရပြီးတဲ့နောက်မှာ နာဒီးယားတို့ မိသားစုက ဒိန်းမတ်ကို ထွက်ပြေးခဲ့ရပါတယ်။ အခုအချိန်မှာတော့ နာဒီးယားဟာ ဒိန်းမတ်လက်ရွေးစင် အမျိုးသမီးဘောလုံးသမားအဖြစ် ထင်ပေါ်နေပြီဖြစ်သလို ဆရာဝန်တစ်ယောက်အဖြစ်နဲ့လည်း အောင်မြင်လို့နေပါပြီ။ ဒီလိုဘဝဆီကိုရောက်အောင် နာဒီးယား […]

နှစ်ရက်ကြာပျောက်ဆုံးနေသည့် သုံးနှစ်အရွယ်သမီးငယ် သေဆုံးလျက် ပြန်တွေ့

Dawei Watch

July 6, 2023

ရေဖြူမြို့နယ် ကံပေါက်ဒေသ သဲချောင်းရွာတွင် နှစ်ရက်အကြာပျောက်ဆုံးနေသည့် သုံးနှစ်အရွယ်သမီးငယ်ကို ယနေ့ ဇူလိုင်လ ၆ ရက် နံနက်ပိုင်းတွင် သေဆုံးလျှက် ပြန်လည်တွေ့ရှိကြောင်း မိခင်ဖြစ်သူ ဒေါ်ဇင်မာသက်က ပြောသည်။ ကလေးငယ်၏ ရုပ်အလောင်းကို ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် လယ်ကွင်းအနီး ရေထဲတွင် တွေ့ရှိရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ရေနစ်သေဆုံးတယ်လို့တော့ ပြောတယ်။ ကျွန်မသမီးကို အခုထိ မတွေ့ရသေးဘူး” ဟု မိခင်ဖြစ်သူက ပြောဆိုသည်။ ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲပိုင်းက မိခင်ဖြစ်သူ နွားရှာသွားစဉ် သမီးငယ်ကို နေအိမ်တွင် ဖုန်းဖြင့်ထားရစ်ခဲ့ပြီးနောက် အိမ်သို့ပြန်ရောက်ချိန် ဖုန်းသာကျန်ရစ်ခဲ့ပြီး ကလေးငယ်မှာ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ကလေးငယ်ကို ဇူလိုင်လ ၄ ရက်နေ့ ညနေပိုင်းကစပြီး ၎င်း၏ဆွေမျိုးသားခြင်းများနှင့် […]

လပေါင်းများစွာပိတ်လှောင် မုဒိမ်းကျင့်ခံရမှုအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာမိန်းကလေ

Dawei Watch

May 11, 2023

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်က ကွေးတီယိုဆိုင်မှာ လုပ်ကိုင်နေတဲ့ အသက် ၁၆ နှစ်အရွယ် မြန်မာမိန်းကလေးကို ထိုင်းအလုပ်ရှင်က မုဒိမ်းကျင့်ပြီး ၇လကြာ ပိတ်လှောင်ထားခဲ့ပါတယ်။ ပိတ်လှောင်ထားတဲ့ ကာလမှာလည်း အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြကြပါတယ်။ မြန်မာမိန်းကလေး ထွက်ပြေး လွတ်မြောက်လာပြီးနောက်မှာ အလုပ်ရှင်ကို အရေးယူအပြစ်ပေးနိုင်ဖို့ တရားဥပဒေလမ်းကြောင်းကနေ ခက်ခက်ခဲခဲ ကြိုးပမ်းနေရပါတယ်။

ယူကရိန်းပြည်သူတွေအတွက် ရန်သူကို လုံးဝလက်ဆွဲနှုတ်မဆက်ဘဲ ဥပက္ခာပြုမှုနဲ့ တော်လှန်တိုက်ပွဲဝင်နေသူ တင်းနစ်မယ်

diz_admin

April 7, 2023

ယူကရိန်းကို ရုရှားကနေ ကျူးကျော်စစ် ဆင်နွှဲနေတဲ့အကြောင်းကို အားလုံး သိနေပြီးသားပါ။ ရုရှားရဲ့ကျူးကျော်မှုတွေကို ခေါင်းငုံ့မခံဘဲ တွန်းလှန်နေသူတွေထဲမှာ ကမ္ဘာနဲ့အတူ ယူကရိန်းနိုင်ငံသူ တင်းနစ်မယ်တစ်ယောက်လည်း ပါဝင်လို့နေပါတယ်။ သူမကတော့ မာတာ ကော့စ်ယတ်ခ် ပါပဲ။ ကော့စ်ယတ်ခ်ဟာ ရုရှားတင်မကဘဲ ရုရှားဘက်က အပေါင်းအပါတွေကိုပါ သူမ တတ်နိုင်စွမ်းတဲ့ စည်းဘောင်ထဲကနေ သူမလုပ်နိုင်တဲ့အရာကို လုပ်ပြပြီး ဆန့်ကျင်လို့နေပါတယ်။ ကော့စ်ယတ်ခ် ဟာ အမျိုးသမီးတစ်ယောက်ဖြစ်ပေမယ့် နိုင်ငံချစ်စိတ်ကို ရောက်ရှိရာနေရာကနေ တတ်နိုင်တဲ့ပုံစံနဲ့ ထုတ်ဖော်ပြသပြီး တော်လှန်တိုက်ပွဲကို ဆင်နွှဲနေသူပဲဖြစ်ပါတယ်။ ပြိုင်ဘက်တွေထဲက ရုရှားတင်းနစ်မယ်တွေ၊ ဘီလာရုစ်တင်းနစ်မယ်တွေကို လက်ဆွဲနှုတ်မဆက်ဘဲ ယူကရိန်းနိုင်ငံအပေါ်ကျူးကျော်မှုကို လက်မခံကြောင်း ထုတ်ဖော်ပြသနေတဲ့ ကော့စ်ယတ်ခ်ကို မီဒီယာတွေကလည်း သတင်းတွေ၊ ဆောင်းပါးတွေ ရေးသားဖော်ပြနေပြီပဲဖြစ်ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ စိတ်ခွန်အား ပြင်းပြတဲ့ ကော့စ်ယတ်ခ် ကို Dawei […]