BREAKING
December 22, 2024

အမျိုးသမီး/လူငယ်

တော်လှန်မြေက ပွင့်တဲ့ပန်းတွေ

Dawei Watch

August 24, 2023

စပိန်အမျိုးသမီးအသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်သွားခဲ့ပါတယ်။ ဒါဟာ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ ချန်ပီယံအသင်းသစ်တစ်သင်း ထွက်ပေါ်လာတာပါပဲ။ စပိန်ဘောလုံးလောကအတွက်လည်း ဒါက သမိုင်းမှတ်တိုင်သစ်တစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားနဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ခုလုံးမှာ ချန်ပီယံဖြစ်တဲ့အသင်းဆိုလို့ အခုအချိန်အထိ စပိန် အပါအဝင် နှစ်သင်းတည်းသာ ရှိသေးလို့ပါပဲ။ ဒီနေရာမှာ ထူးခြားလှတဲ့ တိုက်ဆိုင်မှုတစ်ခု ရှိလို့နေပါတယ်။ အဲ့ဒါကတော့ စပိန်အမျိုးသားအသင်းရော အမျိုးသမီးအသင်းရော ကမ္ဘာ့ဖလားဆွတ်ခူးခဲ့ရာမှာ ဘာစီလိုနာကစားသမားတွေက အဓိကကျခဲ့လို့ပါပဲ။ တကယ်တော့ စပိန်တွေအတွက် ကတ်တလန်ဆိုတာ သူပုန်မြေပါ။ အခုတော့ တော်လှန်မြေက ပန်းတွေပွင့်ခဲ့ပါပြီ။ သမိုင်းမှန်ဆိုတာ ဖျောက်ဖျက်ပစ်လို့ မရနိုင်တာကြောင့် စပိန်နဲ့ ကမ္ဘာ့ဖလား ကံစပ်မှုကို ပြောတဲ့အချိန်တိုင်းမှာ ဘာစီလိုနာနဲ့ ကတ်တလန်မြေအကြောင်းကို စပိန်ကွန်ဆာဗေးတစ်တွေ ထည့်ပြောရပါတော့မယ်။ ဒါဟာ အသံတိတ်အောင်ပွဲပါပဲ။ တော်လှန်သူတွေရဲ့အောင်ပွဲဟာ ကမ္ဘာနဲ့ချီပြီး သမိုင်းမှာ ကျန်နေရစ်ခဲ့ပြီပဲဖြစ်ပါတယ်။

ရန်ကုန်ဆေးရုံပို့ရမည့် ကလေးတစ်ဦး အရေးပေါ် အကူအညီလို

Dawei Watch

July 29, 2023

ဝမ်းဗိုက်အတွင်း အကြိတ်များပေါက်နေသည့် အသက် ၁၀ လအရွယ်ကလေးတစ်ဦး ရန်ကုန်ကလေးဆေးရုံးသို့ တင်ပို့ကုသရမည်ဖြစ်ရာ လူနာတင်ယာဥ်ဆီဖိုးနှင့် ဆေးကုသမှုစရိတ် အရေးပေါ်အကူအညီ လိုအပ်နေသည်ဟု ချစ်ကြည်ရေးပရဟိတအသင်း ထံမှသိရသည်။ မြိတ်ဆေးရုံသို့ တက်ရောက်ကုသခဲ့ပြီးနောက် ဆရာဝန်ကြီး၏ ညွန်ကြားချက်အရ ရန်ကုန်ကလေးဆေးရုံသို့ လွှဲပြောင်းကုသမှုခံယူမှသာလျှင် အဆင်ပြေတော့မည် ဖြစ်သည်ဟု ယင်းအသင်းတာဝန်ရှိသူကပြောသည်။ “ကလေးက ဗိုက်မှာမဲပြီးညိုနေပြီ။ အကြိတ်တက်တဲ့ ဒဏ်ရာတွေကြောင့် သူ့မိဘက သာရမဲရွာကပါ။ အရမ်းဆင်းရဲကြတယ်။ လမ်းစရိတ်နဲ့ ဆေးကုသဖို့အတွက် ငွေဆယ်သိန်းကျော်လောက် အရေးပေါ်လိုနေပါတယ်”ဟု တာဝန်ရှိသူကပြောသည်။ ကလေးဆက်လက် အသက်ရှင်သန်ရေးအတွက် Kpay/Wavepay-09422457621 သို့ တတ်အားသရွှေ့ ပါဝင်လှူဒါန်းပေးပါရန် မေတ္တာရပ်ခံကြောင်း ချစ်ကြည်ရေးပရဟိတအသင်းတွင် ရေးသားထားသည်။ ဆက်သွယ်လှူဒါန်းလိုပါကကိုဇော်ဇော်ထွေး  (09428760824)၊ ကိုစိုးကိုကို(09422457621)ကိုစိုးထက်နိုင်             (009252594543)၊ ကိုသူရိန်လွင် (09750281658) တို့နှင့် အသင်းရုံးတည်နေရာ-အမှတ်(98)ဆိက်ကမ်းရုံးလမ်း/ဆိပ်ငယ်ရပ်/မြိတ်မြို့သို့ လှူဒါန်းနိုင်ကြောင်း သိရသည်။

၇ လကြာ ပေါင်ရိုးကျိုးနေသည့် ကလေးအတွက် အရေးပေါ်ကုသစရိတ်လိုအပ်

Dawei Watch

July 29, 2023

ဆော့ကစားရာမှ ပေါင်ရိုးကျိုးသွားသည့် ကလေးငယ်တစ်ဦးမှာ ၇ လခန့်ကြာလာပြီဖြစ်သော်လည်း ကုသနိုင်ခြင်း မရှိသေးဘဲ အရေးပေါ်ခွဲစိတ်ကုသရန် စရိတ်လိုအပ်နေသည်ဟု ကူညီဆောင်ရွက်ပေးနေသူများထံမှ သိရသည်။ ပေါင်ရိုးကျိုးသွားသည့် ကလေးငယ်မှာ အသက် ၁၂ နှစ်အရွယ်ရှိ မောင်လဝန်းအောင် ဖြစ်ပြီး ထားဝယ်မြို့ ဇလွန်းရွာ ၊ဒေါင်းရှောင်လမ်းရှိ စက်ရုံအနီး နေထိုင်သူဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီလက ပေါင်ရိုးကျိုးသွားခြင်းဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ယခုအချိန်အထိ ကုသနိုင်ခြင်းမရှိသေးပေ။ အရိုးကျိုးသွားသည်ကို နှိပ်ခိုင်းလိုက်ရာမှ ရောင်ကိုင်းလာသည့်အတွက် ဇူလိုင်လအတွင်း ထားဝယ်ဆေးရုံသို့ တင်ပို့ရာ ခွဲစိတ်ကုသရန်လိုအပ်ကြောင်း ထားဝယ်တွင် ခွဲစိတ်ရန်အဆင်မပြေကြောင်း ဆေးရုံကပြောလိုက်သည်ဟု ၎င်းကဆိုသည်။ ကျိုးသည့်အရိုးမှာ အသားတွင် စိုက်နေသဖြင့် ဒဏ်ရာမှာ အလွန်ဆိုးရွားနေပြီး ရန်ကုန်သို့ မဖြစ်မနေသွားရောက် ကုသရန် လိုအပ်နေဟု မူလက သိရှိထားသော်လည်း ထပ်မံသိရှိရသည့် အချက်အလက်များအရ ကင်ဆာဖြစ်ပွားနေသည်ကို စစ်ဆေးသိရှိထားရကြောင်း […]

အသက် ၁၆ နှစ်နဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲ ကစားခွင့်ရသွားတဲ့ ကိုရီးယားသူလေး

Dawei Watch

July 18, 2023

လာမယ့် ဇူလိုင်လ ၂၀ ရက်နေ့ကိုရောက်ရင် အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို စတင်ကျင်းပတော့မှာပဲဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ပူးတွဲအိမ်ရှင်တွေအဖြစ် ကျင်းပသွားဖို့ ရှိနေတာက ဩစတြေးလျနဲ့ နယူးဇီလန် တို့ပါပဲ။ ဒီနှစ်ကမ္ဘာ့လားပြိုင်ပွဲကို အာဆီယံကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်ခွင့်ရရှိတာက ဖိလစ်ပိုင် အမျိုးသမီးဘောလုံးအသင်းနဲ့ ဗီယက်နမ်အမျိုးသမီးဘောလုံးအသင်းတို့ပဲဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ မိတ်ဆက်ပေးချင်တာကတော့ တောင်ကိုရီးယားအမျိုးသမီးဘောလုံးအသင်းမှာ ပါဝင်လာမယ့် ကေစီယူဂျင်း ဆိုတဲ့ ဘောလုံးမယ်လေးပါပဲ။ ဘာကြောင့်လဲဆိုတော့ ကေစီယူဂျင်းက အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို အသက် ၁၆ နှစ်အရွယ်မှာတင် ပါဝင်ကစားခွင့်ရတဲ့သူ ဖြစ်နေတာကြောင့်ပဲ ဖြစ်ပါတယ်။

ကျိုက်ထိုတွင် မြေမြှုပ်မိုင်းနင်းမိပြီး ကလေးတစ်ဦးသေဆုံး

Dawei Watch

July 18, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်မှုနယ်မြေအတွင်း မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။ ခရွဲကျေးရွာအုပ်စု၊ ဝါးဒတ်ကွင်းကျေးရွာနေ အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးမှာ ဇူလိုင်လ ၁၃ ရက်နေ့က မိုင်းနင်းမိခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။ “ကလေးက နွားကျောင်းရင်းနဲ့ မိုင်းနင်းမိပြီး သေဆုံးသွားတယ်။ ဒီဒေသမှာ တိုက်ပွဲတွေလည်းဖြစ်၊ လက်နက်ကြီးနဲ့ ပစ်၊ အခုဆို မိုင်းနင်းမိမှာလည်း ကြောက်နေရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။   မိုင်းနင်းမိပေါက်ကွဲမှုကြောင့် ပြင်းထန်ဒဏ်ရာရရှိပြီး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားကြောင်း ၎င်းက ပြောဆိုသည်။ စစ်ကောင်စီတပ်မ (၄၄) လက်အောက်ခံ ခမရ (၂၀၇) တပ်ရင်း ထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိ၍ သေဆုံးခြင်းဖြစ်ကြောင်း […]

သေမင်းတံခါးဝ တွန်းပို့ခံနေရတဲ့ ကလေးတွေ

Dawei Watch

July 18, 2023

အိမ်နီးချင်းတွေ ဖျားနေပြီဆို ဒေါ်အေးခေါင်းမီးတောက်ရပြီ။ သွေးလွန်တုပ်ကွေးကြောင့်များလားပေါ့။ “ဟဲ့…နင်တို့အိမ်က ကလေးတွေဖျားနေကြတယ်ဆို သွေးလွန်တုပ်ကွေးလား” ဒီလိုလိုက်မေးဖန်များလို့ ‌မျက်မုန်းကျိုးမယ်ဆိုလည်း ကျိုးလောက်ပါရဲ့။ လောင်းလုံးမြို့နယ်က ဒေါ်အေးတို့ရွာမှာ သွေးလွန်တုပ်ကွေးဖြစ်လို့ ဆေးရုံတင်ရတဲ့ကလေး ဇွန်လ တစ်လထဲကို ၂၀ ကျော်နေပြီ။ သွေးလွန်တုပ်ကွေးဆိုတာကလည်း သိတဲ့အတိုင်း တစ်ယောက်ဖြစ်ရင် ပတ်ဝန်းကျင်ကပါလူတွေကူးကုန်တာ။  ခြင်ကပေါပါဘိနဲ့။ မိုးရာသီမဟုတ်လား။ နွေရာသီကတည်းက ခေါင်းထောင်လာတဲ့ သွေးလွန်တုပ်ကွေးက မိုးရာသီရောက်လာတော့ ထိန်းမနိုင်တဲ့အခြေအနေ ရောက်နေပေပြီ။ “အခုက ကလေးတွေ ဖျားလိုက်တာကလည်း ပြောမနေနဲ့။ ဖျားလိုက်ရင်လည်း သွေးလွန်တုပ်ကွေးဆိုတာချည်းပဲ” လို့ ဒေါ်အေးကဆိုပါတယ်။ သွေးလွန်တုပ်ကွေးဖြစ်နေကြတာ ဒေါ်အေးတို့တစ်ရွာတည်းတော့မဟုတ်။ ထားဝယ်ခရိုင်က ကျေးရွာတိုင်းလိုလိုမှာဖြစ်နေကြတာပါ။ လက်ရှိထားဝယ်ဆေးရုံမှာ သွေးလွန်တုပ်ကွေး ကလေးလူနာ တစ်ရာဝန်းကျင်လောက်ကုသနေရတယ်လို့ ဇမ္ဗူသီရိအဖွဲ့ဥက္ကဌ ဦးနိုင်မျိုးသွင်ကဆိုပါတယ်။ ထားဝယ်ခရိုင်ထဲ သွေးလွန်တုပ်ကွေးဖြစ်ပွားမှုဟာလည်း အရမ်းများပြားနေတယ်လို့  ဦးနိုင်မျိုးသွင်ကဆိုပါတယ်။ “အရင်တုန်းကဒီလိုမျိူး တစ်ခါမှကိုမကြားဖူးဘူး။ အရင်ကလည်း […]

တာလီဘန်တွေကြောင့် ထွက်ပြေးခဲ့ရပြီး ဘောလုံးသမားနဲ့ ဆရာဝန်ဖြစ်အောင် ကြိုးစားခဲ့သူ ဘောလုံးမယ်

Dawei Watch

July 13, 2023

သုံးရောင်ခြယ်ဘဝလို့ ဆိုရမလားပါပဲ။ တစ်ချိန်က ဒုက္ခသည်ပြည်ပြေး၊ အဲ့ဒီနောက်မှာ ဘောလုံးသမား၊ ဘောလုံးသမားဘဝနဲ့တွဲဖက်လို့ ပညာထူးချွန်ပြီး ဆရာဝန်ဖြစ်လာခဲ့လို့ သူမကို သုံးရောင်ခြယ်ဘဝလို့ တင်စားရတာပါ။ သူမရဲ့အမည်က နာဒီးယား နာဒင်းမ် ဖြစ်ပါတယ်။ နာဒီးယားရဲ့ဘဝဟာ မြင့်ချည်တစ်ခါ နိမ့်ချည်တစ်လှည့်နဲ့ ဖြတ်သန်းခဲ့ရတာပါ။ အာဖဂန်အမျိုးသားတပ်မတော် ဗိုလ်ချုပ်ရဲ့သမီး၊ အာဖဂန်နာမည်ကြီး အဆိုတော် အာယာနာ ဆယိဒ်ရဲ့တူမ အဖြစ် နာဒီးယာက ဘဝကို စတင်ခွင့်ရခဲ့ပေမယ့် သူ့ရဲ့ဖခင်ကို တာလီဘန်တွေက သတ်လိုက်အပြီးမှာတော့ နာဒီးယာရဲ့ဘဝက လုံးဝကို ပြောင်းလဲသွားခဲ့ရပါတော့တယ်။ အမြင့်ကဘဝဟာ နေ့ချင်းညချင်းဆိုသလိုပဲ အနိမ့်ဆီ ရောက်သွားခဲ့ရတော့တာပါ။ ဖခင်ဖြစ်သူ အဖြစ်ဆိုးကြုံလိုက်ရပြီးတဲ့နောက်မှာ နာဒီးယားတို့ မိသားစုက ဒိန်းမတ်ကို ထွက်ပြေးခဲ့ရပါတယ်။ အခုအချိန်မှာတော့ နာဒီးယားဟာ ဒိန်းမတ်လက်ရွေးစင် အမျိုးသမီးဘောလုံးသမားအဖြစ် ထင်ပေါ်နေပြီဖြစ်သလို ဆရာဝန်တစ်ယောက်အဖြစ်နဲ့လည်း အောင်မြင်လို့နေပါပြီ။ ဒီလိုဘဝဆီကိုရောက်အောင် နာဒီးယား […]

နှစ်ရက်ကြာပျောက်ဆုံးနေသည့် သုံးနှစ်အရွယ်သမီးငယ် သေဆုံးလျက် ပြန်တွေ့

Dawei Watch

July 6, 2023

ရေဖြူမြို့နယ် ကံပေါက်ဒေသ သဲချောင်းရွာတွင် နှစ်ရက်အကြာပျောက်ဆုံးနေသည့် သုံးနှစ်အရွယ်သမီးငယ်ကို ယနေ့ ဇူလိုင်လ ၆ ရက် နံနက်ပိုင်းတွင် သေဆုံးလျှက် ပြန်လည်တွေ့ရှိကြောင်း မိခင်ဖြစ်သူ ဒေါ်ဇင်မာသက်က ပြောသည်။ ကလေးငယ်၏ ရုပ်အလောင်းကို ယနေ့ နံနက် ၁၀ နာရီဝန်းကျင်တွင် လယ်ကွင်းအနီး ရေထဲတွင် တွေ့ရှိရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ရေနစ်သေဆုံးတယ်လို့တော့ ပြောတယ်။ ကျွန်မသမီးကို အခုထိ မတွေ့ရသေးဘူး” ဟု မိခင်ဖြစ်သူက ပြောဆိုသည်။ ဇူလိုင်လ ၄ ရက်နေ့ မွန်းလွဲပိုင်းက မိခင်ဖြစ်သူ နွားရှာသွားစဉ် သမီးငယ်ကို နေအိမ်တွင် ဖုန်းဖြင့်ထားရစ်ခဲ့ပြီးနောက် အိမ်သို့ပြန်ရောက်ချိန် ဖုန်းသာကျန်ရစ်ခဲ့ပြီး ကလေးငယ်မှာ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ကလေးငယ်ကို ဇူလိုင်လ ၄ ရက်နေ့ ညနေပိုင်းကစပြီး ၎င်း၏ဆွေမျိုးသားခြင်းများနှင့် […]