BREAKING
September 16, 2024

အမျိုးသမီး/လူငယ်

The Sheronies of Tavoy (ထားဝယ်နှင်းဆီ) အခန်း (၂)

Dawei Watch

July 7, 2024

အမေရိကန်အမျိုးသမီး စစ်သင်တန်းဆင်း ဗိုလ်ကြည်ကြည်ဆွေ အမိမြေကို ပြန်ရောက်၊ မြန်မာနိုင်ငံတွင် ဖဆပလ နှစ်ခြမ်းကွဲပြီး နိုင်ငံရေးမိုးသက်မုန်တိုင်း စချိန်။ ထားဝယ်က ရောက်လာသည့် စာတစ်စောင်၊ စစ်တပ် ဗိုလ်ကြည်ကြည်ဆွေအတွက် မထင်မှတ်သော အချိုးအကွေ့များ စတင်မည့် ခရီး။

ထားဝယ်နှင်းဆီ – အခန်း (၁)

Dawei Watch

July 5, 2024

မိုးရာသီ အတို့အမြုပ်စားစရာ ထွက်ရှာတဲ့ မိုးကြည်တို့ ကလေး တစ်သိုက်။ ဝုန်းဆိုပြီး အသံကြားလိုက်သည်။ သေချာပြီ မိုးကြည်တို့ စခန်းကို စစ်တပ်က ဝင်တိုက်လေပြီ။ ဖဆပလက ကွန်မြူနစ်ပါတီကို မတရားအသင်း ကြေညာလိုက်ချိန် တနင်္သာရီတိုင်းမှ ပါတီဝင်များလည်း တောခိုသွားကြသည်။ စစ်တပ်က အမျိုးသမီး စခန်းများဆီ ဦးတည်တိုက်ခိုက်လာချိန်၊ သရက်ချောင်း သံခွချောင်းဖျားက စခန်းကို ဝင်စီးသည်။ မိုးကြည် အမေပါအဝင် အမျိုးသမီးအဖွဲ့ဝင်များ မည်သို့ တုံ့ပြန်ကြမည်နည်း။ ဘာဖြစ်ကြမည်နည်း။

မြောက်အမေရိကရဲ့ ပထမဆုံးအမျိုးသမီးသမ္မတ

Dawei Watch

June 21, 2024

ဖိုဝါဒကြီးစိုးလွှမ်းမိုးတဲ့ မက္ကဆီကိုနိုင်ငံမှာ ၂၀၂၄ ရွေးကောက်ပွဲရလဒ်အပေါ် အသက် ၉၀ ဝန်းကျင် အဘွားအိုတစ်ယောက် အတွက် တသက်မှာ တစ်ခါသာ တွေ့လိုက်ရမဲ့ အပြောင်းအလဲမျိုးပါ။ မက္ကဆီကိုနိုင်ငံမှာ ၁၉၅၃ ခုနှစ်မတိုင်ခင်အထိ အမျိုးသမီးတွေဟာ မဲပေးခွင့်မရခဲ့ကြပါဘူး။ အခုတော့ မက္ကဆီကိုမှာ ပထမဆုံး အမျိုးသမီး သမ္မတ ရှိလာပါပြီ။ “အရင်ကဆို အဘွားတို့ မဲတောင်ပေးလို့မရဘူး။ မဲပေးလို့ရတဲ့အချိန်ရောက်လာတော့လည်း အဘွားတို့အမျိုးသမီးတွေခမျာ ကိုယ့်လင်သားက မဲထည့်ခိုင်းတဲ့ လူကိုပဲ မဲထည့်ရတယ်။ အခုလို ပြောင်းလဲသွားတာ ဘုရားသခင်ကို ကျေးဇူးတင်တယ်။ ဒီပြောင်းလဲမှုကို အဘွားမှီလိုက်ရတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတယ်ကွယ်”လို့ အဘွားအိုက ဆိုပါတယ်။ ကမ္ဘာပေါ်မှာ လူသတ်မှုအဖြစ်များဆုံးတိုင်းပြည်တွေထဲက တစ်ခု။ လူပေါင်းတစ်သိန်းကျော် အစအနရှာမရ ပျောက်ဆုံးနေတဲ့ နိုင်ငံ။ မြောက်အမေရိကတိုက်တောင်ပိုင်းမှာရှိတဲ့ ဒီနိုင်ငံဟာ ဒုစရိုက်ဂိုဏ်းတွေရဲ့ အကြမ်းဖက်လိုစိတ် အနံဆိုးတွေက […]

နိုင်ငံမဲ့ဘဝရောက်လာနိုင်သော ထိုင်းရောက်မြန်မာကလေးများ

Dawei Watch

February 19, 2024

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ရှိ မြန်မာအလုပ်သမားအများစုသည် အလုပ်လုပ်ကိုင်ရာ စက်ရုံများနှင့် မနီးမဝေးနေရာများတွင် အခန်းကျဥ်းလေးများကို ငှားရမ်းနေထိုင်ကြရသည်။ ထိုအခန်းကျဉ်းလေးမှာ သူတို့အတွက် အိပ်စရာ၊ စားရာနှင့်ကလေးများကစားရာ တစ်ခုတည်းသော နေရာလေးဖြစ်သည်။ မြန်မာအလုပ်သမား မိသားစုများမှာ ပင်ပန်းဆင်းရဲခံပြီး ယခုလိုနေရာမျိုးတွင် နေထိုင်ကြခြင်းမှာ သားသမီးများနှင့် သူတို့ဘဝရှေ့ရေးအတွက် မျှော်လင့်ချက်များကြောင့်ပင်။ သို့သော် ယခုကြုံနေရသောထိုင်းနိုင်ငံ၏ အခြေအနေများကြောင့် သူတို့ကလေးများမှာ နိုင်ငံမဲ့ဘဝရောက်ရမည့် အဖြစ်ဆိုးကို ကြုံတွေ့နေကြရပြီဖြစ်သည်။ ထိုမိသားစုများတွင် စောဝင်း (အမည်လွှဲ)တို့ မိသားစုလည်းပါဝင်သည်။ ကလေးအကြီး အမြွှာနှစ်ဦးတွင် ထိုင်းအစိုးရက ထုတ်ပေးထားသော မွေးစာရင်းရှိနေပြီးဖြစ်သဖြင့် ကလေးကျောင်းတက်ရေးနှင့် ကျန်းမာရေးအတွက် မပူပန်ရသော်လည်း အငယ်ဆုံးသမီးလေးတွင် စမွန်စခွန်ခရိုင်ရုံးက မွေးစာရင်းထုတ်ပေးထားခြင်း မရှိသေးသဖြင့် အသက် ၃ နှစ်အရွယ်အထိ နိုင်ငံမဲ့ ကလေးငယ် ဖြစ်နေဆဲပင်။ လက်ရှိတွင် ထိုင်းရောက် ရွှေ့ပြောင်းကလေးများ […]

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာက ကလေးငယ်တစ်ဦး မိုင်းနင်းမိ

Dawei Watch

February 16, 2024

သရက်ချောင်းမြို့နယ်၊ ကင်းရှေ့ရွာက အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး မိုင်းနင်းမိသည်ဟု ဒေသခံအချို့က ပြောသည်။ ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၉ နာရီခန့်တွင် အိမ်နှင့်ကပ်နေသည့် ရော်ဘာခြံတွင်း ကစားနေစဉ် မိုင်းနင်းမိပြီး ခြေတစ်ဖက်ပြတ်ထွက်သွားသည်ဟု ဒေသခံအချို့က ပြောသည်။ “ပုံထဲမှာတွေ့တာတော့ ညာဖက်ခြေထောက်ထင်တယ်၊ ဒူးအောက်ကနေပြတ်ထွက်သွားတယ်၊ ကိုယ်မှာလည်း ကျည်စ စင်ထားတာတွေအများကြီးပဲ၊ ထားဝယ်ဆေးရုံကြီးကိုတင်ထားတယ်လို့ ကြားတယ်၊ အဲ့ဒီလမ်းကနေ စစ်တပ်သွားခဲ့တယ်ဆိုတော့ စစ်တပ်ကထောင်ခဲ့တဲ့မိုင်းလို့တော့ ပြောနေကြတယ်” ဟုကင်းရှေ့ရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ကလည်း အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးမှာ ရော်ဘာခြစ်သွားရင်း ပန်းတော့ရွာနှင့် ကျောက်လှေကားရွာကြားတွင် မြေမြုပ်မိုင်းနင်းမိပြီး ခြေဖဝါးတစ်ပိုင်းပြတ်ထွက် ဒဏ်ရာရခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။ “အဲ့လိုဖြစ်နေတော့ ဒေသခံတွေ ဥယာဉ်ခြံထဲမသွားရဲကြတော့ဘူး။ […]

အသက် ၁၅ နှစ်အရွယ်သမီးကို လိင်လုပ်သားအဖြစ် စေခိုင်းသည့် မြန်မာမိခင်ကို ထိုင်းရဲဖမ်းဆီး

Dawei Watch

September 21, 2023

ထိုင်းနိုင်ငံအလယ်ပိုင်း စရာဘူရီခရိုင်တွင် အသက် ၁၅ နှစ်အရွယ် သမီးကို လိင်လုပ်သားအဖြစ် အတင်းအကျပ်စေခိုင်းခဲ့သော မြန်မာနိုင်ငံသားမိခင်ကို ထိုင်းရဲကဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများနှင့် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ထံမှ သိရသည်။ အသက် ၁၅ နှစ်အရွယ် သမီးဖြစ်သူကို မြန်မာအလုပ်သမား မိခင်အရင်းကိုယ်တိုင်က လိင်လုပ်သားအဖြစ် အဓမ္မစေခိုင်းခဲ့သဖြင့် ထိုင်းနိုင်ငံသား ဖခင်ဖြစ်သူနှင့် ကျောင်းဆရာများက စရာဘူရီရဲစခန်းတွင် စက်တင်ဘာလ ၁၁ ရက်နေ့က အမှုဖွင့် တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ မိခင်ဖြစ်သူသည် နာမည်ကြီး တည်းခိုခန်းတစ်ခုတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားဖြစ်ပြီး ထိုင်းနိုင်ငံသားနှင့် ကွာရှင်း၍ သမီးဖြစ်သူနှင့် အတူနေထိုင်နေခြင်းဖြစ်သည်။ မိခင်က သမီးဖြစ်သူကို လိင်လုပ်သားအဖြစ် လုပ်ကိုင်ရန် ၂၀၂၂ ခုနှစ်ကတည်းက စတင်အတင်းအကျပ် စေခိုင်းခဲ့ကြောင်း သမီးက ရဲတပ်ဖွဲ့သို့ ပြောကြားသည်။ ယင်းအချိန်တွင် […]