နိုင်ငံမဲ့ဘဝရောက်လာနိုင်သော ထိုင်းရောက်မြန်မာကလေးများ
Dawei Watch
February 19, 2024ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ရှိ မြန်မာအလုပ်သမားအများစုသည် အလုပ်လုပ်ကိုင်ရာ စက်ရုံများနှင့် မနီးမဝေးနေရာများတွင် အခန်းကျဥ်းလေးများကို ငှားရမ်းနေထိုင်ကြရသည်။ ထိုအခန်းကျဉ်းလေးမှာ သူတို့အတွက် အိပ်စရာ၊ စားရာနှင့်ကလေးများကစားရာ တစ်ခုတည်းသော နေရာလေးဖြစ်သည်။ မြန်မာအလုပ်သမား မိသားစုများမှာ ပင်ပန်းဆင်းရဲခံပြီး ယခုလိုနေရာမျိုးတွင် နေထိုင်ကြခြင်းမှာ သားသမီးများနှင့် သူတို့ဘဝရှေ့ရေးအတွက် မျှော်လင့်ချက်များကြောင့်ပင်။ သို့သော် ယခုကြုံနေရသောထိုင်းနိုင်ငံ၏ အခြေအနေများကြောင့် သူတို့ကလေးများမှာ နိုင်ငံမဲ့ဘဝရောက်ရမည့် အဖြစ်ဆိုးကို ကြုံတွေ့နေကြရပြီဖြစ်သည်။ ထိုမိသားစုများတွင် စောဝင်း (အမည်လွှဲ)တို့ မိသားစုလည်းပါဝင်သည်။ ကလေးအကြီး အမြွှာနှစ်ဦးတွင် ထိုင်းအစိုးရက ထုတ်ပေးထားသော မွေးစာရင်းရှိနေပြီးဖြစ်သဖြင့် ကလေးကျောင်းတက်ရေးနှင့် ကျန်းမာရေးအတွက် မပူပန်ရသော်လည်း အငယ်ဆုံးသမီးလေးတွင် စမွန်စခွန်ခရိုင်ရုံးက မွေးစာရင်းထုတ်ပေးထားခြင်း မရှိသေးသဖြင့် အသက် ၃ နှစ်အရွယ်အထိ နိုင်ငံမဲ့ ကလေးငယ် ဖြစ်နေဆဲပင်။ လက်ရှိတွင် ထိုင်းရောက် ရွှေ့ပြောင်းကလေးများ […]