ထားဝယ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်နှစ်ဦး ထောင်ဒဏ် ၁၁နှစ် ချမှတ်ခံရ
diz_admin
January 1, 2022ထားဝယ်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်နှစ်ဦးဖြစ်သည့် ပဲအီး (ခေါ်) ကိုဝေယံဖြိုးနှင့် ကိုဉာဏ်ဝင်းတို့ကို စစ်ကောင်စီက နှစ်ရှည်ထောင် ဒဏ်ချမှတ်လိုက်ကြောင်း ထားဝယ်နိုင်ငံရေးအကျည်းသားများကွန်ရက်က ထုတ်ပြန်ထားသည်။ အသက် ၁၉နှစ်အရွယ် ကိုဝေဖြိုးနှင့် အသက် ၂၄ နှစ်အရွယ် ကိုဉာဏ်ဝင်းတို့ကို ဒီဇင်ဘာ ၃၀ ရက်နေ့က ထားဝယ်အကျည်းထောင်တွင်း အထူးတရားရုံးတွင် ထောင်ဒဏ် ၁၁ နှစ်စီချမှတ်ခြင်းဖြစ်ကြာင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ကိုဝေယံဖြိုးနှင့် ကိုဉာဏ်ဝင်းမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတွင် ပါဝင်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားခဲ့သူများဖြစ်သည်။ ၎င်းတို့နှစ်ဦးကို မေလ ၃၁ ရက်နေ့က ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ စောမိညိုလယ်တဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။ ထို့ကြောင့် ကိုဉာဏ်ဝင်းမှာ ပေါင်တွင် သေနတ်ဒဏ်ရာ ရရှိခဲ့ပြီး ကိုဝေယံဖြိုးမှာ လက်မောင်းတွင် သေနတ်ကျည်ထိမှန်ခဲ့သည်။ ၎င်းတို့ကို ရာဇသတ်ကြီး ဥပဒေ […]