BREAKING
September 16, 2024

အမျိုးသမီး/လူငယ်

ထားဝယ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်နှစ်ဦး ထောင်ဒဏ် ၁၁နှစ် ချမှတ်ခံရ

diz_admin

January 1, 2022

ထားဝယ်မြို့က နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်နှစ်ဦးဖြစ်သည့် ပဲအီး (ခေါ်) ကိုဝေယံဖြိုးနှင့် ကိုဉာဏ်ဝင်းတို့ကို စစ်ကောင်စီက နှစ်ရှည်ထောင် ဒဏ်ချမှတ်လိုက်ကြောင်း ထားဝယ်နိုင်ငံရေးအကျည်းသားများကွန်ရက်က ထုတ်ပြန်ထားသည်။ အသက် ၁၉နှစ်အရွယ် ကိုဝေဖြိုးနှင့် အသက် ၂၄ နှစ်အရွယ် ကိုဉာဏ်ဝင်းတို့ကို ဒီဇင်ဘာ ၃၀ ရက်နေ့က ထားဝယ်အကျည်းထောင်တွင်း အထူးတရားရုံးတွင် ထောင်ဒဏ် ၁၁ နှစ်စီချမှတ်ခြင်းဖြစ်ကြာင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ကိုဝေယံဖြိုးနှင့် ကိုဉာဏ်ဝင်းမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးတွင် ပါဝင်သည့် နိုင်ငံရေးတက်ကြွလှုပ်ရှားခဲ့သူများဖြစ်သည်။ ၎င်းတို့နှစ်ဦးကို မေလ ၃၁ ရက်နေ့က ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်၊ စောမိညိုလယ်တဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့သည်။ ထို့ကြောင့် ကိုဉာဏ်ဝင်းမှာ ပေါင်တွင် သေနတ်ဒဏ်ရာ ရရှိခဲ့ပြီး ကိုဝေယံဖြိုးမှာ လက်မောင်းတွင် သေနတ်ကျည်ထိမှန်ခဲ့သည်။ ၎င်းတို့ကို ရာဇသတ်ကြီး ဥပဒေ […]

ဂေါ့အင်းကျေးရွာ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး ‌သေဆုံးမှု နောက်ဆက်တွဲ

diz_admin

December 9, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ရေဖြူကျေးရွာအုပ်စု ဂေါ့အင်းကျေးရွာက အသက် ၁၈ နှစ်အရွယ် အမျိုးသမီး သေဆုံးမှုသည် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်နိုင်ကြောင်း ပစ်ခတ်မှုအား မျက်မြင်တွေ့သူနှင့် နာရေးအိမ်ရောက်ခဲ့သူအချို့က ပြောသည်။ Dawei Watch ၏ ကနဦးမေးမြန်းစုံစမ်းမှုအရ အဆိုပါ အမျိုးသမီးငယ်သေဆုံးမှုမှာ ဗုံးပေါက်မှုကြောင့် ဖြစ်နိုင်ကြောင်း ဒေသခံတို့က ပြောဆိုခဲ့ကြသည်။ သို့သော် ထပ်မံမေးမြန်းစုံစမ်းမှုများအရ ဗုံးပေါက်သည့် ပုံစံ မရှိကြောင်း မျက်မြင်တွေ့ရသူတို့က ပြောဆိုကြသည်။ သေဆုံးသူမှာ ဂေါ့အင်းကျေးရွာ တံတားကြီးအနီး လျှပ်စစ်မီတာဝန်ဆောင်ခ ကောက်ခံသူ ဦးကျော်သူ၏ သမီး မမီးအိဆိုသူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ အခင်းဖြစ်သည့်အချိန်က မမီးအိသည် အနီရောင်ဝမ်းဆက် ဝတ်စုံကိုဝတ်ဆင်ထားပြီး အိမ်ရှေ့‌မြေကွက်လပ်ရှိ စာပွဲတစ်လုံးပေါ်တွင် လျှပ်စစ်မီတာခကောက်ခံမည့် ဘောင်ချာစာရွက်များဖြင့် အလုပ်ရှုပ်နေဟန်တူကြောင်း လုံခြုံရေးအရ အမည်မဖော်လို့သည့် မျက်မြင်တစ်ဦးက ပြောသည်။ […]

ထားဝယ်မြို့လယ်တွင် အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

diz_admin

November 12, 2021

ထားဝယ်မြို့လယ်ရပ်ကွက်တစ်ခုဖြစ်သည့် ပုံကျွန်းရပ်ကွက်၊ ဦးဘအိုလမ်းရှိ လက္ဘရည်ဆိုင်တစ်ခုတွင် နိုဝင်ဘာလ ၁၂ ရက် နေ့လယ်ပိုင်းက ဒလန်ဟုစွပ်စွဲခံရသူ ဒေါ်ဇာခြည်ဦး ဆိုသည့် အမျိုးသမီး တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း မြို့ခံတို့ထံမှ သိရသည်။ အသက် ၄၀ ဝန်းကျင်အရွယ် အမျိုးသမီးမှာ စစ်ကောင်စီ သတင်းပေးနေသူတစ်ဦးဖြစ်ပြီး ဖမ်းဆီးခံရသူများကို အချုပ်ထောင်မှ လွှတ်ပေးမည်ဟုဆိုကာ ပွဲစားပုံစံဖြင့် အခကြေးငွေများကို မတရားတောင်းခံနေသူတစ်ဦးဖြစ်ကြောင်း ထားဝယ်မြို့ပြောက်ကျားအဖွဲ့က ထုတ်ပြန်ထားသည်။ ဒေါ်ဇာခြည်ဦးမှာ ရာထူးအာဏာရရှိရေးအတွက် ကိုယ်ကျိုးရှာ အခွင့်အရေးသမားဖြစ်သဖြင့် ထားဝယ်ပြောက်ကျားတပ်ဖွဲ့မှ ခန္ဓာကိုယ်နှင့် ဦးခေါင်းအား သေနတ်ဖြင့် ၉ ချက်ပစ်ကာ သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။ အဆိုပါ အမျိုးသမီး အသတ်ခံရသည့် ကိစ္စနှင့် ပတ်သက်ပြီး ပုံကျွန်းရပ်ကွက်တွင် စစ်ကောင်စီတပ်များက လူအချို့ကို ဖမ်းဆီးထားသည် ဆိုသော်လည်း သီးခြား […]

လောင်းလုံးအမျိုးသမီးထုသပိတ်

diz_admin

August 28, 2021

လောင်းလုံးမြို့နယ်အတွင်းရှိ အမျိုးသမီးတွေဦးဆောင်ကာ သြဂုတ်လ ၂၈ရက်တွင် ‘နှင်းဆီရောင် အမျိုးသမီးထု လှုပ်ရှားမှု’ ခေါင်းစဥ်ဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

သရက်ချောင်း ကျေးလက်ရဲ့ အမျိုးသမီးထုသပိတ်

diz_admin

July 15, 2021

သရက်ချောင်းမြို့နယ်ရှိ ညောင်ဇင်ကျေးရွာနဲ့ရန်တောင်ကျေးရွာနေအမျိုးသမီးတွေ စုပေါင်း၍ ဇူလိုင် ၁၅ ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့သည်။

ကိုဗစ် နှင့် စက်ချုပ်

diz_admin

December 25, 2020

ကိုဗစ်ရိုက်ခတ်မှုကြောင့် ကျား၊ မ လူတန်းစား မရွေးထိခိုက်မှု ရှိပါတယ်။ အဲဒီမှာ အမျိုးသမီးတွေလည်း မလွတ်ပါဘူး။ တနင်္သာရီတိုင်းက ကျေးလက်တောရွာတွေမှာ အမျိုးသမီးတော်တော်များများဟာ စက်ချုပ်၊ အဝတ်ချုပ် အလုပ်လုပ်ကြပါတယ်။ ကိုဗစ်ကြောင့် သူတို့ ဘယ်လို ထိခိုက်မှု ရှိတယ်ဆိုတာကို တင်ပြထားပါတယ်။ မိတ်ဆွေစစ် အဖွဲ့ရဲ့ ပံ့ပိုးမှုနဲ့ Dawei Watch က တင်ဆက်ထားတာပါ။