BREAKING
September 8, 2024

အမျိုးသမီး/လူငယ်

ကလိန်အောင်မြို့က ဆယ်ကျော်သက်အမျိုးသမီးတစ်ဦး ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံရ

diz_admin

March 29, 2022

ကလိန်အောင်မြို့၊ အမှတ် (၁) ရက်ကွက်တွင် နေထိုင်သည့် အသက် ၁၉ နှစ်အရွယ် မဆောင်းနှင်းဖြူကို ထားဝယ်ခရိုင်တရားရုံးက မတ်လ ၂၈ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်က ထုတ်ပြန်သည်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) နှင့် ၅၂ (က) ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ပုဒ်မ နှစ်ခု စလုံးအတွက် ထောင်ဒဏ် ၁၀ နှစ် တစ်ပေါင်းတည်း ကျခံရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြသည်။ မဆောင်းနှင်းဖြူမှာ လေးဘက်နာရောဂါနှင့် နှလုံးရောဂါအခံရှိသူဖြစ်ပြီး လက်တစ်ဖက်လည်း ကျိုးထား ဖူးသဖြင့် ထောင်ထဲတွင် အလုပ်အနည်းငယ် ပင်ပင်ပန်းပန်းလုပ်လိုက်လျှင်ပင် နေမကောင်းဖြစ်ကြောင်း ၎င်းနှင့်အတူ အကျဉ်းကျဖူးသည့် အမျိုးသမီးငယ်တစ်ဦးက ပြောသည်။ “တကယ်တော့ […]

လောင်းလုံးတွင် CDM ကျန်းမာရေးဝန်ထမ်းတစ်ဦး အဖမ်းခံရ

diz_admin

March 22, 2022

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် စစ်ပြဲကျေးရွာအုပ်စု စစ်ပြဲရှေ့ပိုင်းရွာတွင် နေထိုင်သည့် CDM သားဖွားဆရာမတစ်ဦး အဖမ်းခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အဖမ်းခံရသူမှာ အသက် ၂၇ နှစ်ဝန်းကျင်အရွယ် မအိမို့မို့မြတ်ဆိုသူဖြစ်ပြီး မတ်လ ၂၁ ရက် ညနေ လေးနာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က နေအိမ်သို့ လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံအချို့က ပြောသည်။ ၎င်းသည် ဧရာဝတီတိုင်းတွင် တာဝန်ကျသည့် သားဖွားဆရာမတစ်ဦးဖြစ်ပြီး CDM လှုပ်ရှားမူတွင် ပါဝင်ပြီးနောက် ဇာတိရွာတွင် လာရောက်နေထိုင်ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဘာဖြစ်လို့ဖမ်းတယ်ဆိုတာ တိတိကျကျ ဘယ်သူမှမသိကြဘူး။ လာဖမ်းတယ်ဆိုတာတောင် မသိကြတာ။ အရပ်ဝတ်တွေနဲ့ ရုတ်တရက်ရောက်လာပြီး ဖမ်းတာဆိုတော့။ နေပြည်တော်ကနေ တိုက်ရိုက်ဆင်းလာပြီး ဖမ်းတယ်လို့လည်း ပြောနေကြတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။ မအိမို့မို့မြတ်သည် နေအိမ်ရှိ ကလေးငယ်များအား စာသင်ပြနေစဉ် […]

ထားဝယ်မြို့ စားသောက်ဆိုင်တစ်ခုတွင် အဖမ်းခံရသည့် လူငယ် ၉ ဦး ထောင်ဒဏ် ၉ နှစ်စီ အမိန့်ချခံရ

diz_admin

February 24, 2022

တနင်္သာရီတိုင်း၏ မြို့တော် ထားဝယ်ရှိ စားသောက်ဆိုင်တစ်ခုတွင် အဖမ်းခံရသည့် လူငယ် ၉ ဦးကို ထောင်ဒဏ် ၉ နှစ်စီ အမိန့်ချလိုက်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်လိုက်သည်။ လူငယ် ၉ ဦးတွင် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများပါဝင်ပြီး အချို့မှာ ကျောင်းပြီးနှင့်သူများ ဖြစ်ကြောင်း သိရသည်။ ၎င်းတို့မှာ ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်ရှိ Micky စားသောက်ဆိုင်တွင် မေလ ၂၉ ရက်က အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့ ၉ ဦးကို ပုဒ်မ ၅၀၅(က)၊ ၅၀၅(ဂ)၊ ၅၂ (က) ဖြင့် တရားစွဲဆိုခြင်းဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြဋ္ဌာန်းခဲ့သည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အရ၊ နိုင်ငံသားတစ်စုကိုဖြစ်စေ၊ ပြည်သူလူထုကိုဖြစ်စေ ထိတ်လန့်စေလျှင် သို့မဟုတ် ထိတ်လန့်စေရန် မမှန်သတင်းဖြန့်ခြင်း၊ အစိုးရ […]

ကျွန်းစုတွင် ခင်ပွန်းက ဓါးဖြင့်ခုတ်သဖြင့် ဇနီးသေဆုံး၊ သမီးဖြစ်သူလည်း ဒဏ်ရာရ

diz_admin

February 19, 2022

ကျွန်းစုမြို့နယ် ပဲ့တိုင်ကျေးရွာတွင် ခင်ပွန်းသည်က ဓါးဖြင့်ခုတ်သဖြင့် ဇနီးသည် သေဆုံးပြီး ဇနီးသည်ဘက်က ပါသည့် အသက် ၁၄နှစ်အရွယ် သမီးဖြစ်သူမှာလည်း ဒဏ်ရာ အပြင်းအထန်ရကြောင်း ယင်းကျေးရွာ ဒေသခံများထံမှ သိရသည်။ မြိတ်ခရိုင် ကျွန်းစုမြို့နယ် ကျွဲခရံကျေးရွာအုပ်စု ပဲ့တိုင်ကျေးရွာတွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့က ဇနီးမောင်နှံ နှစ်ဦး စကားအခြေအတင်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူက တောခုတ်ဓါးဖြင့် ဇနီးဖြစ်သူကို ခုတ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “ဖက် (အိမ်မိုးဓနိဖက်) ထိုးနေတုန်း ခုတ်လိုက်တာ ပွဲချင်းပြီးပဲ” ဟု ပဲ့တိုင်ရွာနေ အသက် ၃၀ နှစ်ကျော်ရှိ အမျိုးသားတစ်ဦးက ပြောသည်။ ဇနီးဖြစ်သူအား ဓါးဖြင့်ခုတ်ပြီးနောက် ဇနီးသည်ဘက်က ပါသည့် သမီးဖြစ်သူအား ထပ်မံခုတ်ကြောင်း အထက်ပါအမျိုးသားက ပြောပြသည်။ ဓါးဖြင့် ခုတ်ခံရသည့် အသက် […]

မြိတ်တွင် ဖမ်းဆီးခံရသည့် အမျိုးသမီးငယ်နှစ်ဦးအနက် တစ်ဦးပြန်လွတ်

diz_admin

January 11, 2022

မြိတ်မြို့တွင် ဇန်နဝါရီလ ၈ရက်ညက ဖမ်းဆီးခံရသည့် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ် နှစ်ဦးအနက် တစ်ဦးပြန်လည်လွတ်မြောက်လာကြောင်း ၎င်းနှင့် နီးစပ်သူများထံမှ သိရသည်။ မြိတ်မြို့ ပါရမီရပ်ကွက်တွင် နေထိုင်သူ မသဲပွင့်ဖြူနှင့် မြို့သစ်ရပ်ကွက်တွင် နေထိုင်သူ မမီးညို (ခေါ်) မမိုးမခ တို့ကို ဇန်နဝါရီလ ၈ ရက်ညတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်သို့ လာရောက် ဖမ်းဆီးခဲ့သည်။ အဆိုပါ အမျိုးသမီးနှစ်ဦးအနက် မမီးညိုအား ဇန်နဝါရီလ ၁၀ ရက်ညနေတွင် ပြန်လွတ်ပေးခဲ့ကြောင်း ကာယကံရှင်နှင့် နီးစပ်သူများက ပြောသည်။ “ကောင်းကောင်းမွန်မွန်ပဲ အိမ်ပြန်ရောက်နေပါပြီ” ဟု ၎င်းနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ သို့သော် ၎င်းနှင့်အတူ အဖမ်းခံရသည့် မသဲပွင့်ဖြူကိုမူ ပြန်လွှတ်ပေးခြင်း မရှိသေးကြောင်း ၎င်းတို့က ပြောသည်။ မသဲပွင့်ဖြူနှင့် […]

မြိတ်တွင် အမျိုးသမီးငယ်နှစ်ဦး ဖမ်းဆီးခံရ

diz_admin

January 10, 2022

မြိတ်မြို့တွင် အသက် ၂၀ ကျော်အရွယ် အမျိုးသမီးငယ်နှစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။ မြိတ်မြို့ ပါရမီရပ်ကွက်တွင် နေထိုင်သူ မသဲပွင့်ဖြူနှင့် မြို့သစ်ရပ်ကွက်တွင် နေထိုင်သူ မမီးညို (ခေါ်) မမိုးတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဇန်နဝါရီလ ၈ ရက်ညတွင် နေအိမ်သို့ လာရောက်ဖမ်းဆီးသွားကြောင်း ၎င်းတို့နှင့် နီးစပ်သူများက ပြောသည်။ မသဲပွင့်ဖြူနှင့် မမီးညိုတို့မှာ သူငယ်ချင်းများဖြစ်ပြီး ရွာတစ်ရွာသို့ ညအိပ်သွားရောက်လည်ပတ်ပြီးနောက် မြိတ်မြို့သို့ ပြန်ရောက်သည့်အချိန်တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ PDF များနှင့် အဆက်အသွယ်ရှိသည်ဟု သံသယဖြင့် ဖမ်းဆီးသွားခြင်းဖြစ်နိုင်ကြောင်း အဆိုပါ အမျိုးသမီးငယ်နှစ်ဦးနှင့် နီးစပ်သူတစ်ဦးက ယူဆသည်။ မသဲပွင့်ဖြူသည် ပြီးခဲ့သည့် မတ်လတွင် ဆန္ဒပြသဖြင့် ရော်ဘာကျည်ဖြင့် နှစ်ချက်ပစ်ခတ် ဖမ်းဆီးခံရပြီး ပြန်လည် လွတ်မြောက်လာသူဖြစ်ကြောင်း ၎င်းနှင့် […]