ဆင်ကိုးရပ်ရေတံခွန်တွင် မိန်းကလေးငယ်တစ်ဦး ရေနစ်သေဆုံး
diz_admin
June 12, 2022ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ ဆင်ကိုးရပ်ရေတံခွန်တွင် အသက် ၁၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သေဆုံးသူမှာ အခြားဒေသတစ်ခုမှ ကံပေါက်ကျေးရွာအနီးရှိ ကန့်ကော်တောင် ကျေးရွာအုပ်စု ဆယ်အိမ်စုရွာရှိ ရာဘာခြံတစ်ခုတွင် လာရောက်အလုပ်လုပ်ကိုင်နေသူ မပပအောင်ဆိုသူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ မပပအောင်သည် အဖော်များနှင့်အတူ ဇွန်လ ၁၁ ရက်တွင် ဆင်ကိုးရပ်ရေတံခွန်သို့ သွားရောက်ခဲ့ပြီး ရေစီးနှင့်အတူ မျောပါပျောက်ဆုံးသွားခဲ့ကြောင်း ယင်းနောက် လိုက်လံရှာဖွေရာ မတွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယနေ့ ဇွန်လ ၁၂ ရက် နေ့လယ် ၁၁ နာရီခန့်မှ ရေနစ်သေဆုံးနေသည့် မပပအောင် အလောင်းကို ရေတံခွန်အပေါ်ပိုင်းတစ်နေရာတွင် တွေ့ရှိခဲ့ရကြောင်း ၎င်းကပြောသည်။ “အခုရာဘာခြံထဲမှာ အလောင်းပြင်ထားတယ်” ဟု ၎င်းကဆိုသည်။ မပပအောင်အလောင်းကို မတ်စောက်နေသည့်ရေတံခွန်အတွင်း ဝါးလုံးများဆင်ကာ […]