ထားဝယ်မြို့ စားသောက်ဆိုင်တစ်ခုတွင် အဖမ်းခံရသည့် လူငယ် ၉ ဦး ထောင်ဒဏ် ၉ နှစ်စီ အမိန့်ချခံရ
diz_admin
February 24, 2022တနင်္သာရီတိုင်း၏ မြို့တော် ထားဝယ်ရှိ စားသောက်ဆိုင်တစ်ခုတွင် အဖမ်းခံရသည့် လူငယ် ၉ ဦးကို ထောင်ဒဏ် ၉ နှစ်စီ အမိန့်ချလိုက်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ထုတ်ပြန်လိုက်သည်။ လူငယ် ၉ ဦးတွင် တက္ကသိုလ်ကျောင်းသူ၊ ကျောင်းသားများပါဝင်ပြီး အချို့မှာ ကျောင်းပြီးနှင့်သူများ ဖြစ်ကြောင်း သိရသည်။ ၎င်းတို့မှာ ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်ရှိ Micky စားသောက်ဆိုင်တွင် မေလ ၂၉ ရက်က အဖမ်းခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့ ၉ ဦးကို ပုဒ်မ ၅၀၅(က)၊ ၅၀၅(ဂ)၊ ၅၂ (က) ဖြင့် တရားစွဲဆိုခြင်းဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြဋ္ဌာန်းခဲ့သည့် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အရ၊ နိုင်ငံသားတစ်စုကိုဖြစ်စေ၊ ပြည်သူလူထုကိုဖြစ်စေ ထိတ်လန့်စေလျှင် သို့မဟုတ် ထိတ်လန့်စေရန် မမှန်သတင်းဖြန့်ခြင်း၊ အစိုးရ […]