BREAKING
September 19, 2024

အမျိုးသမီး/လူငယ်

ဘန်ကောက်မှာ အသတ်ခံခဲ့ရတဲ့ ကော့သောင်းသူလေး

diz_admin

November 13, 2022

ဘန်ကောက်က မြန်မာအလုပ်သမားတွေ နေထိုင်တဲ့ အဆောက်အအုံတစ်ခုမှာ ကော့သောင်းသူ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ပြီး အသတ်ခံခဲ့ရပါတယ်။ သူ့မအခန်းအနီးမှာနေတဲ့ အခန်းက မြန်မာအမျိုးသား တစ်ဦးက သူ့ကို အဓမ္မပြုကျင့်ပြီး သတ်ခဲ့တယ်ဆိုတာ ပေါ်ပေါက်ခဲ့ပါတယ်။ ဒီအကြောင်းအပြည့်အစုံကို တင်ဆက်ထားပါတယ်။

ကော့သောင်းဒေသခံ အမျိုးသမီးတစ်ဦး ဘန်ကောက်တွင် ဝတ်လစ်စားလစ်ဖြင့်သေဆုံး

diz_admin

November 11, 2022

ကော့သောင်းဒေသခံ မြန်မာအမျိုးသမီးတစ်ဦးသည် ထိုင်းနိုင်ငံ ဘန်ကောက်ခရိုင်ရှိ သူနေထိုင်ရာအခန်းအတွင်း၌ ဝတ်လစ်စားလစ်ဖြင့် သေဆုံးနေသည်ကို နိုဝင်ဘာလ ၁၀ ရက်နေ့က တွေ့ရှိခဲ့ရကြောင်း သိရသည်။ သေဆုံးသူသည် အသက် ၂၉ နှစ်အရွယ် မ— ဖြစ်ပြီး “ထားဝယ်သူ” ဟု လူသိများကြောင်း ကော့သောင်းဒေသခံတစ်ဦးဖြစ်ကာ အထည်ချုပ်စက်ရုံတွင် လုပ်ကိုင်နေသူဖြစ်ကြောင်း သူမ၏မိတ်ဆွေများကဆိုသည်။ အဆိုပါအမျိုးသမီးမှာ ဘန်ကောက်ခရိုင် ဘန်ဘော်ဒေသ အေကချိုင်လမ်း အမှတ် ၈၉ ရှိ မြန်မာအလုပ်သမား အများစုနေထိုင်ရာ နှစ်ထပ်အဆောက်အအုံတွင် နေထိုင်ခြင်းဖြစ်သည်။ အခန်းအတွင်းအနံ့ထွက်ကာ သေဆုံးနေသည်ကို မနေ့နေ့လယ် ၁ နာရီခွဲအချိန်ခန့်၌ တစ်တိုက်တည်းနေ မြန်မာအလုပ်သမားတစ်ဦးမှ တွေ့ရှိခဲ့သဖြင့် ထိုင်းရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့နှင့် မှုခင်းဆရာဝန်များ ရောက်ရှိလာသောချိန်တွင် အခန်းမှာ သော့ခတ်ထားသဖြင့် ဘေးကပြတင်းပေါက်မှန်ကိုခွဲကာ သော့ဖွင့်ဝင်ရောက်ရပြီး အခန်းထဲတွင် […]

မြိတ်တွင် ကိုဗစ်ဖြင့် အမျိုးသမီးတစ်ဦးထပ်မံသေဆုံး

diz_admin

October 25, 2022

မြိတ်မြို့တွင် ယနေ့ (အောက်တိုဘာ ၂၅) အသက် ၇၆နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် ကိုဗစ်ရောဂါဖြင့် သေဆုံး သွားသဖြင့် ယခုလအတွင်း ကိုဗစ်ဖြင့် သေဆုံးသူ သုံးဦးအထိရှိလာပြီဖြစ်ကြောင်း နာရေးကူညီမှုအသင်းတို့မှ သိရသည်။ အောက်တိုဘာလ ၆ ရက်နေ့မှ ၂၅ ရက်နေ့အထိ ကိုဗစ်ရောဂါဖြင့် သေဆုံးသူ ၃ ဦးရှိပြီဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ အောက်တိုဘာလ ၆ ရက်နေ့က မြိတ်ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်ကုသရေးဆောင်တွင် ဆေးဝါးကုသမှုခံယူနေသည့် သက်ကြီးရဟန်းတစ်ပါးနှင့် အောက်တိုဘာလ ၂၁ ရက်နေ့က ကိုးလသားအရွယ် ကလေးငယ်တစ်ဦးတို့ သေဆုံးခဲ့ သည်။ ယနေ့ အောက်တိုဘာလ ၂‌၅ ရက်တွင် ပုဂ္ဂလိကဆေးရုံတစ်ခုဖြစ်သည့် ဒက္ခိဏဒီပါဆေးရုံတွင် အသက် ၇၆ နှစ်ရှိ အမျိုးသမီးတစ်ဦးသည် ကိုဗစ်ရောဂါဖြင့် ထပ်မံသေဆုံးခဲ့ရကြောင်း ၎င်းတို့အား ကူညီဆောင်ရွက်ပေးနေသည့် […]

ကလေးငယ်များကို နှိပ်စက်မှုဖြင့် တိုင်တန်းခံရသည့် ကံပေါက်ဒေသခံသားအဖနှစ်ဦး အဖမ်းခံရ

diz_admin

October 23, 2022

ကလေးသုံးဦးအား ရိုက်နှက်နှိပ်စက်သည်ဟုဆိုကာ ရေဖြူမြို့နယ် ကံပေါက်ဒေသအနီးရှိ ဂန့်ဂေါ်တောင်ကျေးရွာမှ ‌သားအဖနှစ်ဦးကို ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အသက် ၅ နှစ်မှ ၁၅ နှစ်အရွယ် ကလေးသုံးဦးကို ဂန့်ဂေါ်တောင်ကျေးရွာရှိ ‌ရော်ဘာခြံမန်နေဂျာဟုဆိုသူနှင့် သမီးတို့က မကြာခဏ ရိုက်နှက်နှိပ်စက်လေ့ရှိကြောင်း ဒေသခံအချို့က ဆိုသည်။ “ရိုက်တာကတော့ အမြဲတမ်းရိုက်တယ်။ ရွာထဲမှာနေတဲ့သူတွေက နေ့တိုင်းမြင်နေကျဆိုတော့ ရိုးသွားပြီးလို့ကို ပြောရ မယ်။ ဒီတစ်ခါရိုက်တာက ကလေးမလေး ခပ်ကြီးကြီးတစ်ယောက်ဆို မေ့လဲသွားတဲ့အထိပဲ” ဟု ဒေသခံရွာသား တစ်ဦးက ပြောသည်။ ရိုက်နှက်နှိပ်စက်ခံရသည့် ကလေးသုံးဦး၏ မိဘနှစ်ပါးမှာ အခြားတိုင်းနှင့် ပြည်နယ်တစ်ခုမှ ၎င်း‌ရော်ဘာခြံတွင် အလုပ်သမားများအဖြစ် လာရောက်လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ရော်ဘာရာသီမတိုင်မီ အသုံးစာရိတ်အတွက် ကြိုငွေထုတ်ထားရာမှ ပြန်မဆပ်နိုင်ဖြစ်ခဲ့ရကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းနောက် […]

မြိတ်တွင် ကိုးလအရွယ် ကလေးငယ်တစ်ဦး ကိုဗစ်ဖြင့် ‌သေဆုံး

diz_admin

October 21, 2022

မြိတ်ပြည်သူ့ဆေးရုံကြီးရှိ ကိုဗစ်ကုသရေးဆောင်တွင် ဆေးဝါးကုသမှုခံယူနေသည့် ကိုးလအရွယ်ရှိ ကလေးငယ်တစ်ဦး ယနေ့ (အောက်တိုဘာ ၂၁) သေဆုံးကြောင်း နာရေးကူညီမှုအသင်းတို့မှ သိရသည်။ ကိုဗစ်ရောဂါဖြင့် သေဆုံးသည့် ကလေးငယ်မှာ တနင်္သာရီမြို့နယ်ရှိ ကျေးရွာတစ်ရွာက ဖြစ်ကြောင်း နာရေးကူညီမှုအသင်းတစ်သင်းမှ တာဝန်ခံတစ်ဦးက ပြောပြသည်။ သေဆုံးသွားသည့် ကလေးငယ်ကို နာရေးကူညီမှု အသင်းတို့မှ ကလွင်သုသာန်တွင် မီးသင်္ဂြိုဟ် ပေးခဲ့ကြောင်း ယင်းအသင်းများထံမှ သိရသည်။ မြိတ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၆ ရက်နေ့ကလည်း ကိုဗစ်ရောဂါဖြစ် အသက်ကြီး ရဟန်းတစ်ပါးပျံလွန်တော်မူခဲ့ပြီးဖြစ်သည်။ မြိတ်မြို့တွင် ယခုလအစမှ အောက်တိုဘာလ၂၀ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူ ၃၆ ဦးရှိကြောင်း တိုင်းကျန်းမာရေးဌာန၏ ထုတ်ပြန်ထားသည့် စာရင်းတွင် ဖော်ပြထားသည်။

ထားဝယ်တွင် အမျိုးသမီးဝတ် ဝမ်းဆက်ချုပ်ရန် အပ်သူများလာဟုဆို

diz_admin

October 12, 2022

ယခုနှစ်ပွင့်လင်းရာသီတွင် အမျိုးသမီးဝတ်အင်္ကျီချုပ်ရန် အထည်အပ်သူ ယမန်နှစ်ထက် ပိုများလာကြောင်း ထားဝယ်မြို့ရှိ အပ်ချုပ်ဆိုင်အချို့ထံမှ သိရသည်။ ထားဝယ်ဒေသအတွင်း အလှူ၊ မင်္ဂလာဆောင်ကဲ့သို့ အခမ်းအနားများမှာ ပြီးခဲ့သည့်နှစ်ထက် ပိုများလာသည့် အခြေအနေကြောင့် အင်္ကျီချုပ်ရန် အထည်အပ်သူများလာကြောင်း ထားဝယ်မြို့အတွင်းရှိ အပ်ချုပ်ဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောသည်။ ပြီးခဲ့သည့်နှစ်က ကိုဗစ်ကပ်ဘေးပြင်းထန်ချိန်နှင့် အာဏာသိမ်းဂယက်ကြောင့် အင်္ကျီချုပ်သူ နည်းပါးပြီး တစ်လလျှင် ၁၀ စုံခန့် သာချုပ်ရသည်ဟု ဆိုသည်။ ယခုနှစ်တွင်မူ ပျမ်းမျှအားဖြင့် တစ်နေ့လျှင် အမျိုးသမီးဝတ် ဝမ်းဆက်တစ်စုံနှုန်း ချုပ်နေရကြောင်း ၎င်းက ပြောသည်။ “အဓိက ကတော့ အလှူအတန်းပါပဲ။ အလှူရာသီဆို ချုပ်ရတာများတယ်။ အရင်နှစ်ကဆို ချုပ်တဲ့သူတွေ သိပ်မရှိဘူး” ဟု အထက်ပါ အပ်ချုပ်ဆိုင် ပိုင်ရှင်က ဆိုသည်။ ယခုနှစ်တွင် အပ်ချည်လုံး၊ လျှပ်စစ်မီတာခ […]