ထားဝယ်တက္ကသိုလ်ကျောင်းသားတစ်ဦးနှင့် ကျောင်းသူဟောင်းနှစ်ဦးကို ထောင်ငါးနှစ် ထပ်ချ
diz_admin
April 1, 2022ထောင်ဒဏ် ၂နှစ် ချမှတ်ခံထားရသည့် ထားဝယ်တက္ကသိုလ်ကျောင်းသားတစ်ဦးနှင့် ကျောင်းသူဟောင်း နှစ်ဦးတို့ကို ထောင်ဒဏ်ငါးနှစ် ထပ်မံချမှတ်လိုက်ကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက် (DPPN) က ထုတ်ပြန်သည်။ ကိုစိုးပြည့်အောင်၊ မစိုးမီမီကျော်နှင့် မသျှားပြည့်ခင်တို့ကို စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) အမှု တစ်ခုထပ်တပ်ပြီး ထောင်ဒဏ် ငါးနှစ်ထပ်တိုးအမိန့်ချ လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ မတ်လ ၃၁ ရက်နေ့က ထားဝယ်ထောင်တွင်းတရားရုံးက ယင်းသို့ ပြစ်ဒဏ်ချလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ၎င်းတို့ သုံးဦးကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၂၀ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပုဒ်မ ၅၀၅ (ဂ) အတွက် ထောင်ဒဏ် ၂ နှစ်စီ […]