BREAKING
September 19, 2024

အမျိုးသမီး/လူငယ်

ကာတာကမ္ဘာ့ဖလားနဲ့ ပျောက်ကွယ်နေဆဲ အမျိုးသမီးအခွင့်အရေး

diz_admin

November 27, 2022

ကာတာဟာ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိနေပေမယ့် ကာတာအမျိုးသမီး ဘောလုံးအသင်းကတော့ မှေးမှိန်ပျောက်ကွယ်နေပါတယ်။ ဘောလုံးနယ်ပယ်မှာ အမျိုးသမီးတွေအတွက် အခွင့်အရေးတွေ ပေးနေသရောင် ဖန်တီးထားပေမယ့် လက်တွေ့မှာတော့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေတောင် မရတာကို တွေ့ရပါတယ်။ ဒီအကြောင်း တင်ဆက်ထားတာကို ကြည့်ရှု့နားဆင်နိုင်ပါပြီ။

တော်လှန်နှင်းဆီရဲရဲနီ အာဏာရှင်ကိုအမြစ်ဖြတ်မည်

Ba Maung

November 25, 2022

အမျိုးသမီးတွေအများဆုံးပါဝင်တဲ့ သပိတ်စစ်ကြောင်းတစ်ခုဟာ “တော်လှန်နှင်းဆီရဲရဲနီ အာဏာရှင်ကိုအမြစ်ဖြတ်မည်” ဆိုတဲ့ကြွေးကြော်သံကို အားကြိုးမာန်တက်ကြွေးကြော်ရင်း စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြနေပါတယ်။ သပိတ်စစ်ကြောင်းမှာတော့ အနီရောင်အကျီတွေဝတ်ဆင်ထားကာ နှင်းဆီပန်းအနီရောင်ကိုင်ဆောင်ထားတဲ့ ရဲရင့်တဲ့ အမျိုးသမီးတွေကိုတွေ့ရပါတယ်။ ဒီသပိတ်စစ်ကြောင်းတွေကို စစ်အာဏာသိမ်းမှုနှစ်နှစ်နီးပါးရှိတဲ့အချိန်အထိ ထားဝယ်မြို့ရဲ့နေရာ တော်တော်များများမှာ တွေ့နေရဆဲဖြစ်တယ်။ ဒါကတော့အမျိုးသမီးတွေဦးဆောင်တဲ့ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)ရဲ့ သပိတ် စစ်ကြောင်းပဲဖြစ်တယ်။ ၂၀၂၁ခုနှစ် သြဂုတ်၂၈က စတင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်တဲ့ တတ်ကြွလှုပ်ရှားသူ အမျိုးသမီး တွေစုပေါင်းကာ “နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှု”ကို ထားဝယ်ခရိုင်၊လောင်းလုံမြို့နယ်မှာ စတင်ပြလုပ်ခဲ့ကြတယ်။ ဒီလှုပ်ရှားမှုတွေမှာဆိုရင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြရင်း အနီရောင်အကျီဝတ်၊နှင်းဆီပန်းအနီရောင်ကိုင်ဆောင်ကာ အမျိုးသမီးအခွင့်အရေးတွေကိုပါတောင်းဆိုခဲ့ကြတယ်။ အဲ့ဒီနောက်မှာတော့ ထားဝယ်ခရိုင်အတွင်းမှာရှိတဲ့ ထားဝယ်မြို့နယ်၊သရက်ချောင်းမြို့နယ်၊ကံပေါက်၊အရှေ့တော စတဲ့ နေရာတွေမှာပါ အမျိုးသမီးထုဦးဆောင်ပြီး စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့ “နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှု” ကိုပြုလုပ် ခဲ့ကြတယ်။ တော်လှန်ရေးလုပ်ငန်းတွေမှာ အမျိုးသမီးထုရဲ့ပါဝင်မှုကလည်း အဓိကအခန်းကဏ္ဍကနေ တည်ရှိနေသင့်တယ်ဆိုတဲ့ ယုံကြည်ချက်ကြောင့် ၂၀၂၂ ခုနှစ်မတ် ၂၇ မှာတော့ ထားဝယ်ခရိုင်အတွင်းမှာရှိတဲ့ […]

ညင်းမော်ရွာသူတစ်ဦး ပစ်သတ်ခံရပြီး အလောင်းစွန့်ပစ်ခံရ

diz_admin

November 24, 2022

နိုဝင်ဘာလ ၂၃ရက် ညနေက ပျောက်ဆုံးနေသည့် လောင်းလုံးမြို့နယ် ညင်းမော်ရွာသူကို ယနေ့ နိုဝင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် ပစ်သတ်ခံထားရသည့်ဒဏ်ရာဖြင့် အလောင်းလာရောက် စွန့်ပစ်ထားကြောင်း ဒေသခံများက ပြောသည်။ သေဆုံးသူမှာ အသက် ၆၁ နှစ်အရွယ်ရှိ ညင်းမော်ရွာသူ ဒေါ်မေသက်ရီ ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ၎င်းမှာ ညနေ ၃နာရီက ခြံထဲသွားရာမှ ပြန်မလာသဖြင့် မိသားစုဝင်များက လိုက်လံရှာဖွေရာ မတွေ့ရှိရဘဲ ယနေ့ နံနက်ပိုင်းမှ ရွာအရှေ့ဘက် လမ်းဘေးတွင် ရုပ်အလောင်းအား လာရောက်စွန့်ပစ်ထားသည်ကို တွေ့ရှိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သေနတ်ဒဏ်ရာက ဦးခေါင်းမှာ နှစ်ချက်တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။ သေဆုံးသူ၏ မောင်ဖြစ်သူမှာလည်း ယခုနှစ် ဧပြီလ ၄ ရက်နေ့က ညင်းမော်ရွာနှင့် […]

ထိုင်းတွင် ၁၄နှစ်အရွယ်မိန်းကလေးကို အဓမ္မပြုကျင့်ရန်ကြိုးပမ်းသည်ဟုဆိုကာ မြန်မာလုပ်သားဖမ်းဆီးခံရ

diz_admin

November 22, 2022

ထိုင်းနိုင်ငံ တာခ့်ခရိုင် မဲဆောက်ဒေသတွင် နေထိုင်သော အသက် ၁၄နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အဓမ္မပြုကျင့်ရန် ကြိုးပမ်းသည်ဟုဆိုကာ မြန်မာအလုပ်သမားတစ်ဦးကို မဲဆောက်ရဲတပ်ဖွဲ့က နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ဖမ်းဆီးလိုက်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ မဲဆောက်ဒေသ မယ်ပကရမ်းရွာတွင် မိဘအုပ်ထိန်းသူများ အလုပ်သွားနေချိန် အိမ်တွင် တစ်ဦးတည်းကျန်ခဲ့သော မိန်းကလေးကို မြန်မာအလုပ်သမားက အိမ်ထဲသို့ဝင်ကာ အဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ရေးသားထား သည်။ ဖမ်းဆီးခံရသူမှာ အသက် ၂၃ နှစ်အရွယ် မောင်ထူးလေး အမည်ရှိသူ မြန်မာအလုပ်သမားဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။ မိန်းကလေးငယ်သည် အိမ်တွင် တစ်ဦးတည်းကျန်ရှိနေစဉ် အိမ်တံခါးကို လာခေါက်သဖြင့် သူမ၏ မောင်ဖြစ်သူဟု ထင်မှတ်ကာ နေအိမ်တံခါးကို ဖွင့်ပေးလိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။ ဖွင့်လိုက်ချိန်တွင် မောင်ဖြစ်သူမဟုတ်ဘဲ မြန်မာအလုပ်သမားသည် နေအိမ်အတွင်းသို့ ဝင်လာပြီး […]

လောင်းလုံးမြို့ပေါ်တွင် ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံး

diz_admin

November 20, 2022

လောင်းလုံးမြို့ ပြည်သူ့ဆေးရုံအနီး လမ်းပိုင်းတစ်နေရာတွင် ယနေ့ နိုဝင်ဘာလ ၂၀ ရက် ‌ မွန်းလွဲပိုင်းက ဆိုင်ကယ်စီး လာသည့် လူငယ်အမျိုးသားနှစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးသွားကြောင်း မြို့ခံများ၏ ပြောကြားချက် အရသည်။ ယနေ့ မွန်းလွဲ ၂နာရီခွဲခန့်က ကင်းလှည့်နေသော စစ်ကောင်စီတပ်ကားတစ်စီးသည် သဗျာရွာဖက်မှ လောင်းလုံဖက်သို့ မောင်းနှင်လာရာ ၎င်းတို့နှင့် မျက်နှာချင်းဆိုင်မှ လူငယ်တစ်ဦးစီ မောင်းနှင်လာသော ဆိုင်ကယ်နှစ်စီးအား ရပ်တန့် ခိုင်းစဉ် မောင်းပြေးသဖြင့် သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတို့က ပြောသည်။ ပစ်ခတ်မှုကြောင့် အထက်ပါ ဆိုင်ကယ်မောင်းသူ နှစ်စီးအနက် အသက် ၂၀ ကျော်အရွယ် အမည်မသိလူငယ် အမျိုးသားတစ်ဦး သေဆုံးပြီး နောက်တစ်ဦး၏ အခြေအနေကိုမူ မသိရသေးကြောင်း မြို့ခံတို့က ဆိုသည်။ အထက်ပါအမည်မသိ အမျိုးသားကို လမ်းမဘေးရှိ […]

နော်ချစ်ပန်းတိုင် အသတ်ခံရမှု ၆ နှစ်ပြည့်သော်လည်း တရားခံ မဖော်ထုတ်နိုင်သေး

diz_admin

November 19, 2022

ထားဝယ်မြို့ သီချင်းဆိုပြိုင်ပွဲတွင် အသတ်ခံခဲ့ရသည့် နော်ချစ်ပန်းတိုင် ၆ နှစ်ပြည့် အောက်မေ့ဆုတောင်းပွဲကို ယနေ့ (နိုဝင်ဘာ ၁၉)ညတွင် ပြုလုပ်မည်ဖြစ်ကြောင်း ဦးဆောင်စီစဉ်သူအချို့ထံမှ သိရသည်။ နော်ချစ်ပန်းတိုင်း အသတ်ခံရသည်မှာ ၆ နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ ကျူးလွန်သည့်တရားခံကို ဖော်ထုတ်ဖမ်းဆီးနိုင်ခြင်း မရှိသေးပေ။ နော်ချစ်ပန်းတိုင်သည် ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်ညက ထားဝယ်မြို့ ရွှေဝယ်သီရိ အားကစားကွင်းတွင် ကျင်းပသည့် မြန်မာနိုင်ငံဂီတအစည်းအရုံး ရန်ပုံငွေ သီချင်းဆိုပြိုင်ပွဲတွင် ပြိုင်ပွဲစင်မြင့်နှင့်မလှမ်းမကမ်း၌ ဓားထိုးခံရပြီး သေဆုံးခဲ့သည်။ နော်ချစ်ပန်းတိုင်အမှုတွင် ကျူးလွန်သူကို ဖမ်းဆီးအပြစ်ပေးနိုင်ရေး သက်ဆိုင်ရာ အဖွဲ့အစည်းများက ကြိုးပမ်းပေးကြရန် ဝတ်ပြုဆုတောင်းကျင်းပရာတွင် ဦးဆောင်သူ တစ်ဦးဖြစ်သည့် နော်ထီးခူက ဆိုသည်။ “အဖြစ်မှန်နဲ့တရားမျှတမှုအတွက်ကို ကျွန်မတို့က သိချင်တယ်။အမှန်တရားကို သိချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသမီးငယ်တစ်ဦးလည်းဖြစ်တယ်။ […]