BREAKING
November 21, 2024

အမျိုးသမီး/လူငယ်

မြိတ်ကွန်ပျူတာတက္ကသိုလ်မှ CDM မော်ကွန်းထိန်း အပါအဝင် ဆရာ၊ ဆရာမ အချို့ အဖမ်းခံရ

diz_admin

July 15, 2022

မြိတ်ကွန်ပျူတာတက္ကသိုလ်မှ CDM ပြုလုပ်ထားသည့် မော်ကွန်းထိန်း ဆရာမ ဒေါ်သီသီဆွေအပါအဝင် ဆရာ၊ ဆရာမ သုံးဦးထက်မနည်း ယခုရက်ပိုင်းအတွင်း အဖမ်းခံရကြောင်း ၎င်းတို့နှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။ ဇူလိုင်လ ၁၄ ရက်ညက ဧည့်စာရင်းစစ်ရန်ဟုဆိုကာ ရဲအပါအဝင် စရဖ (စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့) များက ဆရာမ ဒေါ်သီသီဆွေ နေထိုင်သည့် မြိတ်မြို့၊ ကြောင်ငယ်ရပ် နေအိမ်သို့ ရောက်လာပြီး ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကွန်ပျူတာတက္ကသိုလ်ကျောင်းသားအသိုင်းအဝိုင်းထံမှ သိရသည်။ နောက်ထပ်ဖမ်းဆီးခံရသူများမှာ မြိတ်နည်းပညာတက္ကသိုလ်မှ ဆရာမ ဒေါ်အိအိဖြိုး၊ အစိုးရ နည်းပညာ အထက်တန်း ကျောင်းမှ ဆရာဦးအာကာမောင်တို့ ဖြစ်ကြသည်ဟု ဆရာ၊ ဆရာမ အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရပြီး Dawei Watch အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါ။ ၎င်းတို့ကို မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ဖမ်းဆီးခဲ့သည်ကို မသိရသေးသော်လည်း လက်ရှိတွင် […]

ကျွန်းစုတွင် အိမ်အကူမိန်းကလေးငယ်ကို ရေနွေးပူဖြင့်လောင်းပြီး နှိပ်စက်

diz_admin

June 21, 2022

မြိတ်ခရိုင်၊ကျွန်းစုမြို့နယ်၊ ကမ်းကြီးရွာတွင် အသက် ၁၁ နှစ်အရွယ် အိမ်အကူမိန်းကလေးငယ်ကို အိမ်ရှင်က ရိုက်နှက်နှိပ်စက်သည့်အပြင် ရေနွေးပူဖြင့်လောင်းခဲ့မှုကြောင့် ဆေးရုံတင်ထားရကြောင်း ဒေသခံများ ထံမှသိရသည်။ မနေ့က (ဇွန် ၂ ၀)ကမ်းကြီးကျေးရွာမှ စားသောက်ဆိုင်ပိုင်ရှင် လင်မယားနှစ်ဦးက အိမ်တွင်အကူခေါ်ထားသည့် ယင်းမိန်းကလေးငယ်ကို ရိုက်နှက်ပြီး ရေနွေးပူဖြင့်လောင်းနေသည်ကို တွေ့ရသဖြင့် အိမ်နီးချင်းများက အတင်းသွားရောက်ခေါ်ယူကာ ကျွန်းစုမြို့ဆေးရုံသို့တင်ထားကြောင်း ရွာသားများကပြောသည်။ “ရိုက်ထားလို့လည်း ဖူးရောင်နေတယ်။ နောက်ကျောတစ်ပြင်လုံးလည်း ရေနွေးနဲ့လောင်းထားတာ မြင်မကောင်းဘူး”ဟုဒေသခံ အမျိုးသားကပြောသည်။ အဆိုပါမိန်းကလေးငယ်သည် ဘုတ်ပြင်းမြို့နယ်၊ရွှေဂဲညို ကျေးရွာတွင်နေထိုင်သူဖြစ်ပြီး အိမ်ရှင်မှ တစ်နေကုန်အလုပ်များ ခိုင်းစေသည်ဟု ဒေသခံများကဆိုသည်။ အိမ်နီးချင်းများ၏ တိုင်တန်းမှုကြောင့် လက်ရှိတွင် အဆိုပါလင်မယားနှစ်ဦးကို ကျွန်းစုရဲစခန်းက ဇွန်လ ၂၀ ရက်နေ့ ညနေ ၄ နာရီခွဲခန့်က လာရောက်ဖမ်းဆီးသွားသည်ဟု ဒေသခံများကပြောသည်။ “တစ်နေကုန် ရေထမ်းခိုင်းတယ်လို့သိရတယ် […]

ထားဝယ် တောင်သုံးလုံးရွာက အမျိုးသမီးတစ်ဦး အသတ်ခံရ

diz_admin

June 19, 2022

ထားဝယ်မြို့နယ်၊ တောင်သုံးလုံးရွာက ဒေါ်မီးပျိုပျိုဆိုသည့် အမျိုးသမီးကို သုတ်သင်ရှင်းလင်းလိုက်ကြောင်း ကျားသစ်နက် ပြည်သူ့ကာကွယရေးအဖွဲ့က ဇွန်လ ၁၈ရက်တွင် ထုတ်ပြန်ထားသည်။  အသက် ၅၀ အရွယ် ဒေါ်မီးပျိုပျိုသည် လွန်ခဲ့သည့် ၃ ရက်ခန့်ကတည်းက ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း တောင်သုံးလုံးကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “သူပျောက်နေတာတော့ သုံးရက်လောက်ရှိပြီ။ အသတ်ခံရတာတော့ မသိဘူး။ ဘာသတင်းမှလည်း မကြားဘူး” ဟု အထက်ပါအမျိုးသားက ဆိုသည်။ ဒေါ်မီးပျိုပျိုသည် တောင်သုံးလုံးရွာရှိ နေအိမ်တွင် ဒေသထွက်ကုန်များနှင့် အရက်ရောင်းချကာ အသက်မွေးဝမ်းကျောင်း ပြုနေသူဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ အဆိုပါအမျိုးသမီးသည် ပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကို အချိန်ကာလကြာရှည်စွာ ဒုက္ခပေး နေသဖြင့် ကျားသစ်နက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးခဲ့ရာ သက်သေခိုင်လုံမှုကြောင့် သုတ်သင် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။  အထက်ပါ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ […]

ဆင်ကိုးရပ်ရေတံခွန်တွင် မိန်းကလေးငယ်တစ်ဦး ရေနစ်သေဆုံး

diz_admin

June 12, 2022

ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ ဆင်ကိုးရပ်ရေတံခွန်တွင် အသက် ၁၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး ရေနစ်သေဆုံးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ သေဆုံးသူမှာ အခြားဒေသတစ်ခုမှ ကံပေါက်ကျေးရွာအနီးရှိ ကန့်ကော်တောင် ကျေးရွာအုပ်စု ဆယ်အိမ်စုရွာရှိ ရာဘာခြံတစ်ခုတွင် လာရောက်အလုပ်လုပ်ကိုင်နေသူ မပပအောင်ဆိုသူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ မပပအောင်သည် အဖော်များနှင့်အတူ ဇွန်လ ၁၁ ရက်တွင်  ဆင်ကိုးရပ်ရေတံခွန်သို့ သွားရောက်ခဲ့ပြီး‌ ရေစီးနှင့်အတူ မျောပါပျောက်ဆုံးသွားခဲ့ကြောင်း ယင်းနောက် လိုက်လံရှာဖွေရာ မတွေ့ရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ယနေ့ ဇွန်လ ၁၂ ရက် နေ့လယ် ၁၁ နာရီခန့်မှ ရေနစ်သေဆုံးနေသည့် မပပအောင် အလောင်းကို ရေတံခွန်အပေါ်ပိုင်းတစ်နေရာတွင် တွေ့ရှိခဲ့ရကြောင်း ၎င်းကပြောသည်။ “အခုရာဘာခြံထဲမှာ အလောင်းပြင်ထားတယ်” ဟု ၎င်းကဆိုသည်။ မပပအောင်အလောင်းကို မတ်စောက်နေသည့်ရေတံခွန်အတွင်း ဝါးလုံးများဆင်ကာ […]

စပါးပျိုးသွားပို့သော လှေနစ်မြုပ်၊ အမျိုးသမီးတစ်ဦးသေပြီး တစ်ဦးပျောက်ဆုံး

diz_admin

June 11, 2022

လောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာတွင် ယမန်နေ့(ဇွန် ၁၀)နံနက် ကိုးနာရီ ကျော်ဝန်းကျင်ခန့်က စပါးပျိုးနှင့် ဓာတ်မြေဩဇာ တင်ဆောင်လာသော စက်လှေနစ်မြုပ်သဖြင့် လှေပေါ်ပါ အမျိုးသမီးတစ်ဦးသေဆုံးပြီး အမျိုးသားတစ်ဦးမှာလည်း ပျောက်ဆုံးနေကြောင်း သိရသည်။ သကျက်တောအော်ပြင်တွင်ရှိသော လယ်ထဲသို့ စပါးပျိုးနှင့် ဓာတ်မြေဩဇာသွားရောက် ပို့ဆောင်ခြင်းဖြစ်ပြီး လှေနစ်မြုပ်ရာတွင် လယ်ရှင်ဦးမြင့်သန်း၏ အသက် ၂၂ နှစ်အရွယ်ရှိသမီး ဖြစ်သူသေဆုံးပြီး၊ အသက် ၄၀ အရွယ်ရှိ အမျိုးသားတစ်ဦး (ဦးမြင့်သန်းအစ်မ၏ သမက်)မှာလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ ယင်းနေ့နံနက် ၈ နာရီဝန်းကျင်ခန့်က အနံလေးပေ၊အလျား ၁၂ ပေ ၊အနက် သုံးပေခန့်ရှိသည့် စက်တပ်လှေငယ်တစ်စီးဖြင့် ဦးမြင့်သန်းပိုင်လယ်သို့ စပါးပျိုးအိပ် ဆယ်အိတ်ကျော်ခန့်နှင့် ဓာတ်မြေဩဇာ နှစ်အိတ်၊ လူငါးဦးစီးနင်း လိုက်ပါ‌သွားခြင်းဖြစ်သည်။ လှေပေါ်လိုက်ပါသွားကြသူများမှာ သမီးဖြစ်သူ မနှင်းဝတီလှိုင်၊ ဦးဌေးနိုင်စိုးနှင့်  ဆွေမျိုး […]

ဟင်းချိုတောရွာတွင် ဒလန်ဆိုသူ အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရ

diz_admin

June 8, 2022

လောင်းလုံးမြို့နယ်၊ သဗြေရှောင်ကျေးရွာအုပ်စု၊ ဟင်းချိုတော‌ရွာတွင် ဇွန်လ ၇ ရက် နေ့လယ်ပိုင်းက ဒလန်ဟု နာမည်ထွက်သူ အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ပစ်ခတ်ခံရသူမှာ အသက် ၅၀ ဝန်းကျင်အရွယ်ရှိ ယင်းကျေးရွာသူ ဒေါ်မိစန်းယုဆိုသူဖြစ်ပြီး သံလျင်ကျေးရွာ ဥယျာဉ်ခြံတစ်ခုထဲသို့ ထီဖိုး ငွေကောက်ရန်သွားစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သူက ဒလန်ဆိုပြီး နာမည်တော်တော်ထွက်တယ်။ နှစ်လုံးထီ၊ သုံးလုံးထီရောင်းတယ်။ အရင်က သုံးယောက် ဖမ်းဆီးခံရတာလည်း သူကြောင့်ပဲ” ဟု ၎င်းက ပြောဆိုသည်။ သုံးဦး ဖမ်းဆီးခံရသည့် ဆိုသည့် ပြောဆိုချက်နှင့် ပတ်သက်၍မူ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ အဆိုပါသေနတ်ပစ်ခံရသော အမျိုးသမီးမှာ စိုးရိမ်ရပြီး အရေးပေါ်ကားဖြင့် ထားဝယ်ဆေးရုံကြီးသို့ တင်ပို့ထားကာ ဆေးကုသခံယူနေရကြောင်း ဒေသခံများပြောကြားချက်အရ […]

ထားဝယ်မြို့က နေအိမ်တစ်လုံးတွင် ပါဆယ်ဗုံးပေါက်၊ လေးနှစ်ကလေးနှင့် မိခင်ဖြစ်သူ ဗုံးစထိမှန်

diz_admin

June 2, 2022

ထားဝယ်မြို့ အိမ်ရှေ့ပြင်ရပ်ကွက်ရှိ နေအိမ်တစ်ဆောင်တွင် ဇွန်လ ၁ ရက် နံနက် ၉ နာရီဝန်းကျင်က ပါဆယ်ဗုံးပေါက်ကွဲသဖြင့် သားအမိနှစ်ဦး ဗုံးစထိမှန်ကြောင်း ယင်းရပ်ကွက်နေသူအချို့ထံမှ သိရသည်။ ပါဆယ်ဗုံးပေါက်သည့်နေအိမ်မှာ ဦးနော်မိုး၊ ဒေါ်တင်လှိုင်တို့၏ နေအိမ်တွင်ဖြစ်ပြီး ဒေါ်တင်လှိုင်နှင့် ၎င်း၏ သားဖြစ်သူ အသက်လေးနှစ်အရွယ် ကလေးငယ်တို့ ဗုံးစထိမှန်ဒဏ်ရာ ရရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ‌ကလေးတွင် မျက်နှာ၊ မျက်လုံးတို့ကို ထိမှန်ကာ မိခင်ဖြစ်သူ ဒေါ်တင်လှိုင်တွင်မူ ဝမ်းဗိုက်တွင် ထိမှန်ပြီး ထားဝယ်ဆေးရုံတွင် ဆေးကုသနေကြောင်း ယမန်နေ့က ဆေးရုံသို့ ကိုယ်တိုင်သွားကြည့်ခဲ့သူတစ်ဦးက ပြောသည်။ “ကလေးမှာက မျက်လုံးတွေမှာ ထိတယ်။ မျက်ဆံမှာတော့ မထိဘူး။ ကျွန်တော်တို့ သွားကြည့်တုန်းကတော့ ကလေးက မျက်လုံးဖွင့်လို့ မရသေးဘူး။ သူ့အမေမှာက‌တော့ ဗိုက်မှာ ထိထားတယ်။ နှစ်ယောက်စလုံး […]

တနင်္သာရီတိုင်းက အမျိုးသမီး အားကစားသမားနှစ်ဦး ဆီးဂိမ်းပြိုင်ပွဲတွင် ဒုတိယနှင့် တတိယဆုရရှိ

diz_admin

May 22, 2022

ဗီယက်နမ်နိုင်ငံတွင် ကျင်းပနေသည့် ဆီးဂိမ်းပြိုင်ပွဲတွင် တနင်္သာရီတိုင်းသူနှစ်ဦးက ဂျူဒိုနှင့် လက်ဝှေ့အားကစားနည်းတို့တွင် ဒုတိယဆုနှင့် တတိယဆုများ အသီးသီး ရရှိခဲ့ကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာဦးစီးဌာနထံမှ သိရသည်။ ၃၁ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)ကို ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် မေလ (၁၂)ရက်နေ့မှ (၂၃)ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်သည်။ ယင်းဆီးဂိမ်းပြိုင်ပွဲတွင် သရက်ချောင်းမြို့နယ်သူ မခြူးမြတ်နိုးဝေက ဂျူဒို ၅၇ ကီလိုတန်းတွင် ဒုတိယဆု ငွေတံဆိပ်ရရှိခဲ့ပြီး ပုလောမြို့နယ်သူ မအေးငြိမ်းထူးမှာ လက်ဝှေ့ ၄၈ ကီလိုတန်းတွင် တတိယဆု ကြေးတံဆိပ်ကို ရရှိခဲ့ခြင်းဖြစ်သည်။ မအေးငြိမ်းထူးမှာ ၂၀၁၉ ခုနှစ်ကပြုလုပ်သည့် ဖီလစ်ပိုင်ဆီးဂိမ်းပြိုင်ပွဲတွင်လည်း လက်ဝှေ့အားကစားနည်းဖြင့် တတိယဆု ကြေးတံဆိပ်ဆွတ်ခူးပေးထားသူဖြစ်သည်။ ဆီးဂိမ်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် တနင်္သာရီတိုင်းမှ အမျိုးသမီး အားကစားသမား ၄ ဦးဝင်ရောက်ယှဉ်ပြိုင်နေခြင်းဖြစ်ပြီး […]