ဘယ်သူကူလို့ ကယ်ပါနိုင်
Dawei Watch
September 5, 2024အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုရဲ့ သားကောင်တွေ မဖြစ်စေဖို့ ကမ္ဘာတစ်ဝန်း အင်တိုက်အားတိုက် လုပ်ဆောင်နေကြချိန် မြန်မာနိုင်ငံမှာတော့ ပုံစံမျိုးစုံနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံနေရတဲ့ အမျိုးသမီးတွေ ကူရာမဲ့နေပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ တိုက်ပွဲတွေအတွင်း အမျိုးသမီးတွေ ပုံစံမျိုးစုံနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားအမြတ်ထုတ် ခံနေကြရတာပါ။ ဒါပေမဲ့ တိုင်ကြားမှုယန္တရား အားမကောင်းတာကြောင့် ဖော်ထုတ်ဖို့ကြိုးစားရင် စော်ကားခံရသူသာ ပိုပြီးဒုက္ခရောက်ကြလို့ ကြိတ်မှိတ်ခံနေကြရသူတွေ ပိုများပါတယ်။ မုဒိမ်းကျင့်ခံခဲ့ရတဲ့အထိ လိင်အမြတ်ထုတ်မှုတွေအတွက် ရဲရဲဝံ့ဝံ့ထုတ်ဖော်ဖို့ ကြိုးစားခဲ့တဲ့ အမျိုးသမီးတွေမှာလည်း ဖိနှိပ်မှုမျိုးစုံ၊ ခြိမ်းခြောက်မှုမျိုးစုံ ကြုံကြရပြီး ပိုမိုခက်ခဲဒုက္ခရောက်တာပဲ အဖတ်တင်ရပါတယ်။ ကျူးလွန်သူကတော့ အရေးယူခံရမှုကနေ လွတ်မြောက်နေတဲ့ ဖြစ်စဉ်တွေလည်း ရှိနေပါတယ်။ Dawei Watch အနေနဲ့ ပဋိပက္ခကာလထဲ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတဲ့ တနင်္သာရီတိုင်းက […]