BREAKING
January 22, 2025

အမျိုးသမီး/လူငယ်

လော့စ်အိန်ဂျလိစ်တောမီးကို သက်စွန့်ဆံဖျား ငြှိမ်းသတ်ပေးနေတဲ့ ပါဝါရိန်းဂျားပန်းရောင်

Dawei Watch

January 20, 2025

ဒါက ပါဝါရိန်းဂျား အနီကောင် မဟုတ်ပါဘူး။ ပါဝါရိန်းဂျား ပန်းရောင်ကောင်မလေး ဖြစ်ပါတယ်။ ပါဝါရိန်းဂျား ခေတ်ဦးဇာတ်ကားတွေကိုကြည့်ဖူးရင် သူမက ဘယ်သူလဲဆိုတာကို အားလုံး သိရှိနေမှာပါ။ ပန်းရောင်ပါဝါရိန်းဂျားဇာတ်ရုပ်နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်မင်းသမီးလေးဟာ ဒီနေ့ ဒီအချိန်မှာ တကယ့်ကို ပါဝါရိန်းဂျားအစစ်ဖြစ်လို့နေပါပြီ။ ဘာကြောင့်လဲဆိုတော့ သရုပ်ဆောင်မင်းသမီးဘဝကို ကျောခိုင်းပြီးတဲ့နောက် ပါဝါရိန်းဂျား ပန်းရောင်ကောင်မလေးက မီးသတ်တပ်ဖွဲ့ထဲကို ဝင်ရောက်လိုက်လို့ပါပဲ။ လော့စ်အိန်ဂျလိစ်မှာ လောင်ကျွမ်းနေတဲ့ တောမီးကို သက်စွန့်ဆံဖျား လိုက်လံ ငြှိမ်းသတ်ပေးနေသူတွေထဲမှာ ပါဝါရိန်းဂျား ပန်းရောင်မင်းသမီးလေးလည်းတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ အခုလို မီးသတ်သမားဘဝဆီ ကူးပြောင်းဝင်ရောက်သွားခဲ့သူ ပါဝါရိန်းဂျားပန်းရောင်ကောင်မလေးရဲ့နာမည်ကတော့ ပက်ထရစ်ရှာ ဂျာလီး ပါပဲ။

ဘန်ကောက်မှာ ဟင်းအော်ဒါပို့ရင်း တက္ကသိုလ်ဆက်တက်ဖို့ ကြိုးစားနေသူ

Dawei Watch

December 26, 2024

တက္ကသိုလ်နောက်ဆုံးနှစ် မြန်မာကျောင်းသူတစ်ဦးက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဟင်းအော်ဒါပို့ရင်း ကျောင်းဆက်တက်ဖို့ ကြိုးစားနေပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်အောက်မှာ တက္ကသိုလ် ဆက်မတက်ချင်တော့တဲ့အတွက် CDM လုပ်ခဲ့ပြီး ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလာခဲ့တာပါ။ ဒဂုံတက္ကသိုလ်မှာ နောက်ဆုံးနှစ် ဇီဝဓာတုဗေဒဘာသာရပ်နဲ့တက်ရောက်ခဲ့သူဖြစ်ပြီး လက်ရှိမှာတော့ တက္ကသိုလ်ပညာရေး ဆက်လက်သင်ယူနိုင်ဖို့အတွက် အားမလျှော့ဘဲ ကြိုးစားရုန်းကန်နေပါတယ်။ ဘယ်လိုရုန်းကန်နေရပါသလဲ။

ထိုင်းတွင် ကရင်ကျောင်းသား ၂၀ နီးပါး လိင်ပိုင်းဆိုင်ရာ စော်ကားခံရ

Dawei Watch

November 28, 2024

ထိုင်းနိုင်ငံ၊ ရတ်ချ်ဘူရီခရိုင်၊ စဝမ်ဖုန်ဒေသရှိ ထိုင်းအစိုးရ စာသင်ကျောင်းတွင် ပညာသင်ယူနေသော ကရင်ကျောင်းသား ၂၀ နီးပါးကို ထိုင်းကျောင်းဆရာတစ်ဦးက လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် စော်ကားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ကျောင်းသား ၉ ဦးကို ကျောင်းဆရာတစ်ဦးက လိင်ပိုင်းဆိုင်ရာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သဖြင့် အရေးယူပေးရန် ကျောင်းသားမိဘများက စဝမ်ဖုန်ရဲစခန်းထံ နိုဝင်ဘာလ ၂၅ ရက်နေ့က အမှုဖွင့်တိုင်ကြားခဲ့သည်။ ယင်းနောက် ကျောင်းဆရာကို နိုဝင်ဘာလ ၂၆ ရက်နေ့တွင် ဝရမ်းထုတ် ဖမ်းဆီးစစ်ဆေးခဲ့ပြီး ရဲတပ်ဖွဲ့က ထပ်မံစုံစမ်းစစ်ဆေးရာမှ ကျူးလွန်ခံရသော ကျောင်းသား (အမျိုးသား)ဦးရေ ၁၇ ဦးအထိ တိုးလာခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ၎င်းတို့အနက် ကျောင်းသားမိဘ ၁၂ ဦးက တိုင်ချက်ဖွင့်ထားပြီး နောက်ထပ် ၅ ဦးကလည်း တိုင်ချက်ဖွင့်ရန် […]

နေအိမ်သည် အမျိုးသမီးများအတွက် အန္တရာယ်အရှိဆုံးနေရာ – ကုလအစီရင်ခံစာ

Dawei Watch

November 26, 2024

၂၀၂၃ ခုနှစ် တစ်နှစ်တာအတွင်း လက်တွဲဖော် သို့မဟုတ် ဆွေမျိုးရင်းချာတစ်ဦးဦး၏ သတ်ဖြတ်မှုကြောင့် တစ်နေ့လျှင် အမျိုးသမီးနှင့် မိန်းကလေးဦးရေ ပျမ်းမျှ ၁၄၀ ခန့် သေဆုံးခဲ့ရကြောင်း ကုလသမဂ္ဂအစီရင်ခံစာတွင် ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်အတွင်း ကမ္ဘာ့အနှံ့တွင် အမျိုးသမီးနှင့် မိန်းကလေးဦးရေ ၈၅,၀၀၀ ဦး အသတ်ခံခဲ့ရပြီး ယင်းတို့၏ ၆၀ ရာခိုင်နှုန်းမှာ လက်တွဲဖော် သို့မဟုတ် မိသားစုဝင်တစ်ဦးဦး၏ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း တနင်္လာနေ့က ထုတ်ပြန်လိုက်သည့် မူးယစ်ဆေးနှင့် ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အပြည်ပြည်ဆိုင်ရာနေ့ အထိမ်းအမှတ်အဖြစ် ယင်းအစီရင်ခံစာကို တနင်္လာနေ့တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ “အမျိုးသမီးများနှင့် မိန်းကလေးများသည် လိင်အကြမ်းဖက်မှုဒဏ်ကို နေရာအနှံ့တွင် ဆက်လက်ခံစားနေရဆဲ ဖြစ်သည်။ အမျိုးသမီးများအဖို့ […]

လက်ချောင်းပြတ်သူ၊ အုန်းပင်တက် မွေးကင်းစကလေးအမေ – အန္တရာယ်ကြားမှ ထိုင်းရောက်အလုပ်သမများ

Dawei Watch

November 25, 2024

ထိုင်းကို ရောက်သည်မှာ ၂ နှစ်ကျော်သာရှိသေးသည့် အသက် နှစ်ဆယ်ကျော်အရွယ် မမြင့်တစ်ယောက် လက်ချောင်းနှစ်ချောင်း ဆုံးရှုံးထားရပြီဖြစ်သည်။ ရန်ကုန်တွင် အထည်ချုပ်လုပ်ခဲ့ဖူးသည့် မမြင့် (အမည်လွှဲ) က ပဲခူးတိုင်းဇာတိဖြစ်သည်။ ထိုင်းနိုင်ငံသို့ ရောက်လာပြီး တရားဝင်အထောက်အထားမရှိသေးသည့်အတွက် ပထုံဌာနီရှိ ရေခဲသေတ္တာထုတ်လုပ်ရေး စက်ရုံတစ်ခုတွင် စက်ဖြင့်သံပြားဖောက်ရသည့်အလုပ်ကို ဝင်လုပ်ခဲ့ရသည်။ အန္တရာယ်များသည့် လုပ်ငန်းခွင်ဖြစ်သော်လည်း စားဝတ်နေရေးအတွက် မဖြစ်မနေလုပ်ရမည့် အခြေအနေကြောင့် ငြင်းဆန်နိုင်စွမ်းမရှိခဲ့ပေ။ အလုပ်ဝင်ပြီး မကြာမီတွင်ပင် လုပ်ငန်းခွင် မတော်တဆမှုတစ်ခုအတွင်း လက်ချောင်းနှစ်ချောင်းဆုံးရှုံးလိုက်ရသည်။ “ကျွန်မအလုပ်က ခြေနင်းကို နင်းပြီး အပေါ်ကနေ စက်နဲ့ ရိုက်ချပြီး သံပြားတွေကို အပေါက်ဖောက်ရတာ။ အဲဒီမှာ စက်ချို့ ယွင်းပြီး မနင်းဘဲ သူ့ဘာသာသူကျလာတဲ့အချိန် လက်ကို ထိတာပဲ။ လက်က သုံးချောင်းထိတာ။ အဲဒီမှာ လက်နှစ်ချောင်းက ဖြတ်လိုက်ရတယ်။ တစ်ချောင်းက […]

အရမ်းချောတဲ့ မြန်မာဖိုက်တာမလေး သက်ထားစံနဲ့ထိုးဖို့ ပြိုင်ဘက် ရှာနေပြီ

Dawei Watch

November 5, 2024

အပြောမဟုတ်ဘဲ အလုပ်နဲ့သက်သေပြချင်ပါတယ်လို့ မြန်မာကစ်ဘောက်ဆင်မယ်လေး သက်ထားစံ က ပြောလာပါတယ်။ နုဖတ်နေအောင် ချောမောလှပလွန်းတဲ့ သက်ထားစံကို ကစ်ဘောက်ဆင်ထိုးတတ်တယ်လို့ပြောရင် တချို့က မယုံကြည်ကြပါဘူး။ အခုလည်း သူမက အရမ်းကို ချောလွန်းနေတော့ သူမအတွက် ပြိုင်ဘက်ရှာနေပါတယ်ဆိုတာကို မယုံကြည်ကြဘဲ လူကြိုက်များအောင် ပွဲရှာနေတယ်လို့ ထင်ကြပါတယ်။ သက်ထားစံဟာ အသက် ၂၆ နှစ်အရွယ် ရှိနေပါပြီ။ အရပ်က ၅ ပေ ၂ လက်မ ပါ။ ၅၁ ကီလိုဝိတ်တန်းမှာ သူမ ထိုးမှာဖြစ်ပါတယ်။ စိန်ခေါ်ပွဲကို ကစ်ဘောက်ဆင်နည်းနဲ့ပဲ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၂ ရက်နေ့ရောက်ရင် ကျင်းပမယ့် 3MA Amateur 6 ပြိုင်ပွဲမှာ သက်ထားစံရဲ့ ပွဲစဉ်ကို ထည့်သွင်းထားတာပါ။ ဒါပေမဲ့ လက်ရှိအချိန်ထိ သက်ထားစံနဲ့ယှဉ်မယ့်ပြိုင်ဘက် ပေါ်ထွက်မလာသေးပါဘူး။

ယူ-၁၇ အမျိုးသမီး ကမ္ဘာ့ဖလားမှာ မြောက်ကိုရီးယား ခြေစွာနေပြန်ပြီ

Dawei Watch

October 26, 2024

ဒိုမီနီကန် ရီပတ်ဘလစ်နိုင်ငံမှာ ကျင်းပနေတဲ့ ယူ-၁၇ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မြောက်ကိုရီးယား ယူ-၁၇ အမျိုးသမီးအသင်းက အုပ်စုဗိုလ်နေရာကို ရယူပြီး နောက်တစ်ဆင့်ဆီ တက်သွားခဲ့ပါပြီ။ မြောက်ကိုရီးယား ယူ-၁၇ အမျိုးသမီးဘောလုံးအသင်းဟာ အုပ်စုအဆင့်မှာ မက္ကဆီကို,ကို လေးဂိုး တစ်ဂိုး၊ ကင်ညာကို သုံးဂိုး ဂိုးမရှိ၊ အင်္ဂလန်ကို လေးဂိုး ဂိုးမရှိနဲ့ အနိုင်ယူပြီး အုပ်စုဗိုလ်နေရာကို ရယူခဲ့တာပါ။ ကွာတားဖိုင်နယ်မှာ မြောက်ကိုရီးယား ယူ-၁၇ အမျိုးသမီးအသင်း ရင်ဆိုင်ရမယ့်ပြိုင်ဘက်က ပိုလန် ဖြစ်ပါတယ်။ တခြား ကွာတားဖိုင်နယ်ပွဲစဉ် ၃ ပွဲမှာ ဂျပန်နဲ့ အင်္ဂလန်၊ စပိန်နဲ့ အီကွေဒေါ၊ နိုင်ဂျီးရီးယားနဲ့ အမေရိကန်တို့ ဆုံတွေ့နေပါတယ်။ မြောက်ကိုရီးယား ယူ-၁၇ အမျိုးသမီးဘောလုံးအသင်းဟာ ကွာတားဖိုင်နယ်မှာ ပိုလန်ကို အနိုင်ယူကျော်ဖြတ်နိုင်ခဲ့ရင် ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် နိုင်ဂျီးရီးယားနဲ့ […]

ကမ္ဘာတစ်ဝန်းဆီက အသိအမှတ်ပြုမှုကို ရရှိခဲ့တဲ့ Miss Grand ဟေတီ

Dawei Watch

October 24, 2024

မြန်မာပရိသတ်တွေအကြားမှာ အရမ်းပဲ လှုပ်လှုပ်ခတ်ခတ်ဖြစ်နေတဲ့ Miss Grand International ပြိုင်ပွဲမှာ ကမ္ဘာတစ်ဝန်းဆီက အသိအမှတ်ပြုမှုကို ရရှိသွားခဲ့တဲ့ အလှမယ်တစ်ယောက် ထွက်ပေါ်လာခဲ့ပါတယ်၊ အဲ့ဒီအလှမယ်ကတော့ Miss Grand ဟေတီ ရှိုင်ကာ လော်ဗင်းဂျီ ကာဒက် ပါပဲ။ မြန်မာနိုင်ငံဆီက အမှန်တရားကို လိုလားတဲ့၊ စစ်ကို ရွံမုန်းတဲ့၊ တရားမျှတမှုကို မြတ်နိုးတဲ့ ပရိသတ်တွေကလည်း ကိုယ့်နိုင်ငံရဲ့ ဖြစ်ပျက်နေမှုတွေကို ရဲရဲဝံ့ဝံ့ ထုတ်ဖော်အသိပေးသွားခဲ့သူ ဟေတီအလှမယ်ကို အားပေးထောက်ခံခဲ့ကြပါတယ်။ ဟေတီအလှမယ်ကလည်း ဒီအလှမယ်ရွေးပွဲကို သူမ ရောက်လာရတာဟာ ကိုယ့်နိုင်ငံနဲ့ ကိုယ့်နိုင်ငံသားတွေ ဘယ်လိုဖြစ်ပျက်နေတယ်၊ ဘယ်လိုတွေရင်ဆိုင်နေရတယ်ဆိုတာ ကမ္ဘာက သိသွားစေချင်တာကြောင့်ပဲဖြစ်တယ်။ ဆုမရခဲ့ရင်လည်း ဟေတီ ဘာဖြစ်နေတယ်ဆိုတာကို သူမ တတ်နိုင်တဲ့နည်းလမ်းတစ်ခုနဲ့ ကမ္ဘာကသိအောင် လုပ်ပေးနိုင်ခဲ့လို့ ကျေနပ်ပါတယ် လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။