BREAKING
September 20, 2024

လူထုအသံ

ဇူလိုင်တွင် ကျောင်းဖွင့်ရန် သေချာဟုဆို

diz_admin

May 18, 2020

အခြေခံပညာကျောင်းများ ဇူလိုင်လတွင် ပြန်လည်ဖွင့်လှစ်ရန် သေချာကြောင်း အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ပြောကြားသည်။ ရန်ကုန်ခေတ်သစ် မီဒီယာနှင့် တွေ့ဆုံမေးမြန်းမှုတွင် ထိုသို့ပြောကြားခြင်းဖြစ်ပြီး ကျောင်းဖွင့်မည့် ရက်ကို အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။ ကျန်းမာရေးအရ လမ်းညွှန်ချက်နှင့် အညီသာ ကျောင်းများ ပြန်ဖွင့်မည်ဖြစ်ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသူကျောင်းသားများအတွက် ပြန်လည် အသုံးပြုနိုင်သော နှာခေါင်းစည်းများ အဆင်သင့် ပြင်ထားမည်ဖြစ်ကြောင်း ဦးကိုလေးဝင်းကဆိုသည်။ “အများကြီးကြောက်မနေပါနဲ့။ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာန နှစ်ခုပေါင်းပြီးတော့ ကလေး တွေရဲ့ ကျန်းမာရေး Safe ဖြစ်အောင်တော့ ကြိုးစား ပါ့မယ်လို့ ဒါလေးလည်းပဲ မိဘပြည်သူတွေကို အသိပေးစေချင်ပါတယ်”ဟု ၎င်းက ဆိုသည်။ ကိုဗစ်ရောဂါ ကာကွယ်ရေးအတွက် အသွားအလာကန့်သတ် စောင့်ကြည့်သည့် နေရာ (Quarantine Center) […]

“တန်းတူအခွင့်အရေးဆိုတာ ဘာလဲ”

diz_admin

May 4, 2020

ကိုဗစ် လျှပ်စစ်ယူနစ် ခံစားခွင့် ထားဝယ်မပါ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး အရေးကြီးကာလဖြစ်သည့် ဧပြီလအတွက် လျှပ်စစ်ယူနစ်ဈေးနှုန်း သို့မဟုတ် ယူနစ်လျှော့ပေါ့ပေးရေး အစီအစဉ်တွင် ထားဝယ်ခရိုင်အတွင်းရှိ မီးသုံးသူများ မပါကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။ မြိတ်တွင် လျှပ်စစ်တစ်ယူနစ်နှုန်းထား ၁၀၀ ကျပ် လျှော့ချပေးခြင်း၊ ကော့သောင်းမြို့ပေါ်တွင် တစ်ယူနစ် ၅၀ ကျပ်လျှော့ချပေးပြီး ၁၀ ယူနစ် အခမဲ့ ပေးခြင်းတို့ ရှိသော်လည်း ထားဝယ်တွင် လျှပ်စစ်မီတာခ လျှော့ချခြင်း၊ အခမဲ့ ယူနစ်သတ်မှတ်ခြင်း နှစ်မျိုး စလုံးတွင် မပါရှိပေ။ ထားဝယ်ခရိုင်လျှပ်စစ်ထုတ်လုပ် ဖြန့်ဖြူးရေးလုပ်ငန်းကို Petro & Tran ကုမ္ပဏီက လုပ်ကိုင်နေခြင်းဖြစ်ပြီး တစ်ယူနစ်လျှင် ၂၃၈ ကျပ် ကောက်ခံနေသည်။ အဆိုပါကုမ္ပဏီက ဒီဇယ်စက်ဖြင့် […]

သူတို့၏ ကိုဗစ် သောက

diz_admin

April 27, 2020

ရုန်းကန်ခြင်းများနှင့် များစွာ မစိမ်းလှသော လူသားတို့တွင် နောက်ထပ် သောကဖိစီးမှုတို့က လာပြန်သည်။ ကိုဗစ်ကပ်ဘေးက လူကြီး လူငယ် ငါသူတစ်ပါး ယောက်ျား၊ မိန်းမ မရွေး သောကတို့ ထပ်ပေးပြန် သည်။ ယင်းတို့ အနက်မှ တကသိုလ်ကျောင်းသား၊ အစိုးရဝန်ထမ်း၊ ဈေးရောင်းသူနှင့် အိမ်ရှင်မတို့၏ သောကတို့ကို စုစည်းဖော်ပြလိုက်ပါသည်။ ဖြစ်နေတဲ့ ကပ်ရောဂါက ကျွန်တော်တို့နိုင်ငံမှာ ပဲ သီးသန့်ဖြစ်နေတာမဟုတ်တော့ ကမ္ဘာနဲ့ချီပြီးဖြစ် နေတဲ့ ကိစ္စဆိုတော့လေ။ အဲဒီရောဂါက မြန်မာကို လည်းရောက်လာတော့ နောက်ထပ်လုပ်ရမယ့်အလုပ် တွေ၊ ရှေ့ဆက်လုပ်မယ့်အလုပ်တွေသည် အပြောင်း အလဲတွေရှိလာမှာ။ အခုဘွဲ့ရတာသည် အချိန် နည်းနည်း ကြာသွားမှာဖြစ်လို့ နောက်လျှောက်မယ့် လမ်းမှာလဲ အကုန်ကိုးလိုးကန့်လန့်ဖြစ်သွားတာပေါ့။ ကျွန်တော်တို့ လေးနှစ်ကျော်ကျောင်းတက်လာပြီး အခုနောက် ဆုံးနှစ် ပထမနှစ်ဝက်ပြီးရင် ရန်ကုန်ကို အလုပ်သင် […]

လယ်ယာမြေပေါ် အခြားနည်း အသုံးပြုခွင့်မရှိဘဲ မြေဖို့၊ အိမ်ဆောက်၊ မြေအကွက်ရိုက်ကိစ္စ အမြင်များ

diz_admin

February 20, 2020

တနင်္သာရီတိုင်းအတွင်း လယ်ယာမြေပေါ် အခြားနည်းအသုံးပြုခွင့်မရှိဘဲ မြေဖို့ခြင်း၊ အိမ်ဆောက်ခြင်း၊ မြေအကွက်ရိုက်ရောင်းချခြင်း တွင်ကျယ်စွာ လုပ်ကိုင်နေသည်။ ထိုသို့ အခြားနည်းအသုံးပြုခွင့်မရှိဘဲ လုပ်ကိုင်နေခြင်းကို သက်ဆိုင်ရာတာဝန်ရှိသူများ ကြပ်မတ်စိစစ်မှု အားနည်းနေသည့်အပေါ် ပြောဆိုဝေဖန်မှုများလည်း ရှိနေသည်။ ထိုကြောင့် လယ်ယာမြေပေါ် အခြားနည်းအသုံးပြုခွင့်မရှိဘဲ မြေဖို့ခြင်း၊ အိမ်ဆောက်ခြင်း၊ မြေအကွက်ရိုက်ရောင်းချခြင်းကိစ္စရပ်များ အပေါ် တာဝန်ရှိသူများ၏ လုပ်ဆောင်ထားချက်များ၊ စိန်ခေါ်မှုများ၊ ဒေသခံများ၏ သဘောထားအမြင်များကို တင်ပြလိုက်သည်။ ဦးအောင်နိုင်ဦး၊ အုပ်ချုပ်ရေးမှူးတာဝန် နှစ်ကြိမ်ထမ်းဆောင်ခဲ့ဖူးသူ၊ ကြက်စားပြင်ရပ်ကွက် တကယ်တမ်းကတော့ မီးမလောင်ခင် တားရမှာ။ ဒါကိုလုပ်မှ သွားတားတာထက် မလုပ်ခင်ကတည်းက တားရမှာ။ သူတို့ဘက်က လည်း လုပ်လို့ရတယ်လို့ စမ်းပြီးလုပ်တာ။ စမ်းပြီးလုပ်ရင်းမှ ပြီးမှ ဖြစ်လာတာ။ မလုပ်ခင်ကတည်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးက တင်ပြ ရမှာ။ သူတို့က သိတယ်။ မသိတဲ့အုပ်ချုပ်ရေးမှူး မရှိဘူး။ […]

တရားဥပဒေ စိုးမိုးရေး ဧရိယာပြင်ပမှ ထော်လာဂျီများ

diz_admin

January 20, 2020

ထားဝယ်မြို့အတွင်း ထော်လာဂျီမဝင်ရလမ်းများကို တိုင်းဒေသေကြီးအစိုးရခွင့်ပြုချက်ဖြင့် ပြီးခဲ့သည့်နှစ်များက သတ်မှတ်ထားသည်။ စည်းကမ်းမဲ့ ထော်လာဂျီအချို့က မြို့အတွင်း လူစည်ကားသည့် လမ်းများတွင် သံလုံး၊ ဘိလပ်မြေအိတ်များ စသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများတင်ဆောင်ကာ အရှိန်ပြင်းမောင်းနှင်မှုများ ကြောင့် မဝင်ရ လမ်းများ သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ အာဇာနည်လမ်း(ကမ်းနားဈေးမှ ဗိုလ်ချုပ်ကြေးရုပ်အထိ)၊ ညောင်ပင်ကြီးလမ်း (ဆိပ်ကမ်းသာလမ်းဆုံမှ ဗိုလ်ချုပ်လမ်းအထိ)၊ ရေးလမ်း(ဥတ္တံားကြီးလမ်းဆုံမှ အာဇာနည်လမ်းဆုံအထိ)၊ အလယ်လမ်း (အာဇာနည် လမ်းဆုံမှ တောင်ခွလမ်းဆုံအထိ)နှင့် ကမြောကင်းလမ်း(ကမြောကင်းတံတားလမ်းဆုံမှ ဆန်းချီလမ်းဆုံအထိ) အစရှိသည့် လမ်းပိုင်းနေရာများကို ထော်လာဂျီမဝင်ရ လမ်းအဖြစ် သတ်မှတ်ထားသည်။ ထိုသို့ သတ်မှတ်ထားပြီးနောက်ပိုင်းတွင် ကြီးကြပ်မှုအားနည်းသည့်အတွက် ထော်လာဂျီများဖြတ်သန်းဝင်ရောက်နေဆဲ အနေအထားအပေါ် အများပြည်သူများအကြား ဝေဖန်ပြောဆိုနေမှုများလည်းရှိနေသည်။ တနင်္သာရီတိုင်းဒေသကြီးစည်ပင်သာယာရေးဥပဒေတွင်လည်း ဆောက်လုပ်ရေးသုံးပစ္စည်းများ သယ်ယူပို့ဆောင်သည့် မည်သည့်ယာဉ်အမျိုးအစားကိုမဆို သတ်မှတ်လမ်းကြောင်းအတိုင်းသာ မောင်းနှင်စေရန် မြို့နယ်စည်ပင်သာယာရေးကော်မတီက ညွှန်ကြားနိုင်သည်ဟု ဖော်ပြထားသည်။ ယင်းနှင့်ပတ်သက်၍ […]