BREAKING
September 20, 2024

လူထုအသံ

တရားမျှတမှု ပြန်ပေးပါ

diz_admin

November 24, 2021

(ကျန်ရစ်သူတွေရဲ့ အသံ) စစ်အာဏာသိမ်းကာလမှာ စစ်တပ်နှင့်ရဲက ပစ်သတ်လို့ သေဆုံးသွားသူတို့ရဲ့ ကျန်ရစ်သူ မိသားစုတွေဟာ သေဆုံးသွားသူတို့အတွက် တရားမျှတမှုကိုရချင်ပေမယ့်လည်း လက်ရှိအချိန်ထိ နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုနဲ့ ကိုဗစ်ကပ်ဘေးကြားမှာ စီးပွားရေးမပြေလည်မှုတွေပါ ထပ်ပြီးရင်ဆိုင်နေရတာပါ။ ဖေဖော်ဝါရီလ ၁ ရက်က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးတဲ့နောက် နိုင်ငံအဝှမ်းမှာရှိတဲ့ ပြည်သူလူထုက ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။ စစ်အာဏာသိမ်းမှုကို ဆန္ဒပြခဲ့ကြတဲ့ ပြည်သူလူထုကို စစ်တပ်နှင့်ရဲက အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုတွေပြုလုပ်ခဲ့တာကြောင့် ထားဝယ်ဒေသက ဒီမိုကရေစီအရေးလူထုလှုပ်ရှားမှုမှာပါဝင်သူ အချို့သေဆုံးခဲ့ကြပါတယ်။ ဒီအထဲမှာ ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်က သုံးဘီးမောင်းပြီး မိသားစုကို ရှာဖွေကျွေးမွေးနေတဲ့ အသက် ၅၁ နှစ်ရှိပြီဖြစ်တဲ့ ဦးဝင်းလှိုင်ထွန်းလည်း ပါဝင်ပါတယ်။ ယခင်က ကြက်စားပြင်ရပ်ကွက်မှာ ထားဝယ်အင်ဂျင်နီယာသပိတ်စစ်ကြောင်းနဲ့ ပညာရေးဌာနက ဆရာ၊ ဆရာမသပိတ်စစ်ကြောင်းတွေ အမြဲလို ဆန္ဒပြလှုပ်ရှားမှုတွေရှိခဲ့တဲ့အပြင် ညသပိတ်၊ အရုဏ်ဦးသပိတ်၊ ရပ်ကွက်သပိတ်တွေ […]

ငတ်ပြီး သေရမှာကို ပိုကြောက်တယ်

diz_admin

July 16, 2021

(အာဏာသိမ်းအပူပေါ် ကိုဗစ်က ထပ်ဆင့်လိုက်သော အခါ- လူထုအသံ) ကိုဗစ်ကပ်ဘေး ဒုတိယလှိုင်းကြောင့် ယိုင်နဲ့နေသည့် မြန်မာနိုင်ငံ၏ စီးပွားရေးကို နောက်ထပ်အကြောင်းတရားတစ်ခုက ထပ်မံထိုးနှက်ခဲ့ပြန်သည်။ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံခြား စီးပွားရေးလုပ်ငန်းအချို့ ပြန်ထွက်သွားခြင်း၊ ဘဏ်မှ ငွေလိုသလောက် မထုတ်နိုင်ခြင်း ၊ ငွေကြေးဖောင်းပွခြင်း အပါအဝင် အခြားအကြောင်းအရာများကြောင့် စီးပွားရေးကျဆင်းလာနေသည်။ ထိုသို့သော အခြေအနေတွင် တစ်ကျော့ပြန် ကိုဗစ်ကူးစက်မှုကလည်း အဆမတန်များပြားလာပြီး စီးပွားရေးကျဆင်းမှုအပေါ် အဆင်းဘီးတပ်ပေးသကဲ့သို့ ဖြစ်စေခဲ့သည်။ လက်ရှိတွင် ပြည်သူများအနေဖြင့် စီးပွားရေး အဆင်မပြေမှုနှင့် ရောဂါကပ်ဘေးကြား ဗျာများနေရကြောင်း ငြီးတွားကြသည်။ ထိုကြောင့် ပြည်သူအချို့၏ ခံစားချက်ကို ပဲ့တင်နိုင်ရန် တနင်္သာရီတိုင်းအတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်၊ ပရဟိတသမားနှင့် အခြေခံလူတန်းစားအချို့ကို မေးမြန်းထားပါသည်။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ နိုင်ငံရေးအခြေအနေအရ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဈေးကွက်ပျောက်တာပေါ့နော်။ အရင်တုန်းက ဂေဟ က […]

မြေဇာပင် မြန်မာ့နိုင်ငံရေး ပြည်သူကို မျက်နှာမူကြပါ

diz_admin

February 5, 2021

ဇန်နဝါရီလ ၂၆ ရက်က တပ်မတော်ကပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် “တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ရမလား” ဟု သတင်းထောက်တစ်ဦး၏ မေးခွန်းကို ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “မရပါဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။ ၎င်းအပြင် ဇန်နဝါရီလ ၂၇ ရက်တွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း ဖွဲစည်းပုံအခြေခံဥပဒေကို မလိုက်နာလျှင်ဖျက်ပစ်မည်ဟု ကာကွယ်ရေး တက္ကသိုလ်သို့ မိန့်ခွန်းပြောဆိုရာတွင် ထည့်သွင်းပြောဆိုခဲ့သည်။ ယင်းသို့သောပြောဆိုချက်များထွက်ပေါ်လာပြီးနောက်တွင် တပ်မတော်က အာဏာသိမ်းမည်လောဟူသည့် စိုးရိမ်သူများရှိလာကြသည်။ လတ်တလောအခြေအနေနှင့်ပတ်သက်၍ ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသည့် မြန်မာ့ နိုင်ငံရေးလေ့လာသုံးသပ်သူများ၏ ပြောဆိုချက်များကို စုစည်းဖော်ပြလိုက်ပါသည်။ တိုင်းပြည်မှာအရေးအကြီးဆုံးက နောက်လွှတ်တော်သက်တမ်း ပြန်စပြီး အစိုးရသစ်ရွေးဖို့ပဲဗျ။ ဟုတ်ပြီ၊ အဲဒီဟာက ဘာနဲ့သွားရလဲဆိုတော့ ရွေးကောက်ပွဲရလဒ်နဲ့ သွားရတာ၊ ကျွန်တော်က အဲဒီဟာကို မျက်ခြည်မပြတ်စေချင်ဘူး။ ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်ချင်တာလား၊ လက်မခံဘူးလား၊ လက်ခံလား အဲဒီမေးခွန်းက အရေးအကြီးဆုံးပဲ။ […]

ကိုဗစ်ပိုးထိ ဘဝများ

diz_admin

January 2, 2021

ကိုဗစ်ရောဂါဘေးကြောင့် အစိုးရ၏ စီမံမှုယန္တရားများ ပြောင်းလဲခဲ့ရသည်။ အချို့သော အစိုးရ စီမံခန့်ခွဲရေးအလုပ်များ နှောင့်နှေးခဲ့ရပြီး ယင်းကြောင့် ပြည်သူအချို့၏ ဘဝ နစ်နာခဲ့ရသည်။ ထိုသို့သော နစ်နာရသည့် ဘဝများအနက် ထားဝယ်မြို့တွင် အဖမ်းခံရသည့် လယ်သမား ခုနစ်ဦးအနက် ငါးဦးမှာ အကျဉ်းထောင်အတွင်း နေထိုင်နေရသည်။ နှစ်ဦးမှာ အာမခံရခဲ့သည်။ အာမခံမရသူများမှာ ကိုဗစ်ကပ်ဘေးကြောင့်ဟုဆိုကာ မိသားစုနှင့် တွေ့ခွင့်မရခြင်း၊ တရားရုံးသို့ အမှုရင်ဆိုင်ရခြင်း မရှိဘဲ အကျဉ်းထောင်အတွင်း နေထိုင်နေရသည်။ ယင်းတို့ ငါးဦးအနက် ဦးသောင်းညွန့်၊ ဒေါ်ရီထွေးနှင့် မသန္တာစု တို့ သုံးဦး၏ မိသားစုဝင်များကို မေးမြန်းထားပါသည်။ ယင်းအပြင် အလုပ်ထုတ်ခဲ့မှုအတွက် နစ်နာကြေးပေးရန် အစိုးရ ဆုံးဖြတ်ထားပြီး ဖြစ်သော်လည်း နစ်နာကြေးမရရှိသေးဘဲ ကြန့်ကြာနေသဖြင့် စားဝတ်နေရေး အခက်ဖြစ်နေရသော မြိတ်မြို့မှ စက်ရုံ အလုပ်သမားတစ်ဦးဖြစ်သူ […]

၀န်ထမ်းတွေ အတွက်ပါပဲ

diz_admin

December 19, 2020

မော်တော်ယာဉ်လိုင်းများ၏ အသံ ကိုဗစ်ကပ်ဘေး ဒုတိယလှိုင်းအရှိန်မြင့်တက်လာမှုကြောင့် ခရီးသွားလာမှုများအပါအဝင် အသွားအလာများကို ကန့်သတ်လိုက်သည်။ ကမ်းခြေများကိုလည်း ပိတ်ပင်ခဲ့သည်။ ခရီးသွားလာမှုများအား ပိတ်ပင်ထားရာ ခရီးသည်တင်မော်တော်ယာဉ်လိုင်းများလည်း ရပ်နားခဲ့ရသည်။ ယင်းနှင့်ပတ်သက်၍ ယာဉ်လိုင်းပိုင်ရှင်များ၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များ၏ ရင်ဖွင့်သံအချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ (ရွှေမြင်းပျံယာဉ်လိုင်း) ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်မှစ အကုန်လုံးခက်ခဲတာပေါ့။ ဂိတ်ရှိတယ်ဆိုတော့ ဝန်ထမ်းတွေ ရှိတယ်လေ။ သူတို့စားဝတ်နေရေး ‌ပြေလည်ပါစေဆိုပြီး စားသုံးကုန်လောက်သာ တင်ပြီး ဆွဲနေတာပါ။ အရင်ကထက်စာရင် လုပ်ငန်းရပ်ဆိုင်းနေတဲ့ သဘောရှိတာပေါ့။ ရေရှည် ဒီလိုမျိုး ဆက်ဖြစ်နေဦးမယ်ဆို ခပ်ရှင်းရှင်းပြောရရင် ဦးတို့မှာ ယာဉ်တွေ၊ အဆောက်အအုံတွေ အားလုံးဆုံးရှုံးသွား နိုင်ပါတယ်။ အများနဲ့ ဖြစ်နေတာဆိုတော့ မတောင်းဆိုချင်ပါဘူး။ ဒါပေမဲ့လည်း ကိုယ်ပိုင်ငွေနဲ့ လုပ်ငန်းရပ်တည် နေတဲ့သူတွေက ထိခိုက်မှု နည်းမယ်လေ။ တခြားငွေနဲ့ လုပ်တဲ့သူတွေအတွက် […]

ဆိုင်ပြန်ဖွင့်ချင်တယ်

diz_admin

December 11, 2020

ကမ်းခြေစားသောက်ဆိုင်များ၏ အသံ ကိုဗစ်ကပ်ဘေး ဒုတိယလှိုင်းအရှိန်မြင့်တက်လာမှုကြောင့် ခရီးသွားလာမှုများအပါအဝင် အသွားအလာများကို ကန့်သတ်လိုက်သည်။ ကမ်းခြေများကိုလည်း ပိတ်ပင်ခဲ့သည်။ ကမ်းခြေများသို့ သွားရောက်လည်ပတ်ခွင့်ကို ပိတ်ပင်ခဲ့ရာ ယင်းကမ်းခြေများအား အမှီပြု၍ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များမှာ အခက်တွေ့နေခဲ့ကြရသည်။ ယခုတစ်ပတ်တွင် မောင်းမကန်ကမ်းခြေမှ စားသောက်ဆိုင်အချို့၏ ရင်ဖွင့်စကားသံတို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။ ဦးယူဆန်း(ဝတ်ရည်လှိုင်း စားသောက်ဆိုင်) ဆိုင်ပိတ်တဲ့နေရာမှာ ကမ်းခြေမှာက မြို့နဲ့ မတူဘူး။ ပါဆယ်ရောင်းပြန်လည်း သောင်ပြင် မယူရ ကိုယ့်အိမ်ကို ယူပြီးစားရမယ်ဆိုတော့ ဘယ်သူက ယူသွားမလဲ။ အခုချိန်မာတော့ လုပ်ငန်းက ရပ်နေတဲ့သဘောရှိတာပေါ့။ စည်ပင်နဲ့ ကျန်းမာရေးက သတ်မှတ်ညွှန်ကြားချက် စည်းမျဉ်းစည်းကမ်းအတိုင်း ပြင်ဆင် ထားခိုင်းတာရှိတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက် လောက်ကတည်းကပေါ့။ အခုထိလုံးဝ ရောင်းချခွင့် မပြုသေးဘူး။ ပါဆယ်ဆိုလည်း သောင်ပြင် မှာစား၊ […]