BREAKING
January 22, 2025

Uncategorized

ရေဒီယိုလည်ပြန်

diz_admin

February 10, 2020

“တူနဲ..တူနယ်..တူနဲရတူးနယ်.. တူနဲ..တူနယ်..ဗြောင်..” ရေဒီယိုမှ နာရီအချိန် မကြေညာမီ ထိုတီးလုံးလာလျှင် ထားဝယ်ဒေသခံ အချို့က အောက်ပါအတိုင်း လိုက်ဆို တတ်ကြသည်။ “တောန်မန်းဗြွန်က ဝယ်ဟှားဒေ က္လယ်မှောန်းဝယ်စားနေ” တီဗွီတွေ၊ ဖုန်းတွေမပေါ်မီကမူ ရေဒီယိုတွေက အဓိက ဖျော်ဖြေရေးပစ္စည်းပင်။ သတင်းအချက်အလက် စီးဆင်းရာ ကဏ္ဍမှာ လွန်စွာ အရေးပါသည့် ပစ္စည်း တစ်ခု။ အချို့က ညဘက်မိသားစုလိုက် ရေနွေးကြမ်းနှင့် လက်ဖက်သုပ်မြည်းရင်း ဇိမ်ခံနားသောတဆင်ကြသည်။ အချို့ကလည်း နိုင်ငံရေးဝါသနာပါ သူ၊ အားကစားဝါသနာပါသူ စသည်ဖြင့် ဝါသနာတူရာ တူရာအချင်းချင်းတွေ စုပြီးနားဆင်ကြသည်။ ဘောလုံးပွဲ ဆိုက ရေဒီယိုအစီအစဉ် တင်ဆက်တဲ့သူက သောတရှင်တို့၏ ကွက်ကွက်ကွင်းကွင်း မြင်ယောင်လာသည်အထိ ပြောပြ အသံလွှင့်လျှင် နားထောင်သူတို့က ရင်တမမ။ “အခုဆိုရင်တော့ဖြစ် မြန်မာအသင်း ရဲ့ တိုက်စစ်မှူးဟာ တစ်ဘက်အနောက် […]

ကျွန်တော်တို့လည်း ဆွေးနွေးပြောပြချင်ပါတယ်။

diz_admin

January 30, 2020

အခုတလော တိုင်းအတွင်းက မြို့နယ်စည်ပင်ကော်မတီအသီးသီးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် စိတ်ဝင်စားတဲ့ ပြည်သူတွေကို အစည်းအဝေးမှာ လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့ ဖိတ်စာတွေကို တွေ့နေရလို့ ကိုယ်တွေ ကလိန်အောင်က စည်^ကော်က ဘယ်အချိန်များ အစည်းအဝေးခေါ်မလဲဆိုတာ နားစွင့်နေမိပါတယ်။ ဒါပေမဲ့ တလောက မြို့ပြန်/ဆက်က ရေးထားတဲ့ သတင်းတစ်ပုဒ်ကတော့ ကျွန်တော့်ကို အံ့အားသင့်စေပါတယ်။ သတင်းအရ စည်ပင်သာယာရေးအဖွဲ့က အခု ၂၀၁၉-၂၀၂၀ ဘတ်ဂျက်နဲ့ ကလိန်အောင်မှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၁၄) ခု လုပ်မယ်လို့ ဆိုပါတယ်။ အဲဒီလုပ်ငန်းတွေထဲမှာ စုပေါင်းရုံးဝင်းထဲမှာ တံတားလေးနှစ်စီးဆောက်တာ၊ ဝန်ထမ်းအိမ်ရာမှာ အဝီစိတွင်းတူးတာ ပါနေတယ်။ ကျန်တာတွေကတော့ လမ်းသွယ်တွေကို ကွန်ကရစ်ခင်းတာ အများစု ဖြစ်ပါတယ်။ ကျွန်တော်အံ့ဩတာက ဒီလုပ်ငန်းတွေကို ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆိုပြီး အကောင်အထည်ဖော်ဖို့ ဆုံးဖြတ်ချက်ချရာမှာ မြို့ခံတွေရဲ့ အကြံပြုပါဝင်ခွင့်ကို အလေးမထားတာပါ။ သတင်းအရ […]

ကျူးရင့် ဧယင်

diz_admin

January 28, 2020

“တပည့်တော်မတို့မှာ ရင်ကွဲရပြီပေါ့ အမလေး ဆရာတော်ဘုရားရေ…” အသံချဲ့စက်မှ ထိုအသံကြားလိုက်ရ လျှင် ဘုန်းကြီးပျံမှန်း လူတိုင်းသိကြသည်။ ဘုန်းကြီးပျံတွင် လူတကာတို့ ပျားပန်းခပ် သွားလာလှုပ်ရှားနေချိန်တွင် သူတို့က မိုက်ကိုကိုင်ကာ လွမ်းလွမ်းဆွေးဆွေး သီကျူးငိုယိုကြသည်။ ပျံလွန်ပြီးသော ဘုန်းတော်ကြီး၏ ရုပ်ကလာပ်ကဲ့သို့ ဆင်ယင်ထားသော ပုခက်ကိုလွှဲကာ ဖွဲ့နွဲ့ငိုယိုကြသည်။ တစ်ခါတစ်ရံ မျက်ရည်ကလေးစမ်းစမ်း စမ်းစမ်းဖြင့် ငိုကာ ဆရာတော်ဘုရား၏ ဘုန်းတော်ဘွဲ့များ ကျူးရင့်သည်။ “ဆရာတော်ရဲ့ တရားဟောသံတွေ တပည့်တော်မ နားထဲ ပဲ့တင်ထပ်နေတုန်း၊ ဆရာတော် တရားဟောမနိုင်ပြီလော။ တပည့်တော်ရင်ကွဲမတတ် ခံစားနေရ တယ်ဘုရား” တစ်ခါတစ်ရံ ကျမျက်ရည် ဟန်ပါပါသုတ်ကာ ဆရာတော်ကို ရပ်ရွာအတွက်၊ ဒေသအတွက် မည်မျှအားကိုးရကြောင်း၊ ဆရာတော်က တပည့်သားမြေးများကို မည်မျှသနားချစ်ခင်တတ်ကြောင်း ကွန့်မြူးသည်။ “တပည့်တော်မတို့ကို ထားခဲ့ပြီလား ဆရာတော်ဘုရားရေ…” ဟူသော […]

ကာရာအိုကေ ရေစီးကြောင်း

diz_admin

January 20, 2020

သီချင်းတစ်ပုဒ်ဆိုရဖို့ ဆိုင်မှာ တန်းစီစောင့်ဖူးပါသလား။ ကိုယ့်အလှည့် ရောက်ရင် တီဗွီကို မျက်နှာမလွှဲ၊ အသက် ၀၀ မရှုရဲ၊ မိုက်ကိုကိုင်ကာ အပီဟဲဖူးပါ သလား။ မြိတ်မြို့၊ မြို့သစ်ရပ်နေ အသက် ၄၅ နှစ် အရွယ် ကိုဇော်ကြီးကတော့ ၂၀၀၀ ပြည့်နှစ်လောက်က ကာရာအိုကေ စဆိုဖူးသည်။ ကိုဇော်ကြီး စဆိုဖူးသည်က မြိတ် သင်္ဘောဆိပ်အနီး ဂိုဒေါင်ကြီးတွင် အရက် ဆိုင်နှင့် တွဲဖွင့်သည့် ကာရာအိုကေဆိုင်။ တွံတေးသိန်းတန်၏ အသီးတစ်ရာ အညှာတစ်ခု အပါအဝင် စိုင်းထီးဆိုင်၊ ခင်မောင်တိုး၊ ကိုင်ဇာ သီချင်းတို့က ကိုဇော်ကြီးအကြိုက်။ “အဲဒီတုန်းက ကာရာအိုကေဆိုင် တစ်ဆိုင်နှစ်ဆိုင်ပဲရှိသေးတယ်။ သူငယ် ချင်းတွေနဲ့ သွားပြီးဆိုကြတာပေါ့။ ကိုယ့် အလှည့်ကျဖို့ အချိန်တွေအများကြီး စောင့်ရတယ်။ အဲဒီတုန်းက တစ်ရာဖိုး ၃ […]

ငွေမျော ငွေနဲ့လိုက်ကြ၊ အသေးစားချေးငွေလုပ်ငန်း ပြည်သူကို တကယ်အကျိုးပြုရဲ့လား

diz_admin

January 16, 2020

အတိုးနှုန်းအလွန်သက်သာသည့် ပြည်တွင်းပြည်ပအသေးစားငွေချေးလုပ် ငန်းကုမ္ပဏီများမှာ ၂၀၀ နီးပါးအထိ ရှိလာခဲ့သော်လည်း ငွေချေးယူသည့် ပြည်သူအများအပြားမှာ ကံမကောင်းမှုနှင့် စီမံခန့်ခွဲမှုအလွဲများကြောင့် အကြွေးပြန် ဆပ်ဖို့အတွက် အရပ်ထဲမှ အတိုးကြီးကြီး ဖြင့် ပြန်ချေးယူနေကြရသည်။ အရပ်ငွေတိုးထက် များစွာသက်သာ သည့် အသေးစားငွေချေးလုပ်ငန်းများ ဒေါ်ဂျူလီတို့ နေထိုင်ရာ ဧရာ၀တီတိုင်း ဒေသကြီး မြောင်းမြမြို့နယ် ဝါးချောင်း ရွာသို့ ၂၀၁၇ ခုနှစ်တွင် ရောက်လာခဲ့စဉ် ဒေါ်ဂျူလီ၏အိပ်မက်က တစ်မျိုးဖြစ်သည်။ အသေးစားချေးငွေလုပ်ငန်းမှ ရသည့် အရင်းဖြင့် အရှုံးပေါ်နေသော ကွမ်းခြံတွင် ရင်းနှီးမြှုပ်နှံလိုက်လျှင် ငွေပြန်ပေါ်လာ မည်ဟု တွေးခဲ့သည်။ သို့သော် ချေးငွေ ထုတ်ယူစိုက်ပျိုးသည့် သုံးနှစ်လုံး ကံတရား ၏ မျက်နှာပေးမှုကို မရခဲ့သည့်အပြင် ယခုဆိုလျှင် မိသားစုပိုင်ဆိုင်မှုများကိုပါ ခြိမ်းခြောက်ခံနေရပြီ ဖြစ်သည်။ “အရင်တုန်းက ကိုယ့်ခြံထဲကရတဲ့ […]

“လ”ငပုပ်ဖမ်းချိန် သံပုံးတီးကြသေးလား

diz_admin

January 14, 2020

နေရောင်ကွယ်ပျောက်ပြီး အမှောင် ထုက တစ်စစ ကြီးစိုးလာသည်။ မောင် စိုးမင်းတို့ ကလေးတစ်သိုက် အိမ်ရှေ့က သစ်တုံးကြီးပေါ်ထိုင်ရင်း တောင်တန်း ကြီးနောက်မှ ပေါ်ထွက်လာမည့် တစ်စုံ တစ်ရာကို လှမ်းမျှော်နေကြသည်။ သူတို့ မျှော်တလင့်လင့်ဖြစ်နေသည် က သဘာ၀မီးအိမ်ကြီး တစ်လုံးဖြစ်သည့် ဖိုးလမင်း။ သိပ်မကြာ တောင်တန်းကြားမှ လရောင်က တစ်စွန်းတစ်စ ထွက်ပေါ်လာသည်။ လရောင်ကိုမြင်လိုက်သည်နှင့်”ဟေး” ကနဲ အော်ဟစ်လိုက်ကြသည်။ ပြီးတော့ အိမ်နံဘေးရှိ လယ်ကွက်ရှိရာသို့ ခြေကုန် သုတ်ကြသည်။ သူတို့ရောက်ရှိပြီး သိပ်မကြာ မိန်းကလေးများကလည်း သူ့အုပ်စုနှင့် သူအလျှိုလျှို စုဝေးရောက်ရှိလာကြသည်။ “လယ်ထဲရောက်ရင်တော့ ထုပ်ဆီး ထိုးမယ်၊ ဒီတုတ်မယ်၊ တစ်ခါတလေ ဘောလုံးလည်း ကန်လိုက်ကြသေးတယ်။ ကစားနည်းကတော့ မျိုးစုံပဲ။ ပျော်စရာ ကြီး”ဟု ယခုအခါ အသက် ၅၂ […]

၂၀၁၉ ရက်စွဲသမိုင်း

diz_admin

January 3, 2020

တနင်္သာရီတိုင်းဒေသကြီး၊ကော့သောင်းခရိုင်၌ ၂၀၁၉ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော ထူးခြားသည့် ဖြစ်ရပ်၊ ရပ်စွဉ် သမိုင်းများကို ဖော်ပြလိုက်ပါသည်။ ဇန်နဝါရီ ၄ – တောင်တရုတ်ပင်လယ်တွင်ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်း ပါဘက် (Pabuk) သည် ကော့သောင်းမြို့၏ အရှေ့တောင်ဘက် မိုင် ၄၁၀ ခန့်အကွာတွင် ပင်လယ်ပြင်သို့ ဗဟိုပြုနေသောကြောင့် ငါးဖမ်းစက်လှေများ၊ ခရီးသွားရေယာဉ်များအားလုံး ပင်လယ်ပြင်သို့ မထွက်ခွာရန် တားမြစ်သည်။ ဖေဖော်ဝါရီ ၁၃ – ဘုတ်ပြင်းမြို့နယ်တွင် ကဏန်းဖမ်းသူတစ်ဦး မိကျောင်းကိုက်ခံရပြီး သေဆုံးသည်။ ဖေဖော်ဝါရီ ၁၅ – နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နံနက်ပိုင်းတွင် ကော့သောင်းမြို့ လူထုနှင့်တွေ့ဆုံခဲ့သည်။ ကော့သောင်းခရိုင်အတွင်း ပုလဲမွေးမြူရေးလုပ်ငန်းများအတွက် စီးပွားရေးလုပ်ငန်းရှင်တချို့ သိမ်းယူခဲ့သည့် ကျွန်းများပေါ် ပြန်လည်နေထိုင်ခွင့်ရရေး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံစဉ် ဆလုံတိုင်းရင်းသားတချို့က တင်ပြတောင်းဆိုသည်။ ဖေဖော်ဝါရီ […]