BREAKING
January 22, 2025

Uncategorized

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

December 10, 2022

ယခုအပတ်တွင် ရွှေ နှင့် ဘတ်ဈေးမှာ အလှုပ်အခတ် အနည်းငယ်သာရှိပြီး  ဈေးငြိမ်နေသည်။ ထိုသို့ ဈေးငြိမ်နေသည်မှာ သုံးပတ်ခန့်ရှိပြီဖြစ်ပြီး ဈေးအပြောင်းအလဲ အနည်းငယ်သာရှိသည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ အတက်အကျ တစ်သောင်းသာရှိသည့် ရွှေဈေး အခေါက်ရွှေမှာ တစ်ကျပ်သားလျှင် ကျပ် ၂၆ သိန်းခွဲဝန်းကျင်ဖြင့် ဈေးငြိမ်နေပြီး အတက်အကျမှာ ကျပ်တစ်သောင်းသာရှိသည်။ ဒီဇင်ဘာလ ၅ ရက် (တနင်္လာနေ့) က ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင်  နှစ်ဆယ့်ခြောက်သိန်းခွဲဖြင့် ရောင်းချနေသည်။ ဗုဒ္ဓဟူးနေ့တွင်မူ ကျပ်တစ်သောင်းဈေးကျသွားပြီး နောက်ရက်များတွင် ဈေးအပြောင်းအလဲမရှိဘဲ တန့်နေခဲ့သည်။ ဈေးတန့်နေသည့်အတွက် ထားဝယ်ဈေးကွက်တွင် အရောင်းအဝယ်ရှိလာကြောင်း ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ “ရောင်းရ […]

လောင်းလုံးတွင် ခွင့်ပြုချက်မဲ့ လယ်မြေဖို့သူများကို ခံဝန်ထိုးခိုင်းလျက်ရှိ

diz_admin

June 1, 2020

လောင်းလုံးမြို့နယ်အတွင်း လယ်ယာမြေပေါ်မှာ ခွင့်ပြုချက်တစ်စုံတစ်ရာမရရှိဘဲ မြေဖို့ခြင်းအပါအဝင် အခြားနည်းအသုံးပြုနေသူများကိုခေါ်ယူကာ ခံဝန်ထိုးခိုင်းနေကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အတွင်းရေးမှူးဦးတင်လှက ပြောသည်။ ခွင်ပြုချက်မဲ့လယ်မြေဖို့သူများအား လယ်ယာမြေဥပဒေများကိုရှင်းပြကာ ယင်းဥပဒေများကိုသိရှိပြီး ဥပဒေနှင့် အညီဆောင်ရွက်ရန်နှင့် မြေပြင်ပေါ်ဆောက်ထားသည့်အဆောက်အအုံများကိုဖယ်ရှားပေးရန်ကို ခံဝန်ထိုးခိုင်းခဲ့ကြောင်း ဦးတင်လှက ပြောသည်။ မေလ၂၈ရက်နေ့ကလည်း ခွင့်ပြုချက်မဲ့လယ်မြေဖို့သူ ၁၃ ဦး အား လောင်းလုံးမြို့ဗထူးခန်းမသို့ ခေါ်ယူကာခံဝန်ထိုးခိုင်းခဲ့ပြီး နောက်ထပ်လည်း ဆက်လက်ခေါ်ယူကာ ခံဝန်ထိုးခိုင်းသွားမည်ဟု ၎င်းက ပြောသည်။ “ဥပဒေနဲ့အညီ ခေါ်ပြောတာ ပေါ့နော်။ တစ်ပတ်တစ်ကြိမ်လောက်တော့ ခေါ်ဖို့အစီအစဉ်ရှိပါတယ်။ ခုကလူတွေများလို့လည်း မဖြစ်သေးဘူးလေ။ကိုဗစ်ကလည်းရှိနေတော့ ဆယ်ယောက် တစ်ဖွဲ့၊ နောက်တစ်ပတ်ကျတော့ ဆယ်ယောက်တစ်ဖွဲ့။ ကျွန်တော်တို့ကလူ လေးငါးခြောက်ဆယ်ကို တစ်ခါတည်းခေါ်လို့ မရဘူးပေါ့ဗျာ” ဟု ဦးတင်လှက ပြောသည်။ ခံဝန်ထိုးထားသူများကို ကွင်းဆင်းစစ်ဆေးကာလိုက်နာမှုမရှိပါက မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့အစည်းအဝေးပြန်ထိုင်ကာ ဥပဒေအရဆက်လုပ်မည့်ကိစ္စများကို ဆုံးဖြတ်သွားမည်ဟု ၎င်းက […]

ကပ်ဆိုး အကြောင်းပြု ပေါင်းစုခွင့်

diz_admin

March 30, 2020

ဒေါ်မြင့်ကြည်တို့အိမ်တွင် အိမ်သူ အိမ်သားအားလုံး စုံနေသည်။ မြိတ်မြို့ မြိတ်တောင်ရပ်နေ ဒေါ်မြင့်ကြည်တို့ အိမ်တွင် ယခင်ကာလများက ယခုကဲ့သို့ ရက်ရှည်နေ့စဉ် လူစုံသည်မျိုး မကြုံဖူး ပေ။ အိမ်သားတို့က အလုပ်သွား၊ အပြင် သွား။ သားသမီးတို့က ကျောင်းသွား။ ကျောင်းပြန်လျှင် ကျူရှင်သွား။ ယခုကဲ့သို့ နွေကျောင်းပိတ်ကာလ ဆိုလျှင်လည်း ပန်းချီသင်တန်း၊ အင်္ဂလိပ်စာ ကွန်ပြူတာ စသည့် သင်တန်းများ နောက်လိုက်ရင်း ဖြင့် မိသားစု မျက်နှာဆုံချိန်ပင် မရှိခဲ့။ မိသားစုဆုံတတ်သည့် ညနေ ထမင်းဝိုင်းတွင်ပင် အကြောင်းအမျိုးမျိုး ဖြင့် လူမစုံသည်က များတတ်သည်။ ယခုနွေကျောင်းပိတ်တွင်မူ ကိုရိုနာ အရေးကြောင့် နွေသင်တန်းအားလုံး ပိတ်။ ကိုရိုနာကြောင့် အိမ်သားအားလုံးက ကိစ္စအထွေအထူးမရှိက အပြင်မထွက်ကြ။ ယခင်က ထမင်းဝိုင်းတွင်ပင် လူမစုံခဲ့သော်လည်း ယခုအချိန်တွင် […]

မယ့်သမီးခီးစက်မှုဇုန်စီမံကိန်း အစီရင်ခံစာ တိုင်းအစိုးရထံတင်ပြ

diz_admin

March 19, 2020

စာမျက်နှာပေါင်း တစ်ရာကျော် ပါဝင်သည့် ထီးခီးစက်မှုဇုန်စီမံကိန်း ဖြစ်မြောက်နိုင်စွမ်းရှိ/မရှိ ဆန်းစစ် လေ့လာခြင်း အစီရင်ခံစာကို တိုင်းအစိုးရ ထံ တင်ပြထားကြောင်း Sun and Rainbow ကုမ္ပဏီ ဒါရိုက်တာ ဦးရဲမြင့် က ဆိုသည်။ ထီးခီးစက်မှုဇုန်ကို ယခင်က မြေ အကျယ်အဝန်း ၆၆၇၆ ဧကပေါ်တွင် အကောင်အထည်ဖော်ရန် လုပ်ဆောင် နေရာမှ လက်ရှိတွင် စက်မှုဇုန်အတွင်းရှိ သစ်တောနယ်မြေတစ်ခုကို ချန်လှပ်ပေးရမည် ဖြစ်သည်။ သစ်တောနေရာအဖြစ် ချန်လှပ်ရ မည့် မြေအကျယ်အဝန်းမှာ ၁၁၅၀ ဧက ရှိသည့်အတွက် ကုမ္ပဏီအနေဖြင့် ၅၅၂၆ ဧကပေါ်တွင် စီမံကိန်း အကောင် အထည် ဖော်ရမည် ဖြစ်သည်။ ထီးခီး (မယ့်သမီးခီး) စက်မှုဇုန် ဖော်ဆောင်မည့် Mae Tha Mee […]

မျက်မြင်သက်သေနှင့် တိုင်ကြားသူမရှိသဖြင့် တောမီးကိစ္စ အရေးယူ၍မရ

diz_admin

March 19, 2020

ထားဝယ်ခရိုင် တောမီးလောင်မှုများ ဖြစ်စဉ်တွင် မျက်မြင်သက်သေနှင့် တိုင်ကြားသူမရှိသဖြင့် အရေးယူ၍မရ ကြောင်း ထားဝယ်ခရိုင် မီးသတ်ဦးစီးဌာန ထံမှ သိရသည်။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှ မတ်လ ပထမပတ်အထိ ထားဝယ်ခရိုင် တွင် တောမီးလောင်မှုဖြစ်စဉ် ၂၀ ခန့် ရှိသော်လည်း တိုင်ကြားသူမရှိကြောင်း အထက်ပါဌာနမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်းက ပြောသည်။ လယ်ယာနှင့် ဥယျာဉ်ခြံမြေကို မီးရှို့ရာတွင် သက်ဆိုင်ရာ ရပ်ကျေး အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေအုပ် ချုပ်ရေးမှူးများ၏ ခွင့်ပြုချက်ရယူကာ လုံလောက်သည့် မီးတားနေရာများ ပြုလုပ်၍ မီးရှို့ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ တောမီးလောင်မှုဖြစ်စဉ်တွင် ဆုံးရှုံးမှုတန်ဖိုးနှင့် တိုင်ကြားသူများရှိပါ က ရာဇသတ်ကြီး ပုဒ်မ-၂၈၅ (ပေါ့ဆမီး)နှင့် အကျိုး ဖျက်ဆီးမှုဥပဒေ ပုဒ်မ-၄၃၆ (ရှို့မီး) စသည့် ဥပဒေ […]

ကင်း

diz_admin

March 3, 2020

ကင်းစောင့်သည်ဟု ပြောလျှင် ယခု ခေတ်ဆိုက ညစောင့်ဝန်ထမ်းနှင့် ရဲတပ် ဖွဲ့ဝင်တို့ကိုသာ ပြေးမြင်ကြတော့မည်။ ရွာထိပ်က ကင်းတဲလေးထဲ၊ ရပ်ကွက် ထဲက မီးကင်းလေးထဲ ညလုံးပေါက် နေဖူးလျှင် ထိုသူ့အသက် ၄၀ ဝန်းကျင် ရှိနေပါလိမ့်မည်။ ရပ်ရွာလုံခြုံရေးနှင့် မီးဘေးအရေး ပေါ်အတွက် အချက်ပေးသံချောင်းခေါက် ရန် ကင်းစောင့်ကြရသည့် ခေတ်တစ် ခေတ် ရှိခဲ့ဖူးပါသည်။ လောင်းလုံးမြို့နယ် ရေဖြူကျေးရွာ က အသက် ၅၀ ကျော်အရွယ် ဦးမောင်ဝင်း ကတော့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ်က ရွာထဲတွင် လုံခြုံရေးကင်း စောင့်ခဲ့ဖူးကြောင်း ပြောပါသည်။ “လုံခြုံရေးအတွက် စောင့်ရတာပေါ့။ အဲဒီတုန်းက ငါတို့ဘက်က တောင်တန်း တွေမှာ သူပုန်တွေ ရှိနေသေးတယ်လို့ သူတို့က သတ်မှတ်တယ်လေ။ ရွာအဝင်၀ တွေမှာ တဲဆောက်ဆောက်ပြီးတော့ […]

ဦးသန့်ရှင်းဟု ခေါ်ပေးပါ

diz_admin

February 25, 2020

မျက်လုံးသာ ဖော်ထားသည်။ သူ့မျက်နှာနှင့် ခေါင်းတစ်ခုလုံးကို အဝတ်ဖြင့် တင်းကျပ်စွာ စည်းနှောင်ဖုံး အုပ်ထားသည်။ ကော်ပုံးငယ်တစ်လုံး၏ ကိုင်းကို လျှိုတွဲထားသည့် ပေါက်တူးတစ်လက်ကို ပုခုံးတွင် ထမ်းထားသည်။ ထားဝယ်မြို့၏ ရပ်ကွက် လမ်းကြို လမ်းကြားများတွင် သူ့ကို တွေ့ရမည်။ လူကုံထံအများစု အခြေစိုက်သည့် မြို့တွင်းရပ်ကွက်တို့တွင်ဆိုလျှင် အသံ အုပ်အုပ် မတိုးမကျယ် သူအော်မည်။ “မိလ္လာ…” “မိလ္လာ…” သူ့အသံကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး စိတ်အနှောင့်အယှက် မဖြစ်စေလို။ မအော်လို့ကလည်း မဖြစ်။ သူ့ကို လိုအပ်နေသည့်အိမ်များက လူလာရောက်ကြောင်း သိရန်လည်း လိုသေးသည်။ လူလတ်တန်းစားများ၊ အခြေခံ လူတန်းစားများ အများစု အခြေစိုက်သည့် မြို့ဆင်ခြေဖုံးရပ်ကွက်များတွင်ဆိုလျှင် သူရောက်နေသည့် အိမ်ရှေ့မှ အိမ်ရှင်တို့ကြားလောက်ရုံ အသံဆွဲလေး ဖြင့် သူအော်မည်။ “နောက်…ဖေး” “နောက်…ဖေး” […]

ခွဲခွာခြင်း အော်တို

diz_admin

February 17, 2020

ကျောင်းပိတ်ခါနီး ကျင်းပလေ့ရှိတဲ့ ကျောင်းဆင်းပွဲနေ့ဆိုလျှင် ကျောင်းသူ ကျောင်းသားတို့လက်ထဲ ဗလာစာအုပ် လှလှလေး တစ်အုပ်စီ တွေ့ရတတ်ပါသည်။ ကျောင်းသူကျောင်းသားအချင်း ချင်း ခွဲခွာခြင်း အမှတ်တရအော်တို အပြန်အလှန် ရေးပေးကြရန် ဖြစ်ပါသည်။ အထူးသဖြင့် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူတို့ အပြန်အလှန် အော်တိုရေးတတ်ကြပါသည်။ သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင် ရပ်ကွက်၊ သမိုင်းမေဂျာ ဒုတိယနှစ်ကျောင်းသူ မကြည်လဲ့ဖြိုးကလည်း သူမ ၈ တန်း ၉ တန်းတုန်းက ကျောင်းဆင်းပွဲအပြီးမှာ အမှတ်တရ အော်တို အပြန်အလှန် ရေးဖူးကြောင်း ပြောပါသည်။ ကျောင်းတွင် သူငယ်ချင်းများနှင့် မည်သို့မည်မျှ ပျော်ခဲ့ရကြောင်း၊ ပြန်ဆုံကြရမည်ဟု မျှော်လင့်ကြောင်းတို့ ရေးကြသည်ဟု မကြည်လဲ့ဖြိုးက ပြောသည်။ “စာအုပ်ဝယ်ပြီးရင် အော်တိုစာအုပ် ဆိုပြီးခေါင်းစဉ်တပ်လိုက်တယ်။ ခွဲရမယ်ဆိုတော့ နောက်နှစ်တွေမှာ ပြန်ဆုံမယ် အဲ့လိုမျိုးပေါ့ […]