BREAKING
January 22, 2025

Uncategorized

အရှင်မ လက်ရှ်မီး လူပြန်ဝင်စားတဲ့ကလေးနဲ့ ဆေးသိပ္ပံပညာ ထိပ်တိုက်တွေ့တဲ့အခါဝယ်

Dawei Watch

September 14, 2023

ဒီတစ်ပတ်မှာတော့ အသစ်ထွက် ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားကို လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ခံစားသက်ဝင် ရုပ်ရှင်အစီအစဉ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။ Rating သတ်မှတ်ချက် 8.0 တောင် ရရှိထားတယ်ဆိုတာနဲ့တင် ဒီဇာတ်လမ်းရဲ့အနေအထားကို သဘောပေါက်နိုင်ပါပြီ။ ဒီဇာတ်ကားက ဝိဝါဒကွဲပြားစရာ ဇာတ်လမ်းမျိုးပါ။ ဒါပေမဲ့ အာရှတိုက်က နိုင်ငံအများစုမှာ အဲ့ဒီစိန်ခေါ်မှုက မကျွတ်လွတ်နိုင်သေးတဲ့တစ္ဆေတစ်ကောင်လို ပူးကပ်နေဆဲပဲဖြစ်ပါတယ်။ အိန္ဒိယဟာ အခုနောက်ပိုင်း ဒီလိုဇာတ်လမ်းတွေကို အတော်များများ ရိုက်ကူးတင်ဆက်လာပါတယ်။ ဒါဟာ ရုပ်ရှင်တိုးတက်လာတဲ့ပြယုဂ်တစ်ခုပါပဲ။ မြန်မာနိုင်ငံမှာဆိုရင်တော့ လူအများအငြင်းပွား သွေးဆူစရာဇာတ်လမ်းမျိုးဖြစ်သည့်အတွက် မပြသသင့်ပါလို့ ရေးသားပြီး ဇာတ်ကားပြသခွင့်ကို ဆင်ဆာပိတ်လိုက်မှာပါ။ အာရှနိုင်ငံအများစု နယ်မြို့တွေ၊ ကျေးလက်တွေမှာ ရှေးရိုးစွဲအယူဝါဒတွေ၊ မဆင်မခြင်ဘဲနဲ့ ဇွတ်ယုံကြည်တာတွေက ဒီကနေ့အထိတိုင် အမြစ်တွယ်နေဆဲပါပဲ။ ဒါကြောင့်လည်း ဖိုးတခေတ်တို့လိုလူတွေ အလုပ်ဖြစ်နေတာပါ။ အဲ့ဒီ ဘာသာရေးလိုလို၊ အယူအစွဲလိုလို၊ ရှေးရိုးစွဲလိုလို ဖြစ်ရပ်တွေနဲ့ သိပ္ပံပညာ၊ […]

ထားဝယ်တွင် တစ်လတာအတွင်း ကြက်သွန်နီတစ်ပိဿာ ကျပ်တစ်ထောင်ကျော်ဈေးတက်

Dawei Watch

August 30, 2023

ထားဝယ်တွင် တစ်လတာအတွင်း ကြက်သွန်နီတစ်ပိဿာလျှင် ကျပ်တစ်ထောင်ကျော် ဈေးတက်သွားကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ ကြက်သွန်နီဈေးမှာ ဇူလိုင်လနောက်ဆုံးပတ်မှစ၍ ဈေးမြင့်တက်လာပြီး ဇူလိုင်လ ၂၈ ရက်နေ့က ထားဝယ်ဈေးကွက် တွင် ကြက်သွန်နီတစ်ပိဿာ ၂၇၀၀ ကျပ်ခန့် ဈေးရှိခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယနေ့ ဩဂုတ်လ ၃၀ ရက်နေ့တွင် တစ်ပိဿာ ၄၀၀ဝကျပ်နီးပါးသို့ ရောက်ရှိလာကြောင်း ထားဝယ်မြို့၏ လက်လီဈေးကွက်ဖြစ်သည့် စည်ပင်သာယာဈေးကြီးတွင် ကုန်ခြောက်လက်လီရောင်းချသူတစ်ဦးက ပြောသည်။ “အခု တစ်ပတ်ဆယ်ရက်အတွင်းမှာကို ထိုးတက်လာတယ်” ဟု ၎င်းက ပြောဆိုသည်။ ထားဝယ်တွင် ကြက်သွန်နီအပါဝင် မီးဖိုချောင်သုံးပစ္စည်းအများစုမှာ ပြည်တွင်းဈေးကွက်ဖြစ်သည့် ရန်ကုန်၊ မော်လမြိုင်တို့မှတစ်ဆင့် မှာယူရောင်းချကြရသည်။ ရန်ကုန် မော်လာမြိုင်ဈေးကွက် အပေါ်မူတည်ပြီး ထားဝယ်မြို့၏ ကုန်ဈေးနှုန်းမှာလည်း လိုက်ပါပြောင်းလဲလေ့ရှိသည်။ “အဓိကကတော့ ပြည်ပဝယ်လိုအားကြောင့် ပြည်တွင်းဈေးတက်တာ” […]

ထမင်း ဆီဆမ်း စားဖို့ခက်လာတဲ့ ပြည်သူတွေ

Dawei Watch

August 25, 2023

ရွှေဘိုပေါ်ဆန်း ဆန်တစ်ပြည် ၆၆၀၀ နဲ့ ပဲလုံးဆီတစ်ဘူးကို ကျပ် ၆၀၀၀ ဈေးပေါက်နေပါပြီ။ အခြေခံဝန်ထမ်းတစ်ယောက်ရဲ့ ပျမ်းမျှ လစာက ကျပ်တစ်သိန်းခွဲနီးပါး၊ တစ်ရက် ၄၈၀၀ ကျပ် ပဲရနေချိန်မှာ ဈေးအနည်းဆုံး ဆန်ကြမ်းက တစ်ပြည်ကို ၃၉၀၀ ကျပ် နီးပါးရှိနေပါတယ်။ အန္တရာယ်ကြားကနေ အလုပ်လုပ်နေကြတဲ့ နိုင်ငံ့ဝန်ထမ်းတွေရဲ့ လစာက ထမင်းဆီဆမ်းစားဖို့တောင် မလုံလောက်တော့ပါဘူး။

ဩဂုတ်လ ၁၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

August 17, 2023

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

မြိတ်ခရိုင်တပ်ရင်း ၂ တွင်အာဇာနည်နေ့ အခမ်းအနားပြုလုပ်

Dawei Watch

July 19, 2023

၇၆ ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားကို တောင်ပိုင်းတိုင်းစစ်ဒေသခွဲ၊အမှတ်(၃)၊ပြည်သူ့ကာကွယ်ရေးတပ်မတော်၊မြိတ်ခရိုင်၊တပ်ရင်း(၂ )တွင် ကျင်းပပြုလုပ်ခဲ့သည်။ ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော်၊မြိတ်ခရိုင် အမှတ် ၂ တပ်ရင်း။

YouTube ဖန်သားပေါ်က မြန်မာတောင်ပိုင်း

diz_admin

April 6, 2023

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံအနှံ့မှာ ပဋိပက္ခတွေ၊ မလုံခြုံမှုတွေ၊ အခက်အခဲ အကျပ်အတည်းတွေ ဖြစ်ပေါ်နေပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းမှာလည်း ပြည်သူလူထုဟာ ပဋိပက္ခတွေ ကြုံတွေ့နေရသလို မလုံခြုံမှုနဲ့ အထွေထွေအကျပ်အတည်းတွေကို ရင်ဆိုင်နေကြရပါတယ်။ တနင်္သာရီတိုင်းထဲမှာ ဖြစ်ပျက်နေတာတွေကို Dawei Watch မီဒီယာက အထူးအလေးပေး တင်ဆက်နေတာပါ။ Dawei Watch က တင်ဆက်နေတဲ့ နေ့စဉ် သတင်းတွေ၊ အပတ်စဉ်သတင်းတွေနဲ့ အခြား တင်ဆက်မှုတွေကို YouTube မှာလည်း ကြည့်ရှုနိုင်ပြီဖြစ်ပါတယ်။ Dawei Watch YouTube ချန်နယ်မှာ နေ့စဉ်သတင်း အစီအစဉ်၊ အပတ်စဉ်သတင်းအစီအစဉ်၊ အားကစားအစီအစဉ်တွေအပြင် တနင်္သာရီတိုင်းက ရှေးဟောင်းသမိုင်းဝင် ဒေသတွေနဲ့ စိတ်ဝင်စားဖွယ် ဓလေ့တွေအကြောင်းကိုလည်း အပတ်စဉ်ပုံမှန် တင်ဆက်ပေးနေပါတယ်။ မြန်မာနိုင်ငံတောင်ပိုင်းအကြောင်း YouTube ဖန်သားပေါ် မလွတ်တမ်းစောင့်ကြည့်နိုင်ဖို့ Dawei Watch […]

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

diz_admin

March 11, 2023

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ မတ် ၅ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

လောင်းလုံးတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုပြုလုပ်

diz_admin

February 5, 2023

‌ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း ဖေဖော်ဝါရီလ ၄ ရက်နေ့ နေ့လယ်ပိုင်းက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ယင်းလူထုသပိတ်လှုပ်ရှားမှုကို ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီက ဦးဆောင်ခဲ့ပြီး “စစ်ကျွန်ဘဝက လွတ်မြောက်ဖို့…. ဖက်ဆစ်ရွေးကောက်ပွဲ တိုက်ဖျက်စို့” ဘန်နာကိုင်စွဲ၍ ဒေသခံပြည်သူများနှင့်အတူ ချီတက်ခဲ့ကြသည်။