BREAKING
January 28, 2025

ခရီးသွားလုပ်ငန်း

ခရီးသွားလုပ်ငန်းများကို ကိုဗစ်စည်းကမ်းချက်နှင့်အညီ ပြန်စရန်ပြင်

diz_admin

December 16, 2020

ရပ်နားထားရသည့် ခရီးသွားလုပ်ငန်းများအား ကိုဗစ်-၁၉ စည်းကမ်းချက်များ နှင့်အညီ ပြန်စရန်ပြင်ဆင်နေသည်ဟု တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။ ခရီးသွားလာရေးပြန်စရန်အတွက် ခရီးသွားကုမ္ပဏီနှင့် ယာဉ်မောင်း၊ လှေမောင်း၊ (Guide) ဧည့်လမ်းညွှန် ၂၀ ဦးခန့်ကို ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး နှင့်ပတ်သက်ပြီး လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် ဆရာဖြစ် သင်တန်းများ ပို့ချကာ ပြင်ဆင်နေသည်ဟု အထက်ပါဌာနမှ တိုင်းဦးစီးမှူးက ဦးဝင်းသိန်းက ပြောသည်။ ဆရာဖြစ်သင်တန်းပို့ချပြီးပါက တိုင်းအတွင်း ခရီးသွားလုပ်ငန်းရှိ လူဦးရေ ၁၅၀ ခန့်ကို ခရိုင်အလိုက် သင်တန်းများ ပြန်လည်ပို့ချမည်ဖြစ်သည်ဟု ဦးဝင်းသိန်းက ပြောသည်။ အပျော်စီးလေယာဉ်ခရီးစဉ်(Non Landing Sightseeing Flights Tour)၊ မြစ်တွင်း သင်္ဘောခရီးစဉ် (River Cruise Tour)၊ ကုန်းတွင်းယာဉ်တန်းနှင့် […]

ဧည့်လမ်းညွှန်လိုင်စင် သက်တမ်းတိုးရန် အခက်ကြုံ

diz_admin

September 2, 2020

ထားဝယ်မြို့နယ်အတွင်း ဒေသဆိုင် ရာဧည့်လမ်းညွှန်လိုင်စင်(RG) သက်တမ်း တိုးရန်မှာ အခက်အခဲကြုံတွေ့နေကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူ အချို့ထံမှ သိရသည်။ ဒေသဆိုင်ရာဧည့်လမ်းညွှန် လုပ်ငန်းလိုင်စင်သက်တမ်းတိုးရန်အတွက် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက် (သို့မဟုတ်) ဝင်ငွေမပြသနိုင်ပါက အကျိုးအကြောင်းခိုင်လုံစွာဖြင့် လျှောက်ထားကာ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနသို့ တင်ပြရမည်ဖြစ်သည်။ ရွေးကောက်ပွဲဝင်မည့် အမျိုးသမီး ၆ ရာခိုင်နှုန်း တိုးလာ အခွန်ဆောင်နိုင်သည့်ငွေကြေး ပမာဏ မရရှိခြင်းကြောင့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်လည်း မရ၊ အကျိုးအကြောင်းခိုင်လုံစွာ ဝန်ခံကတိဖြင့် တင်ပြသည်ကိုလည်း ဟိုတယ်ခရီးက လက်မခံသဖြင့် ဒေသဆိုင်ရာဧည့် လမ်းညွှန်အချို့မှာ လိုင်စင်သက်တမ်းတိုးရန် အခက်တွေ့နေကြခြင်းဖြစ်သည်။ ဒေသဆိုင်ရာဧည့်လမ်းညွှန် လုပ်ငန်းများကို လက်ခံဆောင်ရွက်ခဲ့သည်မှာ ရက်အနည်းငယ်ခန့်သာ လုပ်ကိုင်ခဲ့သဖြင့် အခွန်ဆောင်နိုင်သည့်ငွေကြေး ပမာဏ မရရှိကြောင်း ထားဝယ်မြို့နယ်မှ ဒေသဆိုင်ရာဧည့်လမ်းညွှန်လုပ်ကိုင်နေသူ ဦးအောင်မိုးသူက ပြောသည်။ အခွန်ဆောင်နိုင်သည့်ငွေကြေး ပမာဏ မတင်ပြနိုင်သဖြင့် […]

ပဲ့စင်ကျွန်းကိစ္စ ဟိုတယ်/ခရီးဌာနသဘောထား တောင်းခံထား

diz_admin

August 25, 2020

ပဲ့စင်ကျွန်းတွင် ခရီးသွားလုပ်ငန်း လုပ်မည်ဟုဆိုကာ လုပ်ငန်းရှင်ကြီး တစ်ဦးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်း လုပ်ကိုင်ခွင့် လျှောက်ထားသည့်အပေါ် ပြည်ထောင်စုဝန်ကြီးဌာနက သဘောထားမှတ်ချက်တောင်းခံလာကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီး ဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးညိုအေးက ပြောကြားသည်။ ဇူလိုင်လနှောင်းပိုင်းက သဘောထားမှတ်ချက်တောင်းခံလာဖြင်းဖြစ်ပြီး ဌာနအနေဖြင့် လိုအပ်သည့်သတ်မှတ်ချက်များကို ကုမ္ပဏီကို ဖြည့်သွင်းစေပြီး ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဖိုးဖိုးကျောက်ကမ်းခြေသဲသောင်ပြင်ကို မည်သည့်ကုမ္ပဏီကမှ မပိုင်ပါ ထိုသို့ ကွင်းဆင်းစစ်ဆေးပြီးပါက စာရွက်စာတမ်းများကို ပြည်ထောင်စု ဝန်ကြီးဌာနထံ ပေးပို့ကာ Video Conference ဖြင့် ရှင်းပြရန်ရှိသည်ဟု ၎င်းက ဆိုသည်။ “ကျွန်တော်ထင်တယ်။ အစောဆုံး သြဂုတ်လအကုန်လောက်မှာ။ တစ်လ လောက်တော့ ကြာသွားမှာပါ” ဟု ဦးညိုအေး က ပြောသည်။ လောင်းလုံးမြို့နယ်အတွင်းရှိ ပဲ့စင်ကျွန်းတွင် Excellent […]

တိုင်းအတွင်းရှိ ဟိုတယ် လေးပုံ တစ်ပုံ ပြန်မဖွင့်နိုင်သေး၊ ဧည့်သည် ၇၀ ရာခိုင်နှုန်း ကျဆင်း

diz_admin

August 24, 2020

ကိုဗစ်ကပ်ဘေးကာလတွင် တနင်္သာရီတိုင်းအတွင်းရှိ ဟိုတယ်အားလုံး၏ လေးပုံတစ်ပုံမှာ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။ တနင်္သာရီတိုင်းအတွင်း ဟိုတယ်အရေအတွက် ငါးဆယ်ရှိရာ သြဂုတ်လ ၂၁ ရက်နေ့အထိ ၃၈ လုံး ပြန်ဖွင့်ထားကြောင်း အထက်ပါဌာနထံမှ သိရသည်။ နှစ်လောင်းပြိုင်လူသတ်မှု နှစ်လကြာသည်အထိ ပဟေဠိ လက်ရှိတွင် ဖွင့်ထားသည့်ဟိုတယ် အပါအဝင် ပြန်ဖွင့်မည့်ဟိုတယ်များကိုပါ သက်ဆိုင်ရာ ဌာနများပါဝင်သည့်အဖွဲ့ ဖြင့် အဆင့်ဆင့်စိစစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှသာ ဖွင့်ခွင့်ပြုကြောင်း ဟိုတယ်/ခရီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးညိုအေးက ဆိုသည်။ “ပြီးတဲ့အချိန်ကျမှ (တိုင်းဒေသကြီး) ဝန်ကြီးလက်မှတ်ထိုးပြီးတော့ အသိအမှတ်ပြုလက်မှတ်ပေါ့ ဖွင့်ခွင့်လက်မှတ်ထုတ်ပေးတယ်” ဟု ဦးညိုအေးက ပြောသည်။ ဟိုတယ်/ခရီးဌာန၏ စာရင်းအရ ထားဝယ်ခရိုင်တွင် ဟိုတယ် ၂၀ လုံး၊ မြိတ်တွင် ၁၈ […]

ဆိုက်ကားဆရာ၊ အငှားယာဉ်မောင်းနှင့် ခေါင်းရွက်ဗျပ်ထိုးဈေးသည်ပါ တက်နိုင်သည့် သင်တန်း

diz_admin

August 19, 2020

ယခုလကုန်ပိုင်းတွင် ဖွင့်လှစ်မည့် ခရီးသွားလုပ်ငန်းအခြေခံသင်တန်းသို့ ဆိုက်ကားဆရာ၊ အငှားယာဉ်မောင်း၊ ခေါင်းရွက်ဗျပ်ထိုး ဈေးသည်များပါ တက်ရောက်နိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန (ဟိုတယ်/ခရီး) ထံမှ သိရသည်။ ထို့အပြင် မြင်းလှည်းမောင်းသူ၊ စက်လှေမောင်းသူ၊ လက်မှုပညာသည် အစရှိသည့် ခရီးသွားလုပ်ငန်းများတွင် ဆက်စပ်ပါဝင်လုပ်ကိုင်နေသည့် အခြေခံ လူတန်းစားများလည်း လျှောက်ထား နိုင်မည်ဖြစ်သည်။ PPP ပါတီ ကိုယ်စားလှယ်လောင်း တစ်ဦး ပယ်ဖျက်ခံရ လက်ရှိဖွင့်လှစ်မည့်သင်တန်းကို သြဂုတ်လ ၂၉ ရက်နေ့မှ စက်တင်ဘာလ ၅ ရက်နေ့အထိ ရှစ်ရက်ကြာဖွင့်လှစ်မည် ဖြစ်သည်။ သင်တန်းသည် ကိုဗစ်ကပ်ဘေးကြောင့် ကျဆင်းနေသည့် ခရီးသွားလုပ်ငန်းကို ပြန်လည်မြှင့်တင်နိုင်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ဟိုတယ်/ ခရီး ရုံးထံမှ သိရသည်။ “ပညာအရည်အချင်းကတော့ ကန့်သတ်ထားတာ ထူးထူးခြားခြားတော့ မရှိဘူး။ ဒါပေမဲ့လည်း […]

ခရီးသွားလုပ်ငန်းအတွက် ဆိပ်ခံတံတားနှစ်ခုကို ယခုနှစ်အတွင်း စသုံးနိုင်မည်

diz_admin

August 17, 2020

ခရီးသွားလုပ်ငန်းအတွက် ရည်ရွယ်တည်ဆောက်ထားသည့် ဆိပ်ခံတံတား နှစ်ခုကို ယခုနှစ်အတွင်း စတင်အသုံး ပြုနိုင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူး ဦးညိုအေးက ပြောကြားသည်။ လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာနှင့် ကျွန်းစုမြို့နယ် စမတ်ကျွန်းတို့တွင် ဟိုတယ်/ခရီးဌာန ဘတ်ဂျက်ဖြင့် ယခုဘဏ္ဍာနှစ်တွင် တည်ဆောက်နေခြင်း ဖြစ်သည်။ အုပ်ချုပ်မှုညံ့ဖျင်းသည့်အတွက် တနင်္သာရီတိုင်း ထင်သလောက် မတိုးတက်ဟု ဒေါက်တာညိုညိုသင်း ပြော စမ်းလှမ်းကျေးရွာတွင် သံကူကွန်ကရစ် ဆိပ်ခံတံတားတစ်စင်းနှင့် မြိတ်ခရိုင်ရှိ စမတ်ကျွန်းတွင် ပလပ်စတစ် ဘလောက်တုံးများဖြင့် ပြုလုပ်မည့် (Floating Jetty) ရေပေါ်ဆိပ်ခံတံတား တစ်စီးတို့ ဖြစ်သည်။ လက်ရှိတွင် စမ်းလှမ်းရှိ ဆိပ်ခံတံတား မှာ ၄၂ ရာခိုင်နှုန်းနှင့် စမတ်ကျွန်းတွင် ၁၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။ စမတ်ကျွန်းရှိ ရေပေါ်ဆိပ်ခံတံတားမှာ ပစ္စည်းမှာယူထားပြီး […]

NLD အစိုးရလက်ထက် ခရီးသွားလုပ်ငန်းအတွက် ကျွန်းနှစ်ခု ခွင့်ပြု

diz_admin

July 13, 2020

NLD အစိုးရစတင်တာဝန်ယူချိန်မှ လက်ရှိအချိန်ထိ တနင်္သာရီတိုင်းအတွင်းရှိ ကျွန်းနှစ်ခုကို ခရီးသွားလုပ်ငန်းအတွက် တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း (BOT) စနစ်ဖြင့် ခွင့်ပြုခဲ့ကြောင်း တိုင်းအစိုးရအဖွဲ့ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးထံမှ သိရသည်။ ကော့သောင်းခရိုင်အတွင်းရှိ ငထွေးရူး ကျွန်းနှင့် ကျွန်းမဲကြီးတို့တွင် ခရီးသွားလုပ်ငန်းလုပ်ရန် ကုမ္ပဏီနှစ်ခုကို ခွင့်ပြုထားကြောင်း သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးလှထွေးက ဆိုသည်။ ယင်းကျွန်းများကို ၂၀၁၉ ခုနှစ် မတိုင်မီက နှစ် ၅၀ လုပ်ကိုင်ခွင့်ဖြင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း ၎င်းက ပြောသည်။ ယခင်အစိုးရလက်ထက်ကလည်း မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်ရှိ ကျွန်း ပေါင်း ၁၀ ကျွန်းကို BOT စနစ်ဖြင့် လုပ်ခွင့်ပြုထားကြောင်း အထက်ပါ ဝန်ကြီးဌာနထံမှ သိရသည်။ လက်ရှိတွင်လည်း ကျွန်း ၁၂ […]

မြိတ်ဟိုတယ်များတွင် ခရီးသည် လာရောက်မှု ရှစ်ဆယ်ရာခိုင်နှုန်း လျှော့ကျ

diz_admin

June 30, 2020

ကိုဗစ်ကာလအတွင်း သုံးလနီးပါး ပိတ်ထားကြသည့် မြိတ်မြို့ရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာများအား ဇွန်လပထမအပတ်က ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သော်လည်း ခရီးသည် လာရောက်မှု ၂၀ ရာခိုင်နှုန်းခန့်သာ ရှိတော့သည်။ ယခင်ကပုံမှန်လာရောက်နေသည့် ခရီးသည်ဦးရေတစ်ရာလျှင် ၂၀ ဦးခန့် အထိကျဆင်းသွားကြောင်း မြိတ်မြို့ရှိ ဟိုတယ်လုပ်ငန်းရှင်များက ဆိုသည်။ “လူတစ်ရာမှာ နှစ်ဆယ်ရာခိုင်နှုန်း လောက်ပဲလာပြီး တည်းခိုသူတွေရှိတော့တယ်။ တော်တော်လေးလျော့သွားတယ်” ဟု မြိတ်မြို့၊ ကမ်းနားလမ်းရှိ မြစည်းစိမ် ဟိုတယ်ပိုင်ရှင် ဦးကျော်သူနိုင်က ပြောသည်။ ကိုဗစ်ကပ်ဘေးမဖြစ်မီက မြိတ်မြို့သို့ ပြည်တွင်းပြည်ပခရီးသည် နေ့စဉ်လူတစ်ရာနီးပါးခန့် လာရောက်ကြပြီး အချို့ခရီးသည်များသည် ကျွန်းခရီးစဉ်များသို့ သွားရောက်လည်ပတ်လေ့ရှိကြ သည်။ သို့သော်ယခုအချိန်တွင်တော့ ယင်းခရီးသည်များမလာကြတော့ဘဲ လုပ်ငန်းကိစ္စဖြင့် မဖြစ်မနေလာရောက်ကြသည့် ခရီးသည်များသာ တည်းခိုနေကြကြောင်း မြိတ်ခရိုင်ဟိုတယ်နှင့်ဧည့်ရိပ်သာလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးကျောက်စိမ်းက ပြောဆိုသည်။ ကိုဗစ်ကပ်ရောဂါ ဆက်လက်ဖြစ် ပွားနေခြင်း၊ […]