BREAKING
November 23, 2024

ခရီးသွားလုပ်ငန်း

မြိတ်-ကျွန်းစု အမြန်ရေယာဉ် စီးသူခေါက်ချိုးလျော့ကျပြီး ကုန်တင်လှေစီးသူများလာ

diz_admin

August 14, 2022

ငွေကြေးကျပ်တည်းလာသဖြင့် ကျွန်းစု-မြိတ် ပြေးဆွဲနေသည့် အမြန်ရေယာဉ်စီးသူ ခရီးသည် ခေါက်ချိုးလျော့နည်းလာပြီး ကုန်တင်စက်လှေစီးနင်းသူပိုများလာကြောင်း အမြန်ရေယာဉ်ပိုင်ရှင်အချို့နှင့် ခရီးသည်များကို မေးမြန်းချက်အရ သိရသည်။ ကျွန်းစုမြို့နှင့် မြိတ်မြို့သို့ နေ့စဉ်အလှည့်ကျ ပြေးဆွဲနေသည့် အမြန်ရေယာဉ် ၃ စီးနှင့် ကုန်တင်စက်လှေ နှစ်စီးရှိရာ လက်ရှိတွင် ဒေသခံများမှာ ကုန်လှေများကို ပိုမိုအသုံးပြုလာကြကြောင်း ကျွန်းစုမြို့ ဒေသခံများက ပြောသည်။ ကျွန်းစုမှ မြိတ်သို့ ခရီးသည်တစ်ဦး အမြန်ရေယာဉ်စီးနင်းလျှင် ကျပ်ငွေ လေးထောင် ပေးရပြီး ကုန်တင်လှေစီးလျှင် ကျပ်နှစ်ထောင်သာ ပေးရသည့်အတွက် လက်ရှိအချိန်တွင် ကုန်တင်လှေဖြင့် စီးနင်းလိုက်ပါသူ များလာခြင်း ဖြစ်ကြောင်း ကျွန်းစုမြို့ဒေသခံများက ပြောဆိုသည်။ “ငွေကြေးကျပ်တည်းတော့ အမြန်ယာဉ်မစီးနိုင်တော့ဘူး။ နှစ်ထောင်ပေးပြီး ကုန်လှေစီးလိုက်တယ်။ ပိုတဲ့နှစ်ထောင် ဘိတ်ရောက်ရင် ထမင်းဇံပုံ (အသားငါးတစ်မျိုးပါသည့် ပုဂံပုံထမင်း) ဆွဲလိုက်တယ်” ဟု ကျွန်းစုဒေသခံအမျိုးသားတစ်ဦးက […]

မွန်ပြည်နယ် အဝင်အထွက် စစ်ဆေးမှုပိုမိုတင်းကြပ်

diz_admin

April 9, 2022

သင်္ကြန်ကာလ နီးကပ်လာသဖြင့် မွန်ပြည်နယ် အဝင်အထွက်နေရာများတွင် စစ်ကောင်စီက  ပိုမိုတင်းကြပ်စွာ စစ်ဆေးနေကြောင်း ခရီးသွားအချို့တို့ထံမှ သိရသည်။ မွန်ပြည်နယ်အဝင် စစ်တောင်းတံတားဂိတ်နေရာတွင် ဧပြီလဆန်းမှစတင်ကာ စစ်ဆေးမှုများ ပိုမိုပြုလုပ်နေကြောင်း ကိုယ်တိုင်တွေ့ကြုံရသူများက ဆိုသည်။  ယခင်လက  စစ်ဆေးမှုမရှိဘဲ ယခုသကြင်္န်ကာလနီးလာမှသာ စစ်ဆေးမှု ပိုမိုတင်းကြပ်လာခြင်းဖြစ်ကြောင်း မှတ်ပုံတင် ပါ မပါကို အဓိကစစ်ဆေးခြင်းဖြစ်ကြောင်း၊ မှတ်ပုံတင်မပါသူများကို ပြန်လှည့်ခိုင်းကြောင်း ခရီးသွားတစ်ဦးက ပြောသည်။ “ပြီးခဲ့လကလည်း ပြန်တယ် စစ်ဆေးတာမရှိပါဘူး၊ ဒီတစ်ခေါက်မှ အစစ်ခံရတယ်။ မှတ်ပုံတင်ပြခိုင်းတယ်” ဟု ဧပြီလ ၇ ရက်နေ့က ရန်ကုန်မှ မော်လမြိုင်သို့ ပြန်လာသူ တစ်ဦးက ပြောသည်။ ကရင်ပြည်နယ်ဘက်မှ ဝင်လာသူများကိုလည်း မှတ်ပုံတင် စစ်ဆေးနေသလို၊ ရေးမြို့နယ် အဝင် စစ်ဆေးဂိတ်နေရာတို့တွင်လည်း စစ်ဆေးမှုများ ပိုမိုတင်းကြပ်ထားကြောင်း ဒေသခံများထံမှသိရသည်။ ”မှတ်ပုံတင် ထုတ်ခိုင်းတယ်၊ ပြီးတော့ လူနဲ့ မှတ်ပုံတင်ကို တိုက်ကြည့်ပြီး ဘယ်ကလာလဲ မေးတယ်” ဟု ဧပြီ ၈ ရက်နေ့က ဘုရားသုံးဆူမှ မုဒုံသို့ […]

ရန်ကုန်-ထားဝယ် လေယာဉ်လက်မှတ်ဈေး ကျပ်တစ်သိန်းကျော်အထိ မြင့်တက်

diz_admin

April 8, 2022

သင်္ကြန်အချိန် နီးလာသည်နှင့်အမျှ လေယာဉ်လက်မှတ်ဈေးနှုန်းလည်း တဖြေးဖြေး မြင့်တက်လာနေကြောင်း ထားဝယ်မြို့ရှိ လေယာဉ်လက်မှတ်ရောင်းချနေသည့်ဆိုင်အချို့နှင့် ခရီးသည်အချို့ထံမှ သိရသည်။ မတ်လကုန်ပိုင်းက ထားဝယ် – ရန်ကုန် ခရီးစဉ်အတွက် ကျပ်ခုနစ်သောင်းငါး‌ထောင်ဝန်းကျင် ရှိနေရာမှ ဧပြီလ ဒုတိယအပတ်တွင်မူ အနိမ့်ဆုံး ကျပ်ကိုးသောင်းဝန်းကျင်မှ အမြင့်ဆုံး တစ်သိန်းသုံးသောင်းအထိ ဈေးမြင့် တက်လာခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ “အရင်က ငါးသောင်းကနေ ရှစ်သောင်းဝန်းကျင်ဖြစ်တယ်။ အဲဒီက‌နေမှ ကိုးသောင်းဝန်းကျင်၊ အခုတစ်သိန်း ဝန်းကျင် အဲဒီလိုမျိုးဈေးက တောက်လျှောက်တက်နေတာ။ ဘာကြောင့်ဈေးတက်တာလဲတော့ မပြောတတ် ဘူး။ ကျွန်တော်တို့က သူတို့ရောင်းခိုင်းတဲ့ဈေးနဲ့ ရောင်းပေးနေတာပဲ” ဟု ထားဝယ်မြို့ရှိ ‌လေယာဉ်လက်မှတ် အရောင်ဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ ယင်းဈေးနှုန်းသည် အခြားအပိုထပ်ဆောင်းခ အပါအဝင် အပြီးအစီးနှုန်းထားများ ဖြစ်သည်။သို့သော် လေယာဉ်အမျိုးအစား၊ သွားမည့်နေ့ရက်အပေါ်မူတည်ပြီး ဈေးနှုန်းကွာဟမှု ရှိကြောင်း […]

ကပ်ဘေးနှစ်ခုကြား ကုန်းရုန်းနေရတဲ့ ဧည့်လမ်းညွှန်တွေ

diz_admin

December 17, 2021

မြိတ်မြို့က ဧည့်လမ်းညွှန်လောကမှာ အတော်အသင့် နာမည်ရခဲ့တဲ့ ကိုအောင်မိုးဦးတစ်ယောက် လက်ရှိ အချိန်မှာတော့ သင်္ဘောဆိပ်၊ လှေဆိပ်တွေမှာ ကုန်တင်ကုန်ချအလုပ်ကို လုပ်ပြီး မိသားစုဝမ်းရေးအတွက် တိုက်ပွဲဝင်နေပါတယ်။ ကိုဗစ်ကပ်ဘေး စဖြစ်ပြီး ခရီးသွားလုပ်ငန်းတွေ ရပ်နားလိုက်တဲ့အချိန်ကစပြီး ကိုအောင်မိုးဦးဟာ ယနေ့ အချိန်အထိ ၂ နှစ်နီးပါးကြာ ရတဲ့အလုပ်ကို မရွေးတော့ဘဲ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ “အလုပ်နားလိုက်ရတော့ ကမ်းနားလှေဆိပ်ဆင်းပြီး မီးသွေးထမ်းတဲ့ အလုပ်ကို လုပ်ခဲ့တယ်။ မိသားစုနဲ့ ဆိုတော့ အလုပ်က ရွေးနေလို့ မရတော့ဘူး” ကိုအောင်မိုးဦးဟာ ၂၀၁၅ ခုနှစ်ကစပြီး ခရီးသွားဝန်ဆောင်မှုကုမ္ပဏီတစ်ခုမှာ (တိုးရစ်ဂိုက်) ဧည့်လမ်းညွှန် လုပ်ခဲ့ပြီး အဲဒီအချိန်တုန်းကဆိုရင် လစာနဲ့ ဂိုက်ကြေးပေါင်းရင် တစ်လပုံမှန် ငွေကျပ် ခြောက်သိန်းလောက် ဝင်ငွေ ရှိခဲ့သူပါ။ လက်ရှိအချိန်မှာတော့ သူ့ဝင်ငွေဟာ အရင်တုန်းကထက် ငါးဆနီးပါး […]

ထိုင်း ခရီးသွားတဖြည်းဖြည်း နာလန်ပြန်ထ

diz_admin

November 25, 2021

အာရှနိုင်ငံများတွင် ခရီးသွားများကို ပထမဆုံး ပြန်ဖွင့်ပေးခဲ့သော နိုင်ငံများအနက် တစ်ခု အပါအဝင် ဖြစ်သော ထိုင်းနိုင်ငံတွင် ခရီးသွားလုပ်ငန်းတဖြည်းဖြည်း ပြန်လည်နိုးထလာကြောင်း နိုင်ငံတကာ သတင်းဌာနများက ဖော်ပြကြသည်။ ၂၀၂၁ ခုနှစ် ဆယ်လအတွင်း ထိုင်းနိုင်ငံသို့ နိုင်ငံခြား ခရီးသွား တစ်သိန်းကျော် ဝင်ရောက်ခဲ့ပြီး ယမန်နှစ် အရေအတွက်ဖြစ်သော ၆.၇ သန်းထက်တော့ များစွာ လျော့နည်းနေသေးတယ်။ ထိုင်းနိုင်ငံတွင် ကိုဗစ်ကပ်ဘေးမတိုင်မီက တစ်နှစ် ခရီးသွား သန်း ၄၀ ရှိခဲ့သည်။ ထိုင်းနိုင်ငံအတွင်း မကြာသေးမီက ၁၉ ခုမြောက် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ပြန်ဖွင့်ခဲ့သည့် Asset World Corporation ၏ အဆိုအရ ခရီးသွားအမှာ အများစုမှာ အနောက်နှင့် အရှေ့လယ်ပိုင်း နိုင်ငံများမှ ဖြစ်ကြသည်။ “နိုဝင်ဘာလမှာ ၃၀ […]

မြိတ် ခရီးသွားလုပ်ငန်း ပြန်စရေး မျှော်လင့်ချက်

diz_admin

November 19, 2021

မြိတ်မြို့တွင် အဓိကကျသည့် ကျွန်းခရီးစဉ်တွေ သွားရောက်လည်ပတ်သည့်လုပ်ငန်းမှာ လက်ရှိအချိန်မှာ အလုပ်မဖြစ်သေးကြောင်း ခရီးသွားလုပ်ငန်းရှင်များ ထံမှသိရသည်။ ကိုဗစ်ကပ်ရောဂါစဖြစ်ပြီး နှစ်နှစ် ခန့်ရပ်နားထားရသည့် ခရီးသွားလုပ်ငန်းများအနေဖြင့် ယခုအချိန်တွင် ပွင့်လင်းရာသီရောက်ရှိလာပြီး ကိုဗစ်ကပ်ရောဂါလည်း တဖြည်းဖြည်းကျဆင်းလာနေပြီဖြစ်သည်။ သို့သော် လက်ရှိနိုင်ငံရေးအခင်းအကျင်းများကြောင့် အခြားဒေသမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု မရှိကြသေးဟု လုပ်ငန်းရှင်များ ကပြောသည်။ “လက်ရှိကတော့ Local (ဒေသတွင်း) သွားလာသူအနည်းအကျဉ်းနဲ့ အလုပ်ကိစ္စနဲ့ရောက်လာသူ အချို့ပဲ သွားလာသူရှိသေးတယ်’ဟု မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူ ကပြောသည်။ မြိတ်မြို့တွင် လူအသေအဆုံးအပါး များသည့် ကိုဗစ်တတိယလှိုင်းကြောင့် သြဂုတ်လ ၂၁ ရက်နေ့မှစပြီး အိမ်ထောင်စုတစ်စုလျှင် တစ်ယောက်နှုန်းသာ ထွက်ခွားသွားလာခွင့် ကတ်ပြားကို သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးရုံးမှ ထုတ်ပေးပြီး သွားလာခဲ့ကြသည်။ သို့သော် ယခုအခါ ယင်းအမိန့်ကို သက်ဆိုင်ရာမှ ပယ်ဖျက်လိုက်ပြီ ဖြစ်သည်။ […]

အိပ်မက်များ ပျောက်ဆုံးသွားခြင်း

diz_admin

June 29, 2021

ခရီးသွားလုပ်ငန်းလေးတစ်ခု တည်ထောင်မယ်ဆိုတဲ့ ကိုလင်းထွန်းတို့ သူငယ်ချင်းသုံးယောက်ရဲ့ အိမ်မက်ဟာ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းမှုနဲ့အတူ ရုတ်တရက် ပြိုကွဲသွားပါ တော့တယ်။ သူတို့ရဲ့အိမ်မက်ကို ထားဝယ်မြို့ကနေ မိုင် ၃၀ ကျော်ဝေးတဲ့ အပျိုစင်ပင်လယ်ကမ်းခြေ ရွာလေးတစ်ရွာမှာ အခြေတည်ခဲ့တာပါ။ ချောင်းဖျားကြီးဆိုတဲ့ ရွာပဲဖြစ်ပါတယ်။ ချောင်ကျ၊ လမ်းကြမ်းကြမ်း၊ ဖုန်းလိုင်းမမိတဲ့ လောင်းလုံးမြို့နယ်ထဲက ရွာလေးတစ်ရွာပါ။သူတို့ အကောင်အထည်ဖော်မယ်ဆိုတဲ့ ခရီးသွားလုပ်ငန်းလေးကိုလည်း ရွာနာမည်ကိုပဲ အစွဲပြုပြီး “Travel To Chaung Phyar” လို့ အမည်ပေးထားပါတယ်။ အဲဒီနာမည်နဲ့ သူတို့ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှာ စတင်ခဲ့ပါတယ်။ နောက်ပိုင်း အာဏာသိမ်းမှုဖြစ်လာတာကြောင့် ဆက်မလုပ်ဖြစ်တော့ဘူးလို့ ကိုလင်းထွန်း(အမည်လွှဲ) က ပြောပါတယ်။ “နှစ်လလောက်ပဲကြာလိုက်တယ်။ နိုင်ငံရေးတွေ ဖြစ်လာတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ ခရီးသွားလုပ်ငန်းမျှော်လင့်ချက်က လုံးဝအဆုံးသတ် […]

လိုင်စင်ရ ဟိုတယ်ဖွင့်ပြီး ရှစ်နှစ်အကြာမှ သစ်တောကြိုးဝိုင်း ကျူးကျော်မှုဖြင့် တရားစွဲခံရ

diz_admin

February 15, 2021

ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန၏ လိုင်စင်ဖြင့် မောင်းမကန် ရွာတွင်ဖွင့်ထားသည့် ကိုကိုးနတ်ဧည့် ရိပ်သာပိုင်ရှင်အား သစ်တောကြိုးပြင် ကာကွယ်တောအတွင်း ကျူးကျော် ဆောက်လုပ်မှုဖြင့် အမှုဖွင့်ခံထားရကြောင်း ကာယကံရှင်ထံမှ သိရသည်။ အဆိုပါ ဧည့်ရိပ်သာအား ၂၀၁၃ ခုနှစ်ကတည်းက အထက်ပါဌာန၏ တရားဝင်လိုင်စင်ဖြင့် လုပ်ကိုင်လာခဲ့ပြီး ယခုလတွင်မှ ကြိုးဝိုင်းအတွင်း ကျူးကျော်ဆောက်လုပ်မှုဖြင့် အမှုဖွင့်ခံရခြင်း ဖြစ်ကြောင်း ပိုင်ရှင်ဖြစ်သူ ဒေါ်ဇင်မာအေး က ဆိုသည်။ ဟိုတယ်/ခရီးဌာန၏ လိုင်စင်အား ၂ နှစ် တစ်ကြိမ် သက်တမ်းတိုးရလေ့ရှိပြီး ၂၀၁၉ ခုနှစ်က သက်တမ်းတိုးရန် သွားလျှောက်ချိန်တွင် သက်တမ်းတိုး၍ မရတော့ဟု ပြောကြောင်း ၎င်းက ဆိုသည်။ ယင်းအချိန်တွင်မှ သက်တမ်းမတိုး ပေးတော့ဘဲ သစ်တောကြိုးဝိုင်းဧရိယာအတွင်းကျရောက်နေသည့်အတွက် သက်တမ်းတိုး၍ မရတော့ဟု အကြောင်းကြားစာပို့လာကြောင်း ဒေါ်ဇင်မာအေးက ပြောသည်။ […]