BREAKING
October 18, 2024

The Coup စစ်အာဏာသိမ်းမှု

စစ်အာဏာသိမ်းပြီးနောက် ထားဝယ်တွင် လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက်

diz_admin

February 8, 2021

တပ်မတော်အာဏာသိမ်းပြီး ခုနှစ်ရက်မြောက် နေ့တွင် ထားဝယ်မြို့လမ်းမများပေါ်သို့ လူ ထောင်ပေါင်းများစွာ လမ်းမပေါ်ထွက်လာကြသည်။ “စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး” ၊ “စစ်အာဏာရှင်စနစ်ကျဆုံးပါစေ” ၊ “ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးခံထားရသူများ အမြန်ဆုံး ပြန်လွှတ်ပေးရေး” စသည့်ကြွေးကြော်သံများဟစ်ကြွေးပြီး ဆန္ဒထုတ်ဖော်လာကြသည်။ တပ်မတော်အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၅ ရက်နေ့မှစတင်ခဲ့သည့် ထားဝယ်မြို့အတွင်း ဆန္ဒဖော်ထုတ်ပွဲ ပထမဆုံးရက်တွင် အင်အား ဆယ်ဂဏန်းသာရှိရာမှ သုံးရက်မြောက်နေ့တွင် ထောင်ပေါင်းများစွာအထိ များပြားလာခဲ့သည်။ ဆန္ဒပြပွဲ ပထမနေ့နှင့် ဒုတိယနေ့များတွင် လူအင်အားတစ်ရာခန့်ရှိပြီး လမ်းလျှောက်သည့် ခရီးလည်း တိုတောင်းကာ အချိန်အားဖြင့် နာရီဝက် ပင်မပြည့်ခဲ့ပေ။ တတိယနေ့ဆန္ဒပြရာတွင်မူ အင်အားထောင်ပေါင်းများစွာပါဝင်လာပြီး တစ်မြို့လုံးနီးပါး လှည့်လည် ခဲ့ကြသည်။ ရဲတပ်ဖွဲ့ကလည်း မီးတန်းကား၊ အချုပ်ကား များကလည်း ဆန္ဒပြပွဲမတိုင်မီကပင် မြို့အတွင်း ကင်းလှည့်နေသည်။ ဆန္ဒပြပွဲစတင်ချိန်တွင် လူအင်အားဆယ် ဂဏန်းမျှသာ […]