BREAKING
October 18, 2024

The Coup စစ်အာဏာသိမ်းမှု

ရွှေဈေး ငါးရက်အတွင်း ကျပ်ရှစ်သောင်းကျော် ခုန်တက်

diz_admin

February 9, 2021

တပ်မတော်အာဏာသိမ်းပြီးနောက် ငါးရက်တာကာလအတွင်း ရွှေတစ်ကျပ် သားလျှင် ကျပ်ရှစ်သောင်းကျော် ခုန်တက်သွားကြောင်း ထားဝယ် ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ကာ ရွှေဝယ်လိုအားများလာပြီး စံချိန်တင်ဈေးတက်သွားခြင်းဖြစ်ကြောင်း ရွှေဆိုင်ပိုင်ရှင်အချို့က ဆိုသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ မတိုင်မီ က အခေါက်ရွှေ တစ်ကျပ်သားလျှင် တစ်ဆယ့်သုံးသိန်းနှစ်သောင်းကျပ် ဝန်းကျင်သာ ပေါက်ဈေးရှိရာမှ လက်ရှိတွင် တစ်ဆယ့်လေးသိန်းကျော်အထိ မြင့်တက်သွားခဲ့သည်။ ရွှေလာဝယ်သူများပြားလွန်းသဖြင့် ဆိုင်ကိုပင် ပိတ်လိုက်ရကြောင်း စည်ပင်သာယာဈေးကြီး မြောက်ဘက်တွင် ဖွင့်လှစ်ထားသည့် ရွှေဆိုင်ပိုင်ရှင် အမျိုးသားတစ်ဦးက ဆိုသည်။ “မဝယ်နဲ့ဦး၊ ထိန်းထားကြပါဦး ဆိုပြီး ပြောယူရတယ်” ဟု အထက်ပါ အမျိုးသားက ပြောသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင်မူ ရွှေဝယ်သူ နည်းပါးသွားခဲ့ပြီး ပုံမှန် အနေအထားအတိုင်းပင် အရောင်းအဝယ် ဖြစ်နေကြောင်း […]

လူတန်းစားပေါင်းစုံ ပါဝင်လာသော ထားဝယ် သပိတ် ထားဝယ် ငါးရက်မြောက်

diz_admin

February 9, 2021

သပိတ်မှောက်ပွဲတွင် လူထုလူတန်းစား အရောင်စုံ တွေ့မြင်လာပြီး လူသိန်းချီပါ သပိတ် ဆက်လက် ဆင်နွှဲနေဆဲ ဖြစ်သည်။ ဒီမိုကရေစီ အရေး လှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) က ယနေ့တွင် ထုတ်ပြန်ချက်တစ်စောင်ထုတ်ပြန်လာပြီး စစ်အာဏာရှင်တိုက်ဖျက်ရေး အကြမ်းမဖက် နည်းလမ်းများဖြင့် ဆန့်ကျင်သွားမည်ဟုဆိုသည်။ ဓာတ်ပုံ – Dawei Watch

နေပြည်တော်ရောက် မွန်ညီညွတ်ရေးပါတီမှ ကိုယ်စားလှယ်များ နေရပ်ပြန်

diz_admin

February 8, 2021

နေပြည်တော် စည်ပင်ဧည့်ရိပ်သာတွင် ထိန်းသိမ်းခံထားရသည့် မွန်ညီညွတ်ရေးပါတီမှ လွှတ်တော်ကိုယ်စား ၅ ဦး ဖေဖော်ဝါရီ ၃ ရက်နေ့ နံနက်တွင် နေရပ်ပြန်လာကြပြီဟု လွှတ်တော် ကိုယ်စားလှယ်တို့က ပြောသည်။ မွန်ညီညွတ်ရေးပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ၃ ဦးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၂ ဦးတို့သည် တတိယအကြိမ်လွှတ်တော် တက်ရန် နေပြည်တော် စည်ပင်ဧည့် ရိပ်သာသို့ ရောက်ရှိနေစဉ် အာဏာသိမ်း တပ်မတော်၏ ထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။ ဖေဖော်ဝါရီ ၂ ရက်နေ့ ညနေတွင် စည်ပင်ဧည့်ရပ်သာရှိ လွှတ်တော် ကိုယ်စားလှယ်များအားလုံး နေရပ်ပြန် နိုင်ပြီးဖြစ်ကြောင်း တပ်မတော်မှ လာရောက် ပြောကြားခဲ့သည်ဟု မွန်ညီညွတ်ရေး ပါတီမှ လွှတ်တော်ကိုယ်စားလှယ် နိုင်စံတင်က ပြောသည်။ “တိုင်းဒေသကြီးနဲ့ ပြည်နယ်က ကိုယ်စားလှယ်တွေ ဒီအချိန်ကနေစပြီး မနေ့က […]

ဆန်အတွက် မစိုးရိမ်ရန် မြိတ်ခရိုင် ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌပြော

diz_admin

February 8, 2021

မြိတ်ဒေသနေပြည်သူများ ဆန်အတွက် မစိုးရိမ်ရန် မြိတ်ခရိုင်ဆန်စက် လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြောကြားလိုက်သည်။ တပ်မတော်မှ အာဏာကို သိမ်းပြီး နာရီဝက်အတွင်း မြိတ်မြို့ရှိ အိုကေဆန်ဆိုင်အပါအဝင် ဆန်ဆိုင်များတွင် တိုးဝှေ့ဝယ်ယူမှုများ ဖြစ်နေခဲ့သည်။ ယင်းအပေါ်မစိုးရိမ်ရန်နှင့် ဆန်ပြတ်လပ်မည် မဟုတ်ကြောင်း ဥက္ကဋ္ဌ ဦးမောင်ထွေး က ပြောဆိုသည်။ “ဆန်ကကျွန်တော့်ဆီမှာ သောင်း ချီပြီးရှိနေသေးတယ်။ ဖျာပုံက ဆန်တင် သင်္ဘောလည်း ဆင်းလာနေပါတယ်” ဟု ၎င်းက ပြောသည်။ အာဏာသိမ်းမှုကြောင့် ပြည်သူ လူထုများ စိုးရိမ်စိတ်မြင့်တက်ခဲ့ပြီး ဆန်များအလုအယက်ဝယ်ယူခဲ့ရာ နောက်လယ်ရပ်ကွက်ရှိ အိုကေဆန်တစ်ဆိုင်တည်း ၃ နာရီအတွင်း ၂၄ ပြည်ဝင် ဆန်အိတ် သုံးထောင်ကျော်ကို ပုံမှန်ဈေးဖြင့် ရောင်းချခဲ့ကြောင်း ဦးမောင်ထွေး က ပြောပြသည်။ “လူတစ်ဦးကို နှစ်အိတ်နှုန်းနဲ့ရောင်း ချပေးခဲ့တယ်။ သူဌေးတွေဝယ်ပြီး […]

တနင်္သာရီတိုင်းမှ ကိုယ်စားလှယ်များ နေပြည်တော်မှ ပြန်ရောက်

diz_admin

February 8, 2021

လွှတ်တော်အစည်းအဝေးတက်ရန် နေပြည်တော်သို့ထွက်သွားသည့် တနင်္သာရီ တိုင်းမှ လွှတ်တော်ကိုယ်စားလှယ်များ တပ်မတော် အာဏာသိမ်းမှုကြောင့် တည်းခိုနေသည့်နေရာတွင်ပင် ခေတ္တ ထိန်းသိမ်းခံခဲ့ရပြီးနောက် ဖေဖော်ဝါရီလ ၅ ရက်တွင် နေရပ်သို့ အသီးသီးပြန် လာခဲ့ကြသည်။ ထိန်းသိမ်းခံထားရစဉ် နေပြည်တော် စည်ပင်ဧည်ရိပ်သာအတွင်းပင်လွှတ် တော်ခေါ်ယူကာ ကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးသူ ၇၀ ဦးတွင် တနင်္သာရီတိုင်းက လွှတ်တော်ကိုယ်စား လှယ် ၂၁ ဦးပါဝင်ခဲ့ကြောင်း ဘုတ်ပြင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းထွန်းက ပြောသည်။ “အခုက စည်ပင်ရိပ်သာက လက်မခံတော့ဘူးဆိုတော့ ကိုယ့်နေရာကိုယ် ပြန်လာကြတာပေါ့” ဟု ဦးနေလင်းထွန်း က ဆိုသည်။ တနင်္သာရီတိုင်းမှ ကိုယ်စားလှယ် များပြန်လာသည့်နေ့တွင်ပင် ပြည်ထောင် စုလွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စားပြုကော်မတီတစ်ရပ်ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း အမျိုးသာဒီမိုကရေစီ အဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းကော်မတီတွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် […]