BREAKING
October 18, 2024

The Coup စစ်အာဏာသိမ်းမှု

လောင်းလုံးညသပိတ်

diz_admin

December 7, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် တွင် ဒီဇင်ဘာလ ၇ ရက်ညက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ခဲ့သည်။ လောင်းလုံးမြို့နယ်ရှိ တောင်ကြော အချို့တွင် စစ်ကောင်စီတပ်က တောနင်းစစ်ကြောင်း ထိုးနေသည့် ကြားမှ ထိုသို့ သပိတ်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

လောင်းလုံး ညသပိတ်

diz_admin

December 7, 2021

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၆) ညတွင် ‘ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ’ ကြွေးကြော်သံဖြင့် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ညသပိတ်ပြုလုပ်ကာ ဆန္ဒထုတ်ဖော်ကြသည်။ ရန်ကုန်သပိတ်စစ်ကြောင်း ကြည့်မြင်တိုင်မြို့နယ်တွင် ဒီဇင်ဘာလ ၅ ရက်နေ့က အကြမ်းဖက် ဖြိုခွင်းခံလိုက် သဖြင့် ယနေ့တွင်ပင် လောင်းလုံးမြို့နယ် အခြေခံပညာ ကျောင်းသူ၊ ကျောင်းသားများ နှင့် လူငယ်များက စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြသေးသည်။

လောင်းလုံး အခြေခံပညာကျောင်းသား သပိတ်

diz_admin

October 26, 2021

လောင်းလုံးမြို့နယ်ရှိအခြေခံပညာကျောင်းသားတွေ စုပေါင်းပြီး အောက်တိုဘာလ ၂၅ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ပါတယ်။

ကော့သောင်းတွင် တစ်ဦးထပ်မံကျဆုံး၊ ယနေ့ စုစုပေါင်း သုံးဦး ကျ

diz_admin

March 30, 2021

ကော့သောင်းမြို့ အေးရိပ်ငြိမ်ရပ်ကွက် ရေခဲစက်အနီးတွင် ယနေ့ မတ်လ ၃၀ ရက် အမျိုးသားတစ်ဦး ထပ်မံ ကျဆုံးသွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။ ကျဆုံးသူမှာ အသက် ၂၁ ဝန်းကျင် ကိုသန့်ဇင်ဦး ဆိုသူဖြစ်ကြောင်း ၎င်းမြို့ခံကဆိုသည်။ ယင်းမတိုင်မီက အသက် အသက် ၂၂ ဝန်းကျင်နှင့် အသက် ၄၄ နှစ်အရွယ် အမျိုးသားနှစ်ဦးကျဆုံးခဲ့ပြီးဖြစ်‌ရာ ယနေ့ကျဆုံသူ သုံးဦးရှိပြီဖြစ်ကြောင်း မြို့ခံအချို့ကဆိုသည်။ ယခုအချိန်တွင် ကော့သောင်း ရွှေပြည်သာရပ်ကွက်အတွင်း ပစ်ခတ်မှုများ ဖြစ်ပွားနေဆဲ ဖြစ်သည်။

မြိတ်တွင် လေးဦး အဖမ်းခံရဟုဆို၊ သုံးဦး သေဆုံးမှု အတည်မပြုနိုင်

diz_admin

March 11, 2021

မြိတ်၊ မတ် ၁၁ မြိတ်မြို့တွင် မတ်လ ၁၁ ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မြို့နယ် ခေါင်းဆောင်၊ တက်ကြွ လှုပ်ရှားသူနှင့် ကဗျာဆရာ တို့ အပါအဝင် စုစုပေါင်း လေးဦး အဖမ်းခံခဲ့ရကြောင်း ပါတီ ခရိုင် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ မြို့နယ် အလုပ်မှုဆောင် ဦးစိုးလင်း၊ ကဗျာဆရာ နရီ (မြိတ်)၊ တက်ကြွလှုပ်ရှားသူ ဦးတင်ကိုကိုဦး နှင့် မြိတ်မြို့ခံတစ်ဦး ဖြစ်သူ ဦးစိုးမြင့်တို့ အဖမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဦးစိုးမြင့်မှာ ပါတီ မြို့နယ် အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး ၂၀၁၃ ခုနှစ်မှစ၍ ပါတီလုပ်ငန်းများတွင် ပါဝင်ခြင်းမရှိတော့ကြောင်း ပါတီတာဝန်ရှိသူ ကပြောပြသည်။ “ဉီးစိုးမြင့်ကိုတော့ တပ်ပြင်ဈေးနားမှာ အဖမ်းခံရတယ်လို့ […]

တစ်ပတ်အတွင်း အာဏာသိမ်းမှု ဖြစ်စဉ် အကျဉ်းချုပ်

diz_admin

February 14, 2021

ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေသော ဖြစ်စဉ်များကို အကျဉ်းချုပ် မှတ်တမ်းဖော်ပြလိုက်ပါသည်။ ဖေဖော်ဝါရီ ၈ မှ ၁၄ ရက်နေ့ အထိ ဖြစ်စဉ်များကို ဖော်ပြထားပါသည်။ ဖေဖော်ဝါရီ ၈ အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲများ နိုင်ငံအနှံ့ မြို့ကြီးများ အပါအဝင် ပိုမိုအရှိန်ကောင်းလာပြီး ရုံးမတက်သော အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ၌ ဝန်ထမ်းများ ပိုမိုပါဝင်လာသည်။ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၏ ပါဝင်မှု အရှိန်ပိုရလာကာ အခြားသော ဌာနများက ဝန်ထမ်းများ၏ အာဏာဖီဆန်ရေး ရုံးမတက်လှုပ်ရှားမှုလည်း ပိုမိုအားကောင်းလာသည်။ ကမ္ဘောဇ၊ ဧရာဝတီ၊ နှင့် CB စသော ပုဂ္ဂလိကဘဏ်အချို့ ရက်အကန့်အသတ်မရှိ ယာယီပိတ်ထားလိုက်သည်။ ယခင်က ပိတ်ထားသော ဘုရာစေတီတချို့ကို ဖူးမြော်ခွင့် ပြန်လည်ဖွင့်ပေးသည်။ ဗိုလ်ချုပ်မှူးကြီး […]