BREAKING
October 18, 2024

The Coup စစ်အာဏာသိမ်းမှု

လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းနှင့် တွေ့ဆုံခြင်း

Dawei Watch

March 19, 2024

“ဒါက စစ်သည်ကျင့်ဝတ်လည်းချိုးဖောက်သလို လူ့အခွင့်အရေးချိုးဖောက်မှုလည်း ဖြစ်တယ်” လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း စစ်အာဏာရှင်ဆန့်ကျင်ရေး သုံးနှစ်ကျော်လာချိန်တွင် တော်လှန်ရေးတပ်ဖွဲ့ အများအပြားပေါ်ပေါက်လာပြီး နေရာဒေသအနှံ့ တိုက်ပွဲများအပြင်းအထန် ဖြစ်ပွားနေသည်။ တော်လှန်ရေးအရှိန်ကောင်းနေသလို တစ်ဖက်တွင်လည်း တော်လှန်ရေးတပ်အချို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်သည်တော်ကျင့်ဝတ် ဖောက်ဖျက်မှုများလည်း ရှိလာနေသည်။ စစ်ကောင်စီတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများမှာ အထူးပြောဖွယ်မရှိအောင်ပင် နေရာအားလုံးလိုလိုတွင် ဖြစ်ပေါ်နေသည်။ သို့သော်စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေသည့် တော်လှန်ရေးအဖွဲ့များမှာမူ ယင်းသို့ချိုးဖောက်မှုများကို အနည်းငယ်မျှပင် ပြုလုပ်ရန်မသင့်ဘဲ ကျင့်ဝတ်၊စည်းကမ်းများကို အထူးလိုက်နာရန် လိုအပ်ကြောင်း ထောက်ပြမှုများလည်း ရှိနေသည်။ သို့မှသာ ပြည်သူယုံကြည် ကိုးစားခံရသူများဖြစ်ကာ စံပြုထိုက်သည့် အဖွဲ့များ ဖြစ်လာမည်ဟုလည်း ထောက်ပြသူများက ဆိုကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စစ်သည်တော်ကျင့်ဝတ်၊ လူ့အခွင့်အရေးစံနှုန်းများကို ရေးဆွဲအတည်ပြုထားသည်။ ယင်းကြောင့် တော်လှန်ရေးအဖွဲ့များ၏ ကျင့်ဝတ်လိုက်နာမှုဆိုင်ရာ […]

မြန်မာစစ်ခေါင်းဆောင်များ တာဝန်ခံမှု ရှိလာစေရေး အာဆီယံ ကြိုးပမ်းသင့်ဟု ကုလအထူးကိုယ်စားလှယ်ဆို

Dawei Watch

June 21, 2023

အာဆီယံနိုင်ငံများအနေနှင့် မြန်မာစစ်အာဏာရှင်များအား တာဝန်ခံမှုရှိစေရန် အစီအမံများချမှတ်နိုင်ရေး စဉ်းစားရမည်ဟု မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် သောမတ်စ် အင်ဒရူးစ်က ယနေ့ (ဇွန် ၂၁)တွင် တိုက်တွန်းပြောကြားခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံတွင်း လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းကို ဖြေရှင်းရာတွင် အာဆီယံအနေနှင့် ပိတ်မိနေဆဲ ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် မြန်မာစစ်အုပ်စု နှင့် အာဆီယံအကြား သဘောတူညီချက် ငါးချက် ပါဝင်သည့် ငြိမ်းချမ်းရေး စီမံချက်ကို အကောင်အထည် ဖော်ရေးတွင် တိုးတက်မှု တစိုးတစိမျှ မတွေ့ရသည့်အတွက် အာဆီယံအနေနှင့် မြန်မာစစ်ခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံမှု မပြုသင့်ကြောင်း အင်ဒရူးစ် က မှတ်ချက်ပြုခဲ့သည်။ “(အာဆီယံအနေနဲ့) တော်တော်လေးကို ရှေ့မတိုးနောက်မဆုတ် ဖြစ်နေတဲ့အရာကို ချိုးဖျက်နိုင်ဖို့ရာ အခြားသော […]

ထားဝယ်ထောင်တွင်း ထိရောက်သော ဆေးကုသခွင့် အလိုရှိသည်

diz_admin

January 18, 2022

သေနတ်ဖြင့် အပစ်ခံခဲ့ရစဉ်က သေသွားသည်က ပိုကောင်းဦးမည်ဟု ကိုဝေယံဖြိုး မကြာခဏ ညည်းတွားလေ့ရှိသည်။ လက်ရှိ ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းကျနေသော အသက် ၁၈ နှစ် ဝန်းကျင်ရှိ ကိုဝေယံဖြိုးမှာ စစ်တပ်အာဏာသိမ်းမှုအပြီး ဆန္ဒပြသပိတ်စစ်ကြောင်းများတွင် ပါဝင်ခဲ့သည်။ ယင်းနောက် ၂၀၂၁ ခုနှစ် မေလ ၃၁ ရက်နေ့က ထားဝယ်မြို့အနီးရှိ လယ်တဲ တစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခံခဲ့ရသူ ဖြစ်သည်။ ကျည်ဆန်ထိမှန်ထားသည့် လက်မောင်းအတွင်းရှိ အရိုးကျိုးကြေနေပြီး စတီးရိုးထည့်ရန် လိုအပ်နေသော်လည်း ဒီဇင်ဘာလအထိ ထိရောက်သည့် ဆေးကုသခွင့်မရဖြစ်နေသည်။ ထားဝယ်အကျဉ်းထောင်သို့ သေနတ်ဒဏ်ရာ၊ စစ်ကြောရေးမှ ဒဏ်ရာများဖြင့် ရောက်လာသူ အခြားနိုင်ငံရေးအကျဉ်းသားများမှာလည်း ဆေးကုသခွင့်အပြည့်အဝမရဘဲ အကျဉ်းသား အခွင့်အရေးများ ဆုံးရှုံးနေကြောင်း ထားဝယ်ထောင်တွင် နေထိုင်ခဲ့ဖူးသော အကျဉ်းသား ၁၀ ဦးခန့်ကို ဆက်သွယ်မေးမြန်းချက် အရသိရသည်။ […]

စစ်ကောင်စီကို လာတွေ့မည့် ဟွန်ဆန်ကို လောင်းလုံးတွင် ဆန္ဒပြ

diz_admin

January 6, 2022

စစ်ကောင်စီအား အားပေးအားမြှောက်ပြုလုပ်နေသဖြင့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို ရှုတ်ချ ကြောင်း လောင်းလုံးမြို့နယ်အတွင်းက အခြေခံပညာကျောင်းသူ၊ ကျောင်းသားများနှင့် လူငယ်များက ယနေ့ (ဇန်နဝါရီ ၆) အာရုံဦးတွင် ဆန္ဒပြကြသည်။   ‘ဟွန်ဆန် မြန်မာ့မြေကို လုံးဝ ခြေချခွင့်မရှိစေရ’ ဆိုသည့် ခေါင်းစဉ်ဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အာရုံဦးသပိတ်ပြုလုပ်ကြခြင်းဖြစ်သည်။ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် မြန်မာနိုင်ငံသို့ မနက်ဖြန် (ဇန်နဝါရီလ ၇) ရက်နေ့တွင် လာရောက်မည် ဖြစ်သည်။

နှစ်သစ်ကိုလည်းကြိုမယ်၊ ဖက်ဆစ်ကိုလည်းဖြိုမယ်

diz_admin

January 1, 2022

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းသူ၊ ကျောင်းသားများနှင့် လူငယ်များက ယနေ့ (ဒီဇင်ဘာ ၃၁) နှစ်သစ်ကူးညတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ကြပါသည်။

စစ်တပ်ထုတ်ကုန် သပိတ်မှောက်ရန် ဆန္ဒပြ

diz_admin

December 8, 2021

စစ်တပ်ထုတ်ကုန်များ မသုံးဘဲ ဆန့်ကျင်ရေး လောင်းလုံးမြို့နယ်လုံး ဆိုင်ရာ အခြေခံပညာကျောင်းသားများသမဂ္ဂနှင့် လူငယ်များက သပိတ်မှောက်ခဲ့ကြသည်။ Dawei Watch ရဲ့ Youtube တွင်လည်း ဝင်ကြည့်နိုင်ပါတယ်။