BREAKING
January 22, 2025

အားကစား/ဖျော်ဖြေရေး

မန်ယူဂိုးသမားဟောင်း ဗန်ဒါဆား ဦးနှောက်တွင်း သွေးယိုစီးမှုကြောင့် အရေးပေါ်ကုသမှုခံယူ  

Dawei Watch

July 8, 2023

ဦးနှောက်တွင်း သွေယိုစီးမှုကြောင့် သောကြာနေ့က ဆေးရုံတွင် အရေးပေါ်ကြပ်မတ်ကြသမှုခံယူနေရသည့် မန်ယူဂိုးသမားဟောင်း ဗန်ဒါဆား၏အခြေအနေမှာ တည်ငြိမ်သက်သာစပြုလာခဲ့ပြီဟု သိရှိရသည်။ ဗန်ဒါးဆား၏အခြေအနေ တည်ငြိမ်သက်သာစပြုလာခဲ့ပြီဖြစ်ကြောင်းကို ၎င်း၏အသင်းဟောင်း အေဂျက်က သတင်းထုတ်ပြန်ထားပြီး ၎င်း၏အသင်းဟောင်းများ၊ ဘောလုံးလောကရှိ ကစားသမားများကလည်း ဗန်ဒါဆား အမြန်ဆုံးသက်သာပါစေကြောင်း ဆုတောင်းပေးလျက်ရှိသည်။ ဗန်ဒါဆားသည် အေဂျက်၊ ဂျူဗင်တပ်၊ ဖူလ်ဟမ်၊ မန်ယူ အစရှိသည့် အသင်းများနှင့်အတူ မှတ်တမ်းကောင်းများစွာကို ရေးထိုးစိုက်ထူခဲ့ကာ နယ်သာလန်လက်ရွေးစင်အသင်းနှင့်လည်း ကမ္ဘာ့ဘောလုံးလောကတွင် ထင်ပေါ်ကျော်ကြားမှုများကို ရယူနိုင်ခဲ့ဖူးသည်။ ဗန်ဒါဆားသည် ခရိုအေးရှားနိုင်ငံတွင် ဦးနှောက်သွေးကြောပေါက်ကာ ဦးနှောက်တွင်း သွေးယိုစီးခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ဗန်ဒါဆား၏အသက်မှာ ၅၂ နှစ်အရွယ် ရှိနေပြီဖြစ်သည်။ ဗန်ဒါဆားသည် ခရိုအေးရှားနိုင်ငံရှိ ကျွန်းတစ်ကျွန်းသို့ နွေရာသီအလည်အပတ် အပန်းဖြေခရီး ရောက်ရှိနေချိန်တွင် ဦးနှောက်သွေးကြောပေါက်သွားခဲ့ခြင်းဖြစ်ကာ ၎င်းကို သောကြာနေ့ နေ့လည်ပိုင်းတွင် ဆေးရုံသို့ ရဟတ်ယာဉ်ဖြင့် […]

မန်ယူ၏နာမည်ကျော် ကျောနံပါတ် ၇ ကို မေဆန်မောင့် ဝတ်ဆင်မည်

Dawei Watch

July 5, 2023

ချယ်လ်ဆီးမှနေ၍ မန်ယူဆီသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့သည့် ကွင်းလယ်လူ မေဆန်မောင့်သည် မန်ယူ၏ဂန္ထဝင်ကျောနံပါတ် ၇ ကို ဝတ်ဆင်ကစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရသည်။ ဖာဂူဆန် ခေတ်လွန်ကာလတွင် မန်ယူနည်းပြရာထူးကို ဆက်ခံခွင့်ရရှိသော နည်းပြများသည် ကျောနံပါတ် ၇ ကို ဆက်ခံနိုင်လောက်သည်ဟု ယူဆရသော ကစားသမားများကို စူးစမ်းရှာဖွေခဲ့ကြပြီး နည်းပြ ဗန်ဟားလ် လက်ထက်တွက် ဒီမာရီယာ၊ နည်းပြ မော်ရင်ညို လက်ထက်တွက် ဆန်းချက်ဇ်တို့က မန်ယူ၏ကျောနံပါတ် ၇ ကို ဝတ်ဆင်ခွင့်ရရှိခဲ့ကြသော်လည်း အရှိန်အဝါကြီးမားသော အောင်မြင်မှုကိုမူ ရှာဖွေနိုင်ခြင်း မရှိခဲ့ကြပေ။ နည်းပြ ဆိုးလ်ရှား လက်ထက်တွင် ကျောနံပါတ်ကို ကာဗာနီက ဦးစွာပထမ ဝတ်ဆင်ခွင့်ရရှိခဲ့ပြီး စီရော်နယ်ဒို တစ်ကျော့ပြန်လည် ပြောင်းရွှေ့ရောက်ရှိလာချိန်တွင်မူ စီရော်နယ်ဒိုက ယင်းကျောနံပါတ်ကို တစ်ကျော့ပြန်လည် ဆင်မြန်းခွင့် ရရှိသွားခဲ့သည်။ စီရော်နယ်ဒိုသည် နည်းပြ […]

မန်ယူအသင်းပိုင်ရှင်သစ်ကို နာရီပိုင်းအတွင်း သိရတော့မည်

Dawei Watch

June 27, 2023

မန်ယူအသင်းပိုင်ရှင်သစ် မည်သူဖြစ်လာမည်ဆိုသည့် အဆုံးအဖြတ်ကို သိရှိခွင့်ရရန်အတွက် အချိန်အနည်းငယ်သာ လိုတော့ကြောင်း အမေရိကန်ပြည်ထောင်စုအခြေစိုက် Benzingar ဘဏ္ဍာရေး သတင်းဝက်ဘ်ဆိုက်က သတင်းရေးသားဖော်ပြလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ မန်ယူသည် တတိယလပတ် ဘဏ္ဍာရေးစာရင်းရှင်းတမ်းကို ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် ထုတ်ပြန်တော့မည်ဖြစ်ကာ ဘဏ္ဍာရေးစာရင်းရှင်းတမ်းကို ထုတ်ပြန်ပြီးသည်နှင့်တပြိုင်နက် အသင်းပိုင်ရှင်သစ် မည်သူဖြစ်သည်ဆိုခြင်းကို ဂလေဇာမိသားစုက ထုတ်ပြန်ကြေညာပေးဖွယ်ရှိသည်ဟု Benzingar ဘဏ္ဍာရေး သတင်းဝက်ဘ်ဆိုက်က ဆိုသည်။ မန်ယူအသင်း၏တတိယလပတ် ဘဏ္ဍာရေးစာရင်းရှင်းတမ်းကို ထုတ်ပြန်ကြေညာပြီးနောက် ၂၄ နာရီအတွင်း၌ မန်ယူ၏အသင်းပိုင်ရှင်သစ် မည်သူဆိုသည်မှာ အဖြေပေါ်လာလိမ့်မည်ဟု သတင်းရေးသားဖော်ပြမှုများလည်း ရှိနေသည်။ အချို့သောသတင်းရင်းမြစ်များကမူ မန်ယူအသင်းပိုင်ရှင်သစ် မည်သူဖြစ်မည်ဆိုခြင်းမှာ ဇွန်လမကုန်မီတွင် အဖြေပေါ်လာလိမ့်မည်ဟု ရေးသားနေကြသည်။ လက်ရှိတွင် မန်ယူကို ဝယ်ယူရန်အတွက် ဗြိတိန်ဘီလျံနာ ဆာဂျင်မ် ရတ်ဒ်ကလစ်ဖ်နှင့် ကာတာဘီလျံနာ ရှိတ်ခ်ဂျတ်စ်ဆင်းမ်တို့က အပြိုင်အဆိုင် ကမ်းလှမ်းထားပြီးဖြစ်သည်။ Benzingar ဘဏ္ဍာရေး သတင်းဝက်ဘ်ဆိုက်သည် မန်ယူအသင်းပိုင်ရှင်သစ်ဖြစ်လာမည့်သူမှာ […]

ဗီယက်နမ် လက်‌ဝှေ့မယ်ကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ယူပြီး ၁၃ ပွဲဆက် အနိုင်ရရှိသွားသည့် ဗရော်နီကာ

Dawei Watch

June 18, 2023

ကယန်းလက်ဝှေ့မယ် ဗရော်နီကာ သည် ယနေ့ညကျင်းပသည့် Thai Fight မွေထိုင်းလက်ဝှေ့ပွဲစဉ်တွင် ဗီယက်နမ် မွေထိုင်းလက်ဝှေ့မယ် ထရိုင်အူသီ ကို ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိသွားခဲ့ပြီဖြစ်ပြီး မွေထိုင်းလက်ဝှေ့မယ်ဘဝဖြတ်သန်းမှုတွင် ၁၃ ပွဲဆက်တိုက် အနိုင်ရရှိသည့် မှတ်တမ်းကောင်းတစ်ခုကို ပိုင်ဆိုင်သွားခဲ့ပြီဖြစ်သည်။ ၅၃ ကီလိုတန်းပွဲစဉ်အဖြစ် ထိုးသတ်ခဲ့ကြသည့် ဗရော်နီကာနှင့် ထရိုင်အူသီ တို့၏ပွဲစဉ်၌ ပထမပွဲချီ စတင်ကတည်းကပင် ဗရော်နီကာက လက်ရည်အသာစီးဖြင့် ထိုးသတ်သွားနိုင်ခဲ့ပြီး တတိယမြောက်ပွဲချီသို့အရောက်တွင် ဒိုင်ပွဲရပ်ဖြင့် အနိုင်ရသွားခဲ့ခြင်းဖြစ်သည်။ အာရှမွေထိုင်းချန်ပီယံရှစ်တွင် ဒုတိယရရှိထားပြီး IFMA Senior World Championship တွင် တတိယရရှိခဲ့ဖူးသော ထရိုင်အူသီ သည် မွေထိုင်းလက်ဝှေ့လောကသို့ ဝင်ရောက်လာခဲ့အပြီးတွင် အဌမမြောက်ပွဲစဉ်ကို ယှဉ်ပြိုင်ထိုးသတ်ခဲ့ခြင်းဖြစ်ပြီး အဆုံးသတ်တွင် ငါးပွဲမြောက်အရှုံးကို ရင်ဆိုင်သွားခဲ့ရသည်။ ဗရော်နီကာသည် နောက်ဆုံးယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ စိန်ခေါ်ပွဲ ခြောက်ခုတွင် မတူညီသည့်နိုင်ငံ ခြောက် ခု(အာဂျင်တီးနား၊ ဂရိ၊ ဘရာဇီး၊ […]

မန်ယူကို ဝယ်ယူရန် ကာတာစော်ဘွား ရှိတ်ခ်ဂျာဆင်းမ်၏ကမ်းလှမ်းမှု အောင်မြင်သွားခဲ့ပြီဟုဆို

Dawei Watch

June 13, 2023

မန်ယူကို ဝယ်ယူရန် ကာတာစော်ဘွား ရှိတ်ခ်ဂျာဆင်းမ်၏ကမ်းလှမ်းမှုကို ဂလေဇာမိသားစုဘက်က လက်ခံလိုက်ပြီဖြစ်ပြီး အောင်မြင်မှုရရှိသွားခဲ့ပြီဟု ရှိတ်ခ်ဂျာဆင်းမ်၏ဖခင်ဖြစ်သူ ရှယ်ယာတစ်ဝက် ပိုင်ဆိုင်ထားသည် Al-Watan သတင်းစာက ရေးသားဖော်ပြလိုက်သည်။ သို့သော် ဂလေဇာမိသားစုဘက်က အပြီးသတ် ဆုံးဖြတ်ချက်ကို ချမှတ်ခြင်း မရှိသေးဘဲ လာမည့်ရက် အနည်းငယ်အတွင်းသို့ ရောက်မှသာ အသင်းကို မည်သူ့ထံသို့ လက်လွှဲရောင်းချမည်ဆိုခြင်းကို ယတိပြတ် ဆုံးဖြတ်ချက်ချဖွယ်ရှိနေကြောင်း သိရှိရသည်။ ဂလေဇာမိသားစုသည် အမေရိကန်ပြည်ထောင်စုအခြေစိုက် ကုန်သွယ်လုပ်ငန်းဘဏ် Raine ၏အကူအညီကို ရယူကာ အပြီးသတ်ဆုံးဖြတ်ချက်ကို ချမှတ်ဖွယ်ရှိနေပြီး အယ်လ်ဂျာဆင်းမ်နှင့် ဆာဂျင်မ် ရတ်ဒ်ကလစ်ဖ်တို့အနက်မှ တစ်ဦးမှာ မန်ယူအသင်း၏ပိုင်ရှင်သစ် ဖြစ်လာတော့မည်ဖြစ်သည်။ အယ်လ်ဂျာဆင်းမ်၏ကမ်းလှမ်းမှုကို မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုဘက်က အလုံးစုံလက်ခံထားပြီဖြစ်ပြီး အပြီးသတ်ကြေညာချက်ကို များမကြာမီတွင် ထုတ်ပြန်ပေးဖွယ်ရှိနေသည်ဟု တွစ်တာလူမှုကွန်ရက်စာမျက်နှာရှိ သတင်းရင်းမြစ်များကလည်း ဆိုသည်။ အယ်လ်ဂျာဆင်းမ်၏ကမ်းလှမ်းမှုကို မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုဘက်က လက်ခံလိုက်ပြီဟု သတင်းများထွက်ပေါ်လာပြီးသည်နှင့်တပြိုင်နက် အသင်း၏ရှယ်ယာဈေးနှုန်းများလည်း ချက်ချင်းပင် […]

ဒေးဗစ်ဘက်ခမ်း ပိုင်ဆိုင်သည့် အင်တာမီယာမီ ကလပ်အသင်းဆီသို့ ပြောင်းရွှေ့တော့မည်ဟု မက်ဆီ ပြော

Dawei Watch

June 8, 2023

ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးသည့်နောက် ကလပ်အသင်းလက်မဲ့ ကစားသမားတစ်ဦးအဖြစ်သို့ ရောက်ရှိသွားသော အာဂျင်တီးနား အသင်းခေါင်းဆောင် တိုက်စစ်မှူး မက်ဆီ သည် ဒေးဗစ်ဘက်ခမ်း ပိုင်ဆိုင်သည့် အမေရိကန်မေဂျာလိဂ်ကလပ် အင်တာမီယာမီထံသို့ ပြောင်းရွှေ့တော့မည်ဟု ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်ကြောင်း သိရှိရသည်။ မက်ဆီကို ခေါ်ယူရန် ၎င်း၏အသင်းဟောင်း ဘာစီလိုနာနှင့် ဆော်ဒီအာရေဗျလိဂ်တွင် ပါဝင်နေသော ကလပ်အသင်းများက အပြိုင်အဆိုင် ကြိုးပမ်းခဲ့ကြပြီး မက်ဆီက အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပင် ယင်းကမ်းလှမ်းမှုများကို ငြင်းဆန်ပယ်ချ၍ အင်တာမီယာမီကို ရွေးချယ်သွားခဲ့ခြင်းဖြစ်သည်။ မက်ဆီနှင့် အင်တာမီယာမီအသင်းတို့အကြားတွင် နောက်ဆုံးအဆင့်အဖြစ် အပြီးသတ်စာချုပ်ချုပ်ဆိုရန်သာ ကျန်ရှိတော့ပြီး မက်ဆီမှာ ဆော်ဒီအာရေဗျကလပ်များမှနေ၍ ကမ္ဘာ့စံချိန်တင်လုပ်ခလစာဖြင့် ကမ်းလှမ်းထားသည်များကို ငြင်းဆန်ပယ်ချ၍ အင်တာမီယာမီကို ရွေးချယ်သွားခဲ့ခြင်းဖြစ်သည်။ ဘာစီလိုနာဥက္ကဌ လာပေါ်တာကလည်း မက်ဆီ၏ရွေးချယ်မှုနှင့် ဆုံးဖြတ်ချက်ကို ၎င်းအနေနှင့် လေးစားမှုအပြည့်ရှိပါကြောင်း အသိပေးသွားခဲ့ပြီး အမေရိကန်မေဂျာလိဂ်တွင် ကစားရန် မက်ဆီက […]

ချယ်လ်ဆီးကွင်းလယ်လူ မေဆန်မောင့် ကို ခေါ်ယူရန် မန်ယူ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုရရှိ

Dawei Watch

June 1, 2023

မန်ယူအသင်းသည် ချယ်လ်ဆီးကွင်းလယ်လူ မေဆန်မောင့်ကို ခေါ်ယူရန်အတွက် ကာယကံရှင် ကစားသမားဖြစ်သူနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ သဘောတူညီမှု ရရှိထားပြီဖြစ်ပြီး ပြောင်းရွှေ့ကြေးညှိနှိုင်းမှု အဆင်ပြေသည်နှင့် မေဆန်မောင့်မှာ မန်ယူထံသို့ ပြောင်းရွှေ့ရောက်ရှိလာတော့မည်ဖြစ်ကြောင်း သိရှိရသည်။ မန်ယူသည် မေဆန်မောင့်၊ ဟယ်ရီကိန်းနှင့် နေမာတို့ကို ခေါ်ယူရန် ကြိုးစားနေကြောင်း သတင်းများထွက်ပေါ်နေပြီး လက်ရှိတွင် မေဆန်မောင့်နှင့် မန်ယူအသင်းတို့အကြား၌ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ သဘောတူညီမှုရထားပြီဖြစ်ကြောင်းကို ဗြိတိန်အားကစားသတင်းမီဒီယာများက အတည်ပြုထားပြီလည်းဖြစ်သည်။ မန်ယူသည် မေဆန်မောင့် အပြောင်းအရွှေ့ဖြစ်မြောက်စေရေးအတွက် ချယ်လ်ဆီးနှင့် ပြောင်းရွှေ့ကြေးညှိနှိုင်းမှုများ ဆက်လက် ဆောင်ရွက်ရဦးမည်ဖြစ်ပြီး မေဆန်မောင့်အတွက် ပြောင်းရွှေ့ကြေးညှိနှိုင်းရာတွင် မန်ယူနှင့် ချယ်လ်ဆီးတို့အကြား၌ ပေါင် ၁၅ သန်းမှနေ၍ သန်း ၂၀ အကြား ကွာဟချက်ရှိနေကြောင်း သိရှိရသည်။ မန်ယူသည် မေဆန်မောင့်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၆၀ […]

၁၇ နှစ်အတွင်း ယူရိုပါလိဂ်ချန်ပီယံဆုကို ၇ ကြိမ်မြောက် ရယူပြီး ချန်ပီယံလိဂ်ပါဝင်ကစားခွင့်ကို ဆီဗီလာ ရယူ

Dawei Watch

June 1, 2023

ဟန်ဂေရီနိုင်ငံရှိ ပွတ်ရှ်ကပ်စ်ဘောလုံးကွင်းကြီးတွင် ကျင်းပခဲ့သော ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်တွင် ယူရိုပါလိဂ်ပြိုင်ပွဲ၌ အစဉ်အလာမှတ်တမ်းကောင်းများရှိသော စပိန်လာလီဂါကလပ် ဆီဗီလာက အီတလီစီးရီးအေကလပ် ရိုးမားကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူကာ ချန်ပီယံဖြစ်သွားခဲ့ကြောင်း သိရှိရသည်။ ရိုးမားသည် တိုက်စစ်မှူး ဒိုင်ဘာလာ၏သွင်းဂိုးနှင့် ဆီဗီလာကို ဦးဆောင်နိုင်ခဲ့သော်လည်း ပွဲကစားချိန် ၅၅ မိနစ်တွင် မန်စီနီက ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခြင်းကြောင့် ချေပဂိုးပြန်ပေးလိုက်ရကာ သာမန် ပွဲကစားချိန် မိနစ် ၉၀ ပြီးဆုံးချိန်၌ တစ်ဖက်တစ်ဂိုးစီ သရေဖြစ်သွားခဲ့ရသည်။ အချိန်ပို မိနစ် ၃၀ ယှဉ်ပြိုင်ရာတွင်လည်း တစ်ဖက်နှင့်တစ်ဖက် ဂိုးမသွင်းနိုင်ခဲ့သည့်အတွက် ပင်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရပြီး ယင်းသို့ ပင်နယ်တီအဆုံးအဖြတ်ကန်သွင်းရာတွင် ဆီဗီလာက ရိုးမားကို လေးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည်။ ဆီဗီလာသည် ၁၇ နှစ်တာကာလအတွင်း ယူရိုပါလိဂ်ဆုဖလားကို သတ္တမအကြိမ်မြောက် ဆွတ်ခူးရရှိခြင်းဖြစ်ပြီး ယခုကဲ့သို့ ချန်ပီယံဖြစ်လိုက်သည့်အတွက် […]