BREAKING
January 22, 2025

အားကစား/ဖျော်ဖြေရေး

တိုက်စစ်အစွမ်းပြပြီး ဘာစီလိုနာကို အာဆင်နယ်က ငါးဂိုး သုံးဂိုးဖြင့် အနိုင်ယူ

Dawei Watch

July 27, 2023

အာဆင်နယ်အသင်းသည် အမေရိကန်ပြည်ထောင်စုတွင် ယှဉ်ပြိုင်ကစားခဲ့သော ရာသီကြိုခြေစမ်းပွဲစဉ်၌ ဘာစီလိုနာကို ငါးဂိုး သုံးဂိုးဖြင့် အနိုင်ရရှိသွားခဲ့ကြောင်း သိရှိရသည်။ အာဆင်နယ်နှင့် ဘာစီလိုနာတို့၏ပွဲစဉ်သည် တိုက်စစ်အပြန်အလှန်ဖွင့်ကစားသောပွဲတစ်ပွဲဖြစ်ခဲ့ပြီး ပထမပိုင်း ၄၅ မိနစ်အတွင်း၌ပင် တစ်ဖက်နှင့်တစ်ဖက် ဂိုးများ အပြန်အလှန်သွင်းကာ နှစ်ဂိုးစီ သရေရလဒ်ဖြစ်နေခဲ့သည်။ အာဆင်နယ်သည် ပွဲကစားချိန် ၂၂ မိနစ်တွင် ပင်နယ်တီအခွင့်အရေး ရရှိခဲ့သေးသော်လည်း ယင်းပင်နယ်တီကို ဆာကာ ကန်သွင်းရာတွင် လွဲချော်သွားခြင်းကြောင့် ဘာစီလိုနာ ဂိုးပေးရ သက်သာသွားခဲ့သည်။ ဘာစီလိုနာသည် ကစားသမား ၁၁ ယောက်လုံးကို လူစားလဲလှယ်ကာ ကစားကွက်နှင့် နည်းဗျူဟာပိုင်းဆိုင်ရာ စမ်းသပ်သွားခဲ့ပြီး အာဆင်နယ်ကမူ ကစားသမား ၉ ဦးအထိ လူစားလဲလှယ်ကာ ကစားကွက် အခင်းအကျင်းကို အပြောင်းအလဲလုပ်သွားခဲ့သည်။ အာဆင်နယ်သည် ဒုတိယပိုင်း ပွဲကစားချိန် ၄၅ မိနစ်တွင် ဘာစီလိုနာဘက်သို့ […]

ရီးရဲလ်မက်ဒရစ်ကို မန်ယူ နှစ်ဂိုးပြတ် အရေးနိမ့်၊ အိုနာနာနှင့် မေဆန်မောင့်တို့ မန်ယူအတွက် လိုအပ်ချက်များ ရှိနေဆဲ

Dawei Watch

July 27, 2023

အမေရိကန်ပြည်ထောင်စုတွင် ယနေ့ယှဉ်ပြိုင်ကစားခဲ့သော ရာသီကြိုခြေစမ်းပွဲတွင် ရီးရဲလ်မက်ဒရစ်က မန်ယူကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရသွားခဲ့ကြောင်း သိရှိရသည်။ မန်ယူသည် ယမန်နေ့က ဝရက်ဇ်ဟမ်းအသင်းနှင့် ခြေစမ်းပွဲကစားခဲ့ရာ၌ သုံးဂိုး တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ယနေ့တွင် ရှုံးပွဲထပ်မံကြုံဆုံလိုက်ရခြင်းဖြစ်သည်။ ဝရက်ဇ်ဟမ်းနှင့်ပွဲစဉ်တွင် လူငယ်ကစားသမားများကိုသာ အဓိက ပွဲထုတ်သွားခဲ့သည့် မန်ယူသည် ယနေ့ပွဲစဉ်တွင်မူ အဓိက, ကစားသမားအစုံအလင်ကို အသုံးပြုကာ ရီးရဲလ်မက်ဒရစ်ကို ယှဉ်ပြိုင်သွားခဲ့သည်။ မန်ယူက အသစ်ခေါ်ယူထားသည့် ဂိုးသမား အိုနာနာ သည် ယခုပွဲစဉ်တွင် မန်ယူအတွက် ပထမဆုံး ပွဲထွက်ကစားလာခဲ့ပြီး အိုနာနာ၏ဂိုးပေါက်ရှေ့သို့ အလွန်အကျွံထွက်ကာ ဘောလုံးကိုင် ကစားတတ်သည့် အမူအကျင့်က မန်ယူအတွက် အခက်အခဲများဖြစ်ပေါ်စေခဲ့သည်ကို မြင်တွေ့ကြရသည်။ ရီးရဲလ်မက်ဒရစ်သည် ပွဲအစ ၆ မိနစ်၌ပင် ဘယ်လင်ဂမ်၏သွင်းဂိုးဖြင့် မန်ယူကို စတင် ဦးဆောင်လိုက်ပြီး ယင်းဂိုးကို […]

ဟောလိဝုဒ်မင်းသားပိုင်ဆိုင်သည့် ဝရက်ဇ်ဟမ်းအသင်းကို မန်ယူ အရေးနိမ့်

Dawei Watch

July 26, 2023

ရာသီကြိုခြေစမ်းပွဲများတွင် ရလဒ်ကောင်းများ ရရှိနေသော မန်ချက်စတာယူနိုက်တက်အသင်းသည် ယနေ့ယှဉ်ပြိုင်ကစားခဲ့သည့် ရာသီကြိုခြေစမ်းပွဲတွင် ဟောလိဝုဒ်မင်းသား ရိုင်ယန်ရေးနိုးလ် ပူးတွဲပိုင်ဆိုင်ထားသော ဝရက်ဇ်ဟမ်းအသင်းကို သုံးဂိုး တစ်ဂိုးဖြင့် အရေးနိမ့်သွားခဲ့ကြောင်း သိရှိရသည်။ မန်ယူသည် ဂျွန်နီအီဗန်စ်နှင့် လူငယ်များကို တွဲဖက်၍ ကစားကွက်ခင်းကျင်းကာ ဝရက်ဇ်ဟမ်းကို ရင်ဆိုင်သွားခဲ့ခြင်းဖြစ်ပြီး ဝရက်ဇ်ဟမ်းက ပထမပိုင်း ၄၅ မိနစ် ပြီးဆုံးချိန်ကတည်းကပင် နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့ခြင်းဖြစ်သည်။ မန်ယူသည် ဒုတိယပိုင်း ပွဲစပြီးနောက် ၂ မိနစ်အကြာ၌ပင် ဂိုရီ အနီကတ်ထိသွားသည့်အတွက် လက်ကျန်ပွဲချိန်များကို ကစားသမား ၁၀ ယောက်တည်းဖြင့် ကစားလိုက်ရပြီး ယင်းနောက်တွင် ဝရက်ဇ်ဟမ်းအသင်းက မန်ယူဘက်သို့ တစ်ဂိုးထပ်သွင်းကာ ပွဲအပြီး၌ သုံးဂိုး တစ်ဂိုးဖြင့် နိုင်သွားခဲ့သည်။ ဝရက်ဇ်ဟမ်းသည် ယခုမတိုင်မီ ယှဉ်ပြိုင်ကစားခဲ့သော ခြေစမ်းပွဲများတွင် ရှက်ဖီးယူနိုက်တက်ကို သုံးဂိုး […]

တောင်ကိုရီးယားတိုက်စစ်မှူး ကေစီယူဂျင်းက အသက်အငယ်ဆုံး ကမ္ဘာ့ဖလား ကစားခွင့်ရသူအဖြစ် စံချိန်တင်

Dawei Watch

July 26, 2023

နယူးဇီလန်နှင့် ဩစတြေးလျတို့က ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပပေးနေသော ၂၀၂၃ ခုနှစ် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် အသက် ၁၆ နှစ်အရွယ် တောင်ကိုရီးယားတိုက်စစ်မှူး ကေစီယူဂျင်း(ခ)ကေစီဖဲယားက အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ကစားခွင့်ရသည့် အသက်အငယ်ဆုံးကစားသမား စံချိန်ကို ရေးထိုးစိုက်ထူသွားနိုင်ခဲ့ကြောင်း သိရှိရသည်။ ကေစီယူဂျင်း(ခ)ကေစီဖဲယားသည် ကိုလံဘီယာအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းက တောင်ကိုရီးယားအမျိုးသမီးလက်ရွေးစင်ဘောလုံးအသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ယူသွားခဲ့သော အမျိုးသမီးကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲစဉ်တွင် အရန်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ကိုရရှိကာ ယခုစံချိန်ကို တင်ရှိသွားနိုင်ခဲ့ခြင်းဖြစ်သည်။ ကေစီယူဂျင်း(ခ)ကေစီဖဲယားသည် ကိုလံဘီယာနှင့် တောင်ကိုရီးယားတို့ ယှဉ်ပြိုင်ကစားခဲ့သော ယင်းအုပ်စုအဖွင့်ပွဲစဉ်တွင် ပွဲကစားချိန် ၇၈ မိနစ်၌ ချိုယုရီ၏နေရာကို အစားထိုးဝင်ရောက်ကာ လက်ကျန်ပွဲချိန်များကို ကစားခွင့်ရခဲ့ခြင်းဖြစ်ပြီး အမျိုးသမီးကမ္ဘာ့ဖလားပွဲစဉ် ပါဝင်ကစားခွင့်ရရှိချိန်၌ ကေစီယူဂျင်း(ခ)ကေစီဖဲယား၏အသက်မှာ ၁၆ နှစ်နှင့် ၂၆ ရက်သာ ရှိသေးသည်။ ကေစီယူဂျင်း(ခ)ကေစီဖဲယားသည် အမေရိကန်ဖခင်နှင့် တောင်ကိုရီးယားမိခင်တို့က ဖွားမြင်လာသည့် အမေရိကန်-ကိုရီးယားသွေးနှောကပြားဖြစ်ကာ […]

မက်ဆီ ရောက်လာပြီးသည့်နောက် အင်တာမီယာမီ နှစ်ပွဲဆက် အနိုင်ရ၊ နှစ်ပွဲလုံးတွင် မက်ဆီ ဂိုးသွင်းပေးခဲ့

Dawei Watch

July 26, 2023

အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဒေးဗစ်ဘက်ခမ်း ပိုင်ဆိုင်ထားသည့် အမေရိကန်မေဂျာလိဂ်ကလပ် အင်တာမီယာမီအသင်းသည် ယနေ့ယှဉ်ပြိုင်ကစားခဲ့သည့် လိဂ်ဖလားပွဲစဉ်တွင် အတ္တလန္တာယူနိုက်တက်အသင်းကို လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရသွားခဲ့ကြောင်း သိရှိရပြီး အင်တာမီယာမီအသင်း ရရှိသော အနိုင်ဂိုး ၄ ဂိုးအနက် နှစ်ဂိုးကို မက်ဆီက သွင်းယူပေးသွားခဲ့သည်။ မက်ဆီ ပွဲထွက်မကစားမီတွင် ကာလရှည်ကြာ နိုင်ပွဲပျောက်ဆုံးမှုကို ရင်ဆိုင်နေခဲ့ရသော အင်တာမီယာမီအသင်းသည် မက်ဆီ ပါဝင်ကစားသော နှစ်ပွဲလုံး၌ အနိုင်ရလဒ်ကို ရယူနိုင်ခဲ့ကာ အင်တာမီယာမီအသင်း၏ပွဲစဉ်ကို လာရောက်ကြည့်ရှုသော ပရိသတ်အရေအတွက်မှာလည်း မက်ဆီကြောင့် တစ်ပွဲထက်တစ်ပွဲ ပို၍ပို၍ မြင့်တက်လာနေပြီလည်းဖြစ်သည်။ မက်ဆီသည် ပထမပိုင်း ပွဲကစားချိန် ၈ မိနစ်နှင့် ၂၂ မိနစ်တို့တွင် အသင်းအတွက် ဂိုးများသွင်းယူပေးခဲ့ပြီး အင်တာမီယာမီအတွက် နောက်ထပ်သွင်းဂိုး နှစ်ဂိုးကို ရောဘတ်တေလာက ၄၄ မိနစ်နှင့် ၅၃ မိနစ်တို့တွင် […]

အာဆင်နယ်ကို တစ်ပွဲတည်း နှစ်ကြိမ်အနိုင်ယူလိုက်သည့် မန်ယူ

Dawei Watch

July 23, 2023

အမေရိကန်ပြည်ထောင်စု၊ နယူးဂါစီပြည်နယ်ရှိ MetLife ဘောလုံးကွင်းတွင် ယနေ့ယှဉ်ပြိုင်ခဲ့သော မန်ယူနှင့် အာဆင်နယ်တို့၏ရာသီကြိုခြေစမ်းပွဲတွင် မန်ယူက အာဆင်နယ်ကို သာမန် ပွဲကစားချိန် မိနစ် ၉၀ အတွင်း၌ အနိုင်ယူပြခဲ့သည့်အပြင် ပွဲအပြီး၌ ပင်နယ်တီ ငါးလုံး အပြိုင်ကန်သွင်းရာတွင်လည်း အနိုင်ယူပြလိုက်သည်။ မန်ယူသည် အာဆင်နယ်ကို ခြေစွမ်းအသာစီးဖြင့် ကစားနိုင်ခဲ့ပြီး မန်ယူအတွက် အနိုင်ဂိုးများကို ပထမပိုင်းအတွင်း၌ပင် အသင်းခေါင်းဆောင်သစ် ဘရူနို ဖာနန်ဒက်စ်နှင့် ပုံမှန်ပွဲထွက်ကစားခွင့်ရရှိရန် ရုန်းကန်နေရသော ဆန်ချိုတို့က သွင်းယူပေးခဲ့ကြသည်။ မန်ယူအသင်းခေါင်းဆောင်သစ်အဖြစ် တရားဝင်တာဝန်ပေးအပ်ခံလိုက်ရသော ဘရူနို ဖာနန်ဒက်စ်သည် ပွဲကစားချိန် မိနစ် ၃၀ တွင် အသင်းအတွက် အဖွင့်ဦးဆောင်ဂိုးကို စတင်သွင်းယူပေးခဲ့ပြီး မန်ယူအတွက် ဒုတိယဂိုးကို ဆန်ချိုက ပွဲကစားချိန် ၃၇ မိနစ်တွင် ဆက်လက် ရယူပေးသွားခဲ့သည်။ ပွဲကစားချိန် ဒုတိယပိုင်းတွင် နှစ်သင်းလုံးက ကစားသမားအပြောင်းအလဲများ […]

ထိုင်းတောင်ပိုင်း မြန်မာကျောင်းများ၏ ဖိတ်ခေါ်ဘောလုံးပွဲ

Dawei Watch

July 19, 2023

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင်ရှိ မြန်မာစာသင်ကျောင်း ၃ ကျောင်း၏ ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၁၉ ရက်နေ့က ကျင်းပခဲ့သည်။ စူရတ်ဌာနီရှိ ဝပ်ဖိုဝိုင် သူရိယစန္ဓာ မြန်မာစာသင်ကျောင်း၊ ဝပ်ဆုမ်ဝမ်မြန်မာကျောင်းနှင့် ခနုံမြို့နယ် အမှတ်၂ သူရိယစန္ဒာမြန်မာစာသင်ကျောင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

မြန်မာမွေထိုင်း လက်ဝှေ့သမား ထွန်းမင်းနိုင် ပထမအချီမှာတင် အလဲထိုးခံရပြီး အရေးနိမ့်

Dawei Watch

July 15, 2023

မြန်မာမွေထိုင်း လက်ဝှေ့သမား ထွန်းမင်းနိုင်သည် ဇူလိုင်လ ၁၄ ရက်နေ့ ည ၇ နာရီအချိန်က ကျင်းပခဲ့သော One Friday Night 25 ပွဲစဉ်တွင် အရှုံးရလဒ်ဖြင့် ကြုံလိုက်ရပြီး ပထမပွဲချီ၌ပင် အလဲထိုးခံလိုက်ရကြောင်း သိရှိရသည်။ One Championship One Friday Night 25 ပြိုင်ပွဲကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လမ်းပီးနီး လက်ဝှေ့ရုံတွင် စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ဖလိုင်းဝိတ်တန်းမွေထိုင်းလက်ဝှေ့ပွဲစဉ်တွင် ထွန်းမင်းနိုင်က မလေးရှားမွေထိုင်းလက်ဝှေ့သမား ကာဘီလန် ဂျီလီဗန်နှင့် ရင်ဆိုင်ထိုးသတ်ခဲ့ရခြင်းဖြစ်သည်။ ကာဘီလန် ဂျီလီဗန် သည် ပွဲစကတည်းကပင် ထွန်းမင်းနိုင်ကို အသာစီးဖြင့် ထိုးသတ်ကာ ပထမပွဲချီ၌ပင် ပွဲဖြတ်ပြီး အလဲထိုးဖြင့် အနိုင်ယူသွားခဲ့ခြင်းဖြစ်ပြီး ထွန်းမင်းနိုင်မှာ One Championship ဘက်တွင် ထိုးသတ်သော မွေထိုင်းပွဲစဉ်များ၌ အရှုံးရလဒ်ကို ပထမဆုံး ကြုံဆုံလိုက်ရခြင်းပင်ဖြစ်သည်။ မြန်မာ့လက်ဝှေ့အကျော်အမော် ထွန်းထွန်းမင်း၏ညီဖြစ်သူ […]