BREAKING
January 22, 2025

အထူးကဏ္ဍ

COVID-19 တနင်္သာရီတိုင်းမှ နောက်ဆုံးရသတင်းများ(မတ် ၂၆၊ ညနေ၆နာရီ)

diz_admin

March 27, 2020

🔳 ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးလုပ်ငန်းများအတွက် စေတနာ့၀န်ထမ်း ဖိတ်ခေါ် ထား၀ယ်ဒေသတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးလုပ်ငန်းများအတွက် စေတနာ့၀န်ထမ်း ဖိတ်ခေါ်လျက် ရှိသည်။ စေတနာ့ဝန်ထမ်းအဖြစ် လုပ်ကိုင်လိုသူများသည် ကျန်းမာရေးဝန်ထမ်းအား အကူအညီပေးခြင်း၊ အချက်အလက် ကောက်ယူခြင်း/စာရင်းသွင်းခြင်း၊ သီးသန့်စောင့်ကြည့်သည့်လုပ်ငန်း (Quarantine) တွင် အကူအညီပေးခြင်း၊ ပိုးသတ်ဆေးဖြန်းခြင်းနှင့် အသိပညာပေးခြင်း စသည့် လုပ်ငန်းများအနက် မိမိပါဝင်လိုသည့် လုပ်ငန်းများကို ရွေးချယ် စာရင်းပေးရမည်ဖြစ်သည်။ စာရင်းပေးလိုသူများသည် မဖြူစင်(၀၉ ၂၅၄၈၄၈၂၄၆)၊ မသိမ့်အိစံ(၀၉၇၈၉၂၁၉၈၁၄)၊ ဦးဇော်ညွှန့် (၀၉၄၅၀၉၉၀၉၃၈)၊ ကိုသော်လွင်အောင်(၀၉၄၂၆၀၁၀၁၀၀)တို့ထံတွင် စာရင်းပေးသွင်းနိုင်သည်။ 🔳 ဆန်မပြတ်ကြောင်း အာမခံ လက်ရှိဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ် ဂယက်ကြောင့် တနင်္သာရီတိုင်းအတွင်း ဆန်မပြတ်စေရေး အာမခံကြောင်း စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းထွန်းက ပြောသည်။ ထို့အပြင် မတ်လ ၂၅ ရက်က တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် […]

ထားဝယ် ကမ်းခြေများ တစ်လကျော် ပိတ်မည်

diz_admin

March 25, 2020

ကမ္ဘာအနှံ့ဖြစ်ပွားလျက်ရှိသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ရောဂါ ပျံ့ပွားခြင်း မရှိစေရန် ထားဝယ်ခရိုင်အတွင်းရှိ လူအသွားအလာများသော ကမ်းခြေများကို မတ်လ ၂၇ ရက်နေ့မှ စ၍ ပိတ်သိမ်းရန် အစိုးရက ညွှန်ကြားလိုက်သည်။ ပိတ်သိမ်းလိုက်သော ကမ်းခြေများတွင် လောင်းလုံးမြို့နယ် အတွင်းရှိ နာမည်ကျော် မောင်းမကန်၊ စမ်းလှမ်း၊ တီဇစ်၊ ပညစ်၊ ဆင်ထောက်၊ ဖိုးဖိုးကျောက်၊ မြင်းခွာအော်၊ ပါရဒိုက် ကမ်းခြေများ အပါအဝင် ထားဝယ်ခရိုင်အတွင်းရှိ ကမ်းခြေအားလုံး ပါဝင်သည်။ မတ်လ ၂၇ ရက်နေ့မှ ဧပြီလ ၃၀ ရက်နေ့ အထိ ယာယီ ပိတ်သိမ်းလိုက်ခြင်း ဖြစ်သည်။ ရပ်ဝေးမှ ခရီးသွားများ လူစုလူဝေးဖြင့် လာရောက်မည်စိုးသောကြောင့် ထိုသို့ ပိတ်သိမ်းရန် ညွှန်ကြားလိုက်ခြင်း ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး […]

COVID-19 တနင်္သာရီတိုင်းမှ နောက်ဆုံးရ သတင်းများ (မတ် ၂၅၊ ညနေ ၆ နာရီ)

diz_admin

March 25, 2020

ကိုရိုနာစောင့်ကြည့်လူနာ ငါးဦးရှိ တနင်္သာရီတိုင်းအတွင်း ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ ငါးဦးရှိနေကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ မတ်လ ၂၅ ရက်နေ့အထိ ကော့သောင်းဆေးရုံတွင် ၂ ဦး၊ မြိတ်ဆေးရုံတွင် ၂ ဦးနှင့် ကံပေါက်ဆေးရုံတွင် ၁ ဦး ရှိကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။ မြိတ်ဆေးရုံရှိ စောင့်ကြည့်လူနာနှစ်ဦးကို ဗိုင်းရပ်စ်ကူးစက်ခံရမှုရှိ/မရှိ ဓာတ်ခွဲစမ်းသပ်ရန် နမူနာများကို ရန်ကုန်မြို့ရှိ ဓာတ်ခွဲခန်းသို့ ဓာတ်ခွဲနမူနာများ ပို့ထားသည်။ ထား၀ယ်နှင့် ကော့သောင်းရှိ ဆေးရုံများတွင်မူ သီးခြားခွဲထားပြီး စောင့်ကြည့်နေကြောင်း ပြည်သူ့ကျန်းမာ/ ကုသရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာထွန်းမင်းက ဆိုသည်။ ရနောင်းကမ်းမှ လာသူများ လာရာလမ်းပြန်ရမည် မြန်မာနိုင်ငံတောင်ဘက်စွန်းရှိ ကော့သောင်းမြို့ တစ်ဖက်ကမ်း ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်း ထပ်ဖွင့်မည်မဟုတ်တော့ဘဲ ထိုင်းနိုင်ငံရေရာအနှံ့မှ မြန်မာပြည်ပြန်ရန် ရနောင်းသို့ရောက်လာသည့် […]

သိမ်းဆည်းခံ မြေယာကိစ္စ ချမှတ်ထားသည့် မူဝါဒနှင့် လုပ်ငန်းစဉ်များ

diz_admin

March 25, 2020

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီမှ ပြင်ဆင်ချမှတ်သည့် မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်မည့် အချက်များကို စာဖတ်သူများ လေ့လာနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။ ၁) နိုင်ငံတော်က သိမ်းဆည်းသည့် လယ်ယာမြေနှင့် အခြားမြေများကိုမူ မြေ ပိုင်ရှင်များက ပြန်လည်လျှောက်ထား သည့် ကိစ္စရပ်နှင့် စပ်လျဉ်းသည့် မူဝါဒ ၁၀ ရပ် ၂) တပ်မြေသိမ်းဆည်းမှုများနှင့် စပ်လျဉ်းသည့် မူဝါဒ ၃ ရပ် ၃) သိမ်းဆည်းမြေများကို ပြန်လည် ပေးအပ်ရန် လျှောက်ထားလာခြင်းများနှင့် စပ်လျဉ်း၍ စိစစ်ရန်အချက် ၄ ချက် ၄) စွန့်လွှတ်နိုင်ခြင်းမရှိသည့် သိမ်း ဆည်းမြေများနှင့် စပ်လျဉ်း၍ စိစစ်ရန် အချက် ၅ ချက် ၅) သိမ်းဆည်းထားသည့်ဌာနမှ စွန့်လွှတ်သည့် သိမ်းဆည်းမြေများနှင့် […]

ရေသန့်ရဖို့ တိုက်ပွဲ၀င်ခြင်း

diz_admin

March 21, 2020

ရေရရှိပိုင်ခွင့်နဲ့ပတ်သက်ပြီး ပိုမိုတင်းမာလာတာနဲ့အမျှ စစ်ကိုင်းတိုင်းဒေသကြီး အလောင်းတော်ကဿဖ အမျိုးသားဥယျာဉ်အနီးမှာရှိတဲ့ ဆင်းရဲတဲ့လယ်သမားတွေရဲ့ ရေနဲ့ပတ်သက်တဲ့အခက်အခဲတွေကို ဒို့အသံရဲ့ ဒီတစ်ပတ်အစီအစဉ်မှာ တင်ဆက်ပေးမှာဖြစ်ပါတယ်။ ရာသီဥတုပြောင်းလဲလာလို့ ကောက်ပဲသီးနှံအထွက်နှုန်း ကျလာ၊ မိုးခေါင်လာတာမို့ လယ်သမားတချို့ဟာ စားဝတ်နေရေးအတွက် သစ်တောတွေထဲက ကျွန်းသစ်တွေကို ခိုးယူခုတ်ဖြတ်တဲ့အတွက် အဖမ်းခံကြရပါတယ်။ လယ်သမားတွေက စိုက်ပျိုးရေရရှိဖို့ အစိုးရက ရေတွင်းတွေတူးပေးဖို့ လိုလားပါတယ်။ ဒါပေမဲ့ အခုချိန်ထိတော့ ဘာမှဖြစ်လာသေးပါဘူး။ ဒီဆောင်းပါးကို အပြည့်အစုံကို နားဆင်နိုင်ပါပြီ။

သိမ်းဆည်းခံ မြေယာကိစ္စ ချမှတ်ထားသည့် မူဝါဒနှင့် လုပ်ငန်းစဉ်များ

diz_admin

March 4, 2020

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီမှ ပြင်ဆင်ချမှတ်သည့် မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့် ဆောင်ရွက်မည့် အချက်များကို စာဖတ်သူများ လေ့လာနိုင်ရန် ဖော်ပြပေးလိုက်ပါသည်။ ၁) နိုင်ငံတော်က သိမ်းဆည်းသည့် လယ်ယာမြေနှင့် အခြားမြေများကို မူလ မြေပိုင်ရှင်များက ပြန်လည်လျှောက်ထားသည့် ကိစ္စရပ်နှင့် စပ်လျဉ်းသည့် မူဝါဒ (၁၀ ရပ်) ၂) တပ်မြေသိမ်းဆည်းမှုများနှင့် စပ်လျဉ်းသည့် မူဝါဒ ( ၃ ရပ် ) ၃) သိမ်းဆည်းမြေများကို ပြန်လည် ပေးအပ်ရန် လျှောက်ထားလာခြင်းများနှင့် စပ်လျဉ်း၍ စိစစ်ရန်အချက် (၄ ချက်) ၄) စွန့်လွှတ်နိုင်ခြင်းမရှိသည့် သိမ်း ဆည်းမြေများနှင့် စပ်လျဉ်း၍ စိစစ်ရန် အချက် ( ၅ ချက် ) ၅) […]

အသက် ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင် မရှိသူများ မဲပေးခွင့်ရရန် စီစဉ်မည်

diz_admin

February 25, 2020

၂၀၂၀ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲတွင် အသက် ၁၈ နှစ် ပြည့်ပြီးသော် လည်း အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင် မရသေးသူများကို မဲထည့် ချိန်အမီ မဲထည့်ခွင့်လက်မှတ်များ ထုတ် ပေးသွားမည်ဟု တနင်္သာရီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းက ပြောသည်။ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း မဲထည့်ခွင့်ရရန် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ရွေးကောက်ပွဲကော်မရှင်တို့ပူးပေါင်းကာ မဲထည့်ခွင့်ကတ်ပြား ထုတ်ပေးသွား မည်ဟု ဦးကျော်မင်းက ပြောသည်။ “ဆန္ဒမဲပေးဖို့ ကိစ္စကျတော့ မှတ်ပုံ တင် ရှိခြင်း မရှိခြင်းနဲ့ မဆိုင်ဘူး”ဟု ဦးကျော်မင်းက ပြောသည်။ ပြီးခဲ့သည့် ၂၀၁၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ […]