BREAKING
January 22, 2025

အထူးကဏ္ဍ

ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၏ အသံ

diz_admin

October 11, 2020

၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းအတွင်း ပါတီ ၁၄ ခုမှ ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာများအတွက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယင်းတို့အနက်မှ ၄၃ ဦးသာ ရွေးချယ်ခံရမည်ဖြစ်သည်။ထိုကဲ့သို့ ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများထဲမှ အချို့ကို တနင်္သာရီအပတ်စဉ်ဝိုင်းတော်သားများက ရွေးချယ်ပြီး ၎င်းတို့၏ ရည်မှန်းချက်၊ ရှုမြင်ထားသည့် ပြဿနာများနှင့်ပတ်သက်၍ ချဉ်းကပ်ဖြေရှင်းမည့်စိတ်ကူး စသည့် အကြောင်းအရာများအား မဲဆန္ဒရှင် စာဖတ်သူများ လေ့လာအကဲဖြတ်နိုင်စေရန် ကိုယ်စားလောင်းများနှင့် တွေ့ဆုံ၊ ဆက်သွယ်မေးမြန်းထားမှုများအား ဖော်ပြလိုက်သည်။ ယခုအပတ်အတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦးကို မေးမြန်းတင်ဆက်ထားပါသည်။ ဦးအောင်မျိုး၊ မွန်ညီညွတ်ရေးပါတီ (MUP) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း၊ မြိတ်မြို့နယ် မဲဆန္ဒနယ်အမှတ် -၂ မေး- လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ယောက်အနေနဲ့ ကိုယ့်တိုင်းအတွင်းမှာ […]

တနင်္သာရီတိုင်းမှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်လောင်းများ

diz_admin

September 29, 2020

တနင်္သာရီတိုင်းထဲမှာ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ်တွေအကြောင်းနဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေနဲ့ မိတ်ဆက်ပေးထားပါတယ်။

တနင်္သာရီတိုင်းမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းမျာ

diz_admin

September 28, 2020

အမျိုးသားလွှတ်တော်ကို တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုက ကိုယ်စားလှယ် ၁၂ ဦးစီနဲ့ ဖွဲ့စည်းထားပါတယ်။ လူဘယ်လောက်နည်းနည်း၊ များများ တိုင်းဒေသကြီးနဲ့ ပြည်နယ်တိုင်းက ကိုယ်စားလှယ် ၁၂ ဦးစီရွေးရတာပါ။ ဒီ TV လေးမှာတော့ တနင်္သာရီတိုင်းထဲမှာ အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တွေအကြောင်းနဲ့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဝင်ပြိုင်မဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေနဲ့ မိတ်ဆက်ပေးထားပါတယ်။

တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ

diz_admin

September 26, 2020

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းများ မဲဆန္ဒနယ်အမှတ် ၁- ခုနစ်ဦး၁။ ဦးကျော်သန်း(ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ-UBP)၂။ ဒေါ်ခင်ခင်ဝေ(မွန်ညီညွတ်ရေးပါတီ-MUP)၃။ ဒေါ်ချိုဝင်း(တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ-တစည)၄။ ဦးလှအေး(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ-USDP)၅။ ဦးဝေဇင်(ညီညွတ်သောဒီမိုကရက်တစ်ပါတီ-UDP)၆။ ဒေါက်တာဝင်းထိန်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-NLD)၇။ ဦးဝင်မောင်(ခ) ဦးဖော်စူရာမ်(ပြည်ထောင်စုလယ်သမားအလုပ်သမား အင်အားစုပါတီ-UFLFP) မဲဆန္ဒနယ်အမှတ် ၂- လေးဦး၁။ ဦးခင်မျိုးဝင်း(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-NLD)၂။ ဦးဇင်မောင်ဦး(ညီညွတ်သောဒီမိုကရက်တစ်ပါတီ-UDP)၃။ ဦးထွန်းအေး(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ-USDP)၄။ ဦးသန်းဆွေ(ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ-UBP) မဲဆန္ဒနယ်အမှတ် ၃- ခြောက်ဦး၁။ ဒေါ်ခင်သန်းအေး(ညီညွတ်သောဒီမိုကရက်တစ်ပါတီ-UDP)၂။ ဒေါ်ချိုချိုလွင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-NLD)၃။ နော်ချောချောဝေ(ကရင်ပြည်သူ့ပါတီ-KPP)၄။ ဦးမြင့်သိန်း(ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ-UBP)၅။ ဦးယုနိုင်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ-USDP)၆။ ဦးအောင်မျိုး(ပြည်သူ့ရှေ့ဆောင်ပါတီ-PPP) မဲဆန္ဒနယ်အမှတ် ၄ – ငါးဦး၁။ ဦးဇေယျာစိုး(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-NLD)၂။ ဦးထွန်းထွန်း(ညီညွတ်သောဒီမိုကရက်တစ်ပါတီ-UDP)၃။ ဦးမောင်စိန်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ-USDP)၄။ ဦးယူသိန်း(ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ-UBP)၅။ ဒေါ်သန်းသန်းနွယ်(အမျိုးသားဒီမိုကရေစီအင်အားစုပါတီ-NDF) မဲဆန္ဒနယ်အမှတ် ၅ – လေးဦး၁။ ဦးနေမျိုး(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ-USDP)၂။ ဦးမြင့်သိန်း(ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ-UBP)၃။ ဦးသီးလွင်(ညီညွတ်သောဒီမိုကရက်တစ်ပါတီ-UDP)၄။ ဒေါ်ဥမ္မာခင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-NLD) မဲဆန္ဒနယ်အမှတ် ၆- ငါးဦး၁။ ဦးစိုးထွေး(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ-USDP)၂။ ဦးဌေးလွင်(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ-NLD)၃။ ဦးထင်ကျော်(ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ-UBP)၄။ ဦးလှထွန်း(ညီညွတ်သောဒီမိုကရက်တစ်ပါတီ-UDP)၅။ ဦးဝင်းရှိန်(တစ်သီးပုဂ္ဂလ-I) မဲဆန္ဒနယ်အမှတ် […]

၂၀၂၀ ရွေးကောက်ပွဲအတွက် တနင်္သာရီတိုင်းရဲ့ ထူးခြားချက်များ

diz_admin

August 15, 2020

တနင်္သာရီတိုင်းမှာ ဝင်ပြိုင်ကြမယ့် ပါတီအသီးသီးက ကိုယ်စားလှယ်လောင်းတွေရဲ့စာရင်း ထွက်ပေါ်လာပါပြီ။ ၂၀၁၅ ရွေးကောက်ပွဲကထက် ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မည့် ကိုယ်စားလှယ်ဦးရေ တစ်ရာကျော် တိုးလာပါတယ်။ ကိုယ်စားလှယ်လောင်းတွေအပြင် ပါတီအရေအတွက်လည်း တိုးလာတာရှိပါတယ်။ ဝန်ကြီးချုပ်တွေ အရွေးချယ်ခံကြမယ့် မဲဆန္ဒနယ်တွေအခြေအနေ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတွေအခြေအနေ၊ အမျိူးသမီးကိုယ်စားလှယ်လောင်းတွေရေား ဘယ်လောက်ပါသလဲ စတဲ့ ၂၀၂၀ ရွေးကောက်ပွဲရဲ့ ထူးခြားချက်တွေကို Dawei Watch တင်ဆက်ပေးထား ပါတယ်။

ကိုဗစ်ကပ်ဘေးအကြား နိုင်ငံတကာ ကုန်ထုတ်လုပ်မှု ကွင်းဆက်မှ သင်ခန်းစာများ

diz_admin

June 15, 2020

ကိုဗစ်ကပ်ဘေးက ရှုပ်ထွေးစွာ တည်ဆောက်ထားသော ကမ္ဘာ့အခင်းအကျင်းအများအပြားကို ရပ်တန့် ဖျက်ဆီးလိုက်သည်။ ယင်းတို့တွင် ကမ္ဘာ့အစားအသောက် ဈေးကွက်ကြီးလည်း တစ်ခုအပါအဝင် ဖြစ်သည်။ကမ္ဘာအစားအသောက်ထုတ်လုပ်ရေးဈေးကွက်ကြီးမှာ လွန်စွာရှုပ်ထွေးပြီး အဆင့်များစွာဖြင့် လည်ပတ်နေသည်။ မွေးမြူစိုက်ပျိုးချိန်မှ လူတို့၏ ထမင်းစားခန်းအတွင်းရောက်သည်အထိ အဆင့်များစွာရှိသည်။ နိုင်ငံပေါင်းများစွာမှ လုပ်ငန်းများ၊ လယ်သမားများ၊ သယ်ယူ ပို့ဆောင်ရေး၊ ဖြန့်ချိရေး၊ အရောင်းမြှင့်တင်ရေးစသည့် အမျိုးမျိုးသော လုပ်ငန်း ကဏ္ဍများ ပါဝင်နေသည်။ ကားထုတ်လုပ်သည်နှင့်ပင်တူသည်ဟု အချို့ကတင်စားကြသည်။ ဥပမာ ကားတစ်စီးကို ဂျပန်တွင် ထုတ်စေကာမူ သူ့တွင်ပါဝင်သော အစိတ်အပိုင်းများမှာ နိုင်ငံပေါင်းစုံ၊ နေရာပေါင်းစုံမှ လာနိုင်သည်။ အစားအသောက် ထုတ်လုပ်ဖြန့်ချိရေး လမ်းကြောင်းတွင်လည်း ထိုသို့ဖြစ်သည်။ ဥပမာ ယူကရိန်းက ဂျုံကို တူရကီမှ အနံ့အရသာရောကြိတ်ကာ နောက်ဆုံးတွင် တရုတ်နိုင်ငံတွင် ခေါက်ဆွဲထုတ်ခြင်း မျိုးဖြစ်သည်။ ယင်းတွင် မွေးမြူစိုက် […]

စစ်ဘေးရှောင်များအတွက် ခရီးကြမ်း

diz_admin

April 21, 2020

ဒီတစ်ပတ်မှာတော့ အကြမ်းဖက်မှုတွေကြောင့် နေရပ်ကိုစွန့်ခွာထွက်ပြေးရတဲ့ ချင်းပြည်နယ်က စစ်ဘေးရှောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့က ပလက်ဝမြို့နယ်ကို မရောက်ရှိခင် ကျေးရွာများစွာဖြတ်ပြီး ခရီးနှင်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာ သူတို့ရဲ့ဘဝတွေက လုံခြုံမှုတွေရှိနေပေမဲ့လည်း အိမ်ပြန်ဖို့အရေးက အိပ်မက်တွေက ရှိနေဆဲပါ။ https://web.facebook.com/DaweiWatch/videos/229152965143962/