BREAKING
January 22, 2025

အထူးကဏ္ဍ

၂၀၂၀ သမိုင်းမူကြမ်း

diz_admin

January 10, 2021

တနင်္သာရီတိုင်းမှ လူများ၊ အဖွဲ့များ၊ ရက်စွဲများ၊ အဖြစ်အပျက်များ ကမ္ဘာကျော် Time မဂ္ဂဇင်းကြီးက ၂၀၂၀ ပြည့်နှစ်ကို သမိုင်းတစ်လျှောက် အဆုံးရွားဆုံးနှစ်အဖြစ် ဖော်ညွှန်းလိုက်သည်။ တစ်ကမ္ဘာလုံး၏ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ လူမှုဘဝများကို ကိုင်လှုပ်လိုက်သော ကိုဗစ်ကပ်ဘေးက ထိုသို့ အဆုံးရွားဆုံး နှစ်အဖြစ် မှတ်တမ်းတင်ထိုက်သည့် အနအေထားသို့ တွန်းပို့လိုက်သည်။ မြန်မာနိုင်ငံတွင်လည်း ထိုနည်းတူပင်ဖြစ်သည်။ ထွန်းသစ်စ စီးပွားရေးနှင့် အညှောင့်ပေါက်ရန် အားယူစ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတို့မှာ ကိုဗစ်မုန်တိုင်းအကြား မျှော်လင့်ချက်များ ဝဝေါးသွားစေခဲ့သည်။ ငါ၊ သူတစ်ပါး၊ ယောကျ်ား၊ မိန်းမ အားလုံးတို့၏ အနာဂတ်ကိုလည်း မရရောမှုများ ဆောင်ယူ လာပေးလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ကပ်ဘေးအကြားမှပင် လူ့အဖွဲ့အစည်းက ရုန်းကန်လှုပ်ရှားကြရရာ လူများ၊ အဖြစ်အပျက်များ၊ ရက်စွဲများက ပုံမှန်အခြေအနေသစ်များအတိုင်း ရွေ့လျားမြဲဖြစ်သည်။ […]

“တချို့အလုပ်သမားတွေက တောင်းပန်နေတာရှိတယ် … ကျွန်တော်တို့ကတော့ သိပ်ပြီးတော့ ရှုပ်ရှုပ်ယှက်ယှက်မလိုချင်ဘူး”

diz_admin

December 7, 2020

ဖဒိုဝင်းခိုင်( KNU မြိတ်-ထားဝယ်ခရိုင် ဆက်ဆံရေးရုံးတာဝန်ခံ) တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းဧရိယာအတွင်း စက်ယန္တရားကြီးများဖြင့် တရားမဝင်ရွှေတူးဖော်မှုများ ရှိနေသည်။ ယင်းသို့ တရားမဝင်ရွှေတူးဖော်နေသည့်နေရာသည် တပ်မဟာ ၄ ကရင်အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်၏ လှုပ်ရှားရာနယ်မြေလည်းဖြစ်သည်။ ထို့ကြောင့် တပ်မဟာ ၄ ကရင် အမျိုးသားအစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်ဆက်ဆံရေးရုံး တာဝန်ခံ ဖဒိုဝင်းခိုင်ကို Dawei Watch နှင့် ဒက္ခိဏ သတင်းဌာနတို့က သွားရောက်တွေ့ဆုံမေးမြန်းမှုမှ ထုတ်နုတ်ဖော်ပြလိုက်ပါသည်။ မေး- KNUရဲ့ လှုပ်ရှားရာနယ်မြေထဲ မှာပါတဲ့ ဇင်းဘာချောင်းမှာ တရားမဝင်ရွှေလုပ်ငန်း တွေရှိနေတယ်။ ဒီဟာနဲ့ပတ်သက်ပြီး KNU ဘက်က ဘာတွေလုပ်ဆောင်နေတာရှိလဲ။ ဖြေ- ပထမ သိတာက လူထုတွေလက်လုပ် လက်စားတွေလုပ်လာတာ။ နောက်ပိုင်းမှာ ယန္တရား တွေဘာတွေနဲ့လုပ်လာကြတယ်။ လောလောဆယ်က တော့ အကုန်လုံးပိတ်လိုက်ပြီ။ ပိတ်လိုက်တာက […]

ကျွန်တော်တို့အားနဲ့ မနိုင်တော့ဘူး

diz_admin

December 7, 2020

ဦးအောင်သူရ(TNRP ဥယျာဉ်အုပ်ချုပ်ရေးမှူး) အမေရိကန်ဒေါ်လာ သန်းချီအသုံးပြုကာ ထိန်းသိမ်းရေး လုပ်ဆောင်နေသော တနင်္သာရီ သဘာဝသစ်တော ကြိုးဝိုင်းအတွင်း စက်ယန္တရားကြီးများဖြင့် ပြောင်ပြောင်တင်းတင်း တရားမဝင်ရွှေတူးနေမှုများ ရှိနေသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ တနင်္သာရီသဘာဝ ကြိုးဝိုင်းစီမံကိန်း (TNRP) ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးအောင်သူရ ကို Dawei Watch နှင့် ဒက္ခိဏ သတင်းဌာနတို့က စီမံကိန်းရုံးခန်း တည်ရှိရာ ကံပေါက်ရွာတွင် သွားရောက်တွေ့ဆုံမေးမြန်းထားသည်တို့မှ ထုတ်နုတ်ဖော်ပြလိုက်ပါသည်။ မေး- လက်ရှိက ဆရာတို့စီမံကိန်း အကောင်အထည်ဖော်တဲ့အချိန်မှာ အခက်အခဲက ဘာတွေရှိလဲ။ ဖြေ- ဒီစီမံကိန်းကို အကောင်အထည်ဖော် တဲ့နေရာမှာ အဓိက အခက်အခဲကတော့ ကျွန်တော် တို့လုံခြုံရေးအခက်အခဲပါပဲခင်ဗျား။ လုံခြုံရေး အခက်အခဲဆိုတာ ကျွန်တော်တို့ရဲ့ ဧရိယာ လေးသိန်းကျော် ရှိတဲ့ ဧရိယာအကျယ်အဝန်းမှာ လက်နက်ကိုင်အဖွဲ့ အစည်း […]

ဒေါ်လာသန်းချီသုံး တနင်္သာရီ သဘာဝကြိုးဝိုင်းစီမံကိန်းဧရိယာအတွင်း တရားမဝင် ရွှေတူးမြေ ဧက ရာချီ

diz_admin

December 7, 2020

Dawei Watch နှင့် ဒက္ခိဏ သတင်းဌာနတို့ ပူးပေါင်း စုံစမ်းရေးသားသည်။ စုစုပေါင်း အမေရိကန်ဒေါ်လာ စုစုပေါင်း ၆ သန်း အသုံးပြု၍ ထိန်းသိမ်းရေး နယ်မြေအဖြစ် ထူထောင်ထားသော တနင်္သာရီ သဘာဝထိန်းသိမ်းရေး နယ်မြေအတွင်း စုစုပေါင်း ဧက ၂၀ဝ ခန့်ရှိ တရားမဝင် ရွှေတူးဖော်မှုများကို ကာကွယ်ရန် အခက်အခဲများစွာ ရှိကြောင်း နယ်မြေထိန်းသိမ်းရေး တာဝန်ရှိသူတို့က ပြောဆိုလိုက်သည်။ တနင်္သာရီတိုင်းတွင် စင်ကာပူနိုင်ငံဧရိယာ၏ နှစ်ဆကျော် သည့် မြေအကျယ်အဝန်းကို သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်ထားခြင်း ဖြစ်သည်။ စင်ကာပူနိုင်ငံ၏ ဧရိယာမှာ ဧကအားဖြင့် တစ်သိန်းရှစ်သောင်း ခန့်ရှိပြီး တနင်္သာရီ သဘာဝကြိုးဝိုင်း၏ အကျယ်မှာ ၄၂၀ဝ၇၇ ဧက ရှိသည်။ အပူပိုင်းမုတ်သုံသစ်တောကြီးများ နှင့် ရှားပါးတောရိုင်းတိရစ္ဆာန်များ၊ သဘာဝအပင်မျိုးစိတ်များအား ကာကွယ် […]

တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ

diz_admin

December 6, 2020

ကိုယ်စားလှယ်အသစ်များနှင့် လွှတ်တော်အသစ် မြန်မာနိုင်ငံမှာ အခြေခံဥပဒေအရ လွှတ်တော်တွေရဲ့သက်တမ်းကို ငါးနှစ် သတ်မှတ်ထားပါတယ်။ လက်ရှိလွှတ်တော်တွေရဲ့သက်တမ်းဟာ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအပြီး သုံးလ ဝန်းကျင်အကြာ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် နေ့မှ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ လာမယ့် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလကုန်မှာ သက်တမ်းငါးနှစ် ပြည့်မြောက်မှာပါ။ တစ်ဖက်မှာလည်း လွှတ်တော်အသစ်ရဲ့ ပထမဆုံး အစည်းအဝေးကို ရွေးကောက်ပွဲကျင်းပတဲ့နေ့ကနေ ရက်ပေါင်း ၉၀ အတွင်း ခေါ်ယူကျင်းပဖို့ ဥပဒေ ပြဋ္ဌာန်းချက်ရှိပါတယ်။ ဆိုတော့ လွှတ်တော်အသစ်ရဲ့ ပထမဆုံးအစည်းအဝေးဟာ နောက်အကျဆုံး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်နေ့မတိုင်ခင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဗဟိုအဆင့် လွှတ်တော်ကြီး သုံးရပ်(ပြည်ထောင်စုလွှတ်တော်၊ […]

တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ

diz_admin

November 15, 2020

ရွေးကောက်ပွဲနေ့ ပြဿနာများ ရွေးကောက်ပွဲနေ့မှာ ပြဿနာတွေ ပေါ်ပေါက် တတ်ပါတယ်။ ဘယ်လိုပြဿနာတွေလဲဆိုတာကို အောက်မှာ ဖော်ပြပါ့မယ်။ ၁။ မဲရုံမှာ မဲဆွယ်တာ၊ ၂။ မမှန်မကန် မဲပေးတာ၊ ၃။ လျှို့ဝှက်မဲပေးတာကို ထိခိုက်တာ၊ ၄။ မမှန်မကန်မဲရေတွက်တာ၊ ၅။ အကြမ်းဖက်တာ၊ ခြိမ်းခြောက်တာ၊ ခြောက်လှန့်တာတွေ၊ ၆။ မဲရုံအတွင်း ဝင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲ လေ့လာသူတွေ ဒါမှမဟုတ် ရွေးကောက်ပွဲကိုယ်စား လှယ်တွေ မတရားသဖြင့် ဝင်ခွင့်မပေးတာ၊ ၇။ ထိခိုက်လွယ်တဲ့အရာတွေကို ပုံပျက်စေတာ (ဥပမာ – မဲပုံးတွေကို ဖျက်ဆီးတာ၊ မဲလက်မှတ်တွေ ကို ဆုတ်ဖြဲတာ၊ မဲစာရင်းကို မီးရှို့တာ)၊ ၈။ မဲရုံဝန်ထမ်းတွေက ဘက်လိုက်တာမျိုး လုပ်ဆောင်တာ၊ ၉။ လုံခြုံရေးတွေက နှောင့်ယှက်တာ၊ ၁၀။ မဲရုံဝန်ထမ်းတွေနဲ့ […]

ရွေးကောက်ပွဲနေ့ ပြဿနာများ ဖြေရှင်းခြင်း

diz_admin

November 7, 2020

⦿ ရွေးကောက်ပွဲနေ့မှာ ပြဿနာတွေ ပေါ်ပေါက်တတ်ပါတယ်။ ဘယ်လိုပြဿနာတွေလဲဆိုတာကို အောက်မှာ ဖော်ပြပါ့မယ်။ ▪ မဲရုံမှာ မဲဆွယ်တာ၊▪ မမှန်မကန် မဲပေးတာ၊▪ လျှို့ဝှက်မဲပေးတာကို ထိခိုက်တာ၊▪ မမှန်မကန်မဲရေတွက်တာ၊▪ အကြမ်းဖက်တာ၊ ခြိမ်းခြောက်တာ၊ ခြောက်လှန့်တာတွေ၊▪ မဲရုံအတွင်း ဝင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲလေ့လာသူတွေ ဒါမှမဟုတ် ရွေးကောက်ပွဲကိုယ်စားလှယ်တွေ မတရားသဖြင့် ဝင်ခွင့်မပေးတာ၊▪ ထိခိုက်လွယ်တဲ့အရာတွေကို ပုံပျက်စေတာ(ဥပမာ – မဲပုံးတွေကို ဖျက်ဆီးတာ၊ မဲလက်မှတ်တွေကို ဆုတ်ဖြဲတာ၊ မဲစာရင်းကို မီးရှို့တာ)၊▪ မဲရုံဝန်ထမ်းတွေက ဘက်လိုက်တာမျိုးလုပ်ဆောင်တာ၊▪ လုံခြုံရေးတွေက နှောင့်ယှက်တာ၊▪ မဲရုံဝန်ထမ်းတွေနဲ့ လုံခြုံရေးဝန်ထမ်းတွေကို နှောင့်ယှက်တာနဲ့▪ အခြား ပြဿနာတွေ ဖြစ်ပါတယ်။ ⦿ ပြဿနာတွေပေါ်ပေါက်လာရင် ဘယ်သူတွေက ဘယ်လို ဖြေရှင်းမလဲအငြင်းပွားမှုတွေနဲ့ မမှန်မကန်ပြုလုပ်မှုတွေ ဒါမှမဟုတ် အပြစ်မကင်းတဲ့ ပြုလုပ်မှု ဒါမှမဟုတ် ကျူးလွန်မှုတွေကို မဲရုံမှူးတွေဟာ ဖြေရှင်းဆောင်ရွက်ခွင့် ရှိပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါ ချက်ချင်းဆောင်ရွက်ရမှာဖြစ်ပြီး အောက်မှာဖော်ပြထားတဲ့ အချက်တွေကို အခြေခံရပါမယ်။ (က)။ သူကိုယ်တိုင် မြင်တွေ့သိရှိတာ […]

တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ

diz_admin

October 18, 2020

ခိုင်လုံမဲနှင့် ပယ်မဲ ရွေးကောက်ပွဲမှာ မိမိပေးလိုက်တဲ့ မဲပြားတွေဟာ အလဟဿဖြစ်သွားမယ်ဆိုရင် မဲပေးရကျိုးလည်း နပ်တော့မှာမဟုတ်ပါဘူး။ အဲဒါအပြင် ကိုယ်အနိုင်ရစေလိုတဲ့ ကိုယ်စားလှယ်အတွက်လည်း နစ်နာမှုဖြစ်ပါတယ်။ ဒါကြောင့်မို့ မိမိရဲ့မဲပြားဟာ ခိုင်လုံမဲဖြစ်ဖို့ အရေးကြီးပါတယ်။ မဲရလဒ်တွေ ရေတွက်ရာမှာ မိမိရဲ့မဲပြားလေး ပါဝင်သွားစေဖို့၊ အပယ်မခံရဖို့ ဒီအချက်တွေကို ကြိုပြီးသိထားဖို့ လိုပါမယ်။ ခိုင်လုံမဲ အရင်ဆုံးတော့ မိမိကို ထုတ်ပေးလိုက်တဲ့ ဆန္ဒမဲလက်မှတ်ကို သေချာစစ်ဆေးကြည့်ဖို့ လိုပါမယ်။ စုတ်ပြဲနေတာ၊ စွန်းထင်းနေတာမျိုးတွေ ပါနေရင် ပြန်လဲခိုင်းရပါမယ်။ ပြီးတော့ အောက်ခြေနားမှာ မဲရုံးမှူးရဲ့ လက်မှတ်လည်း ပါရပါမယ်။ မပါရင် လဲခိုင်းရပါမယ်။ ပြီးတော့ တစ်စုံတစ်ရာ အမှတ်အသားလုပ်ထားတာ ရှိနေလား၊ အဲဒါဆိုရင်လည်း ပြန်လဲခိုင်းရပါမယ်။ အဲဒါမှသာ ခိုင်လုံမဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ မိမိမဲပေးလိုတဲ့ ကိုယ်စားလှယ်လောင်းရဲ့ဘေးမှာ တံဆိပ်တုံးတစ်ချက် […]