BREAKING
September 19, 2024

ရွေးကောက်ပွဲ

တပ်မတော်သားနှင့် မိသားစုဝင်များ၏ ကြိုတင်မဲ ၄၇၀ဝ ကျော်ရှိဟုဆို

diz_admin

October 25, 2020

တနင်္သာရီတိုင်းတွင် ရှေ့တန်းရောက် တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုဝင်များ၏ ကြိုတင်မဲ ၄၇၀ဝ ကျော်ရှိကြောင်း တိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ ရှေ့တန်းနှင့် နယ်စပ်ဒေသတွင် တာဝန်ထမ်းဆောင်နေသည့် တပ်မတော်သားများနှင့် မိသားစုဝင်များက မိမိတို့ ရောက်ရှိနေသည့်ရှေ့တန်းမှ ဒေသတွင်းရှိ ကိုယ်စားလှယ်များကို ကြိုတင်ဆန္ဒ မဲပေးရန် လျှောက်ထားသူဦးရေ ၄၇၈၆ ဦးရှိကြောင်း အထက်ပါကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းညွှန့်က ပြောသည်။ မိမိနေရပ်ရှိ ကိုယ်စားလှယ်လောင်းများကို ကြိုတင်မဲပေးရန် လျှောက်ထားလာသည့် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ ကြိုတင်မဲစာရင်းကို မြို့နယ် များတွင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် တောင်းယူနေဆဲဖြစ်သည့် အတွက် စာရင်းအပြောင်းအလဲရှိနိုင်သည်ဟု ၎င်းက ပြောသည်။ တပ်မတော်သားများနှင့် မိသားစုဝင်များမှ တောင်းခံလာသည့် ကြိုတင်မဲ စာရင်းကို သက်ဆိုင်ရာ ရပ်/ကျေးရှိ မဲစာရင်းတွင် ပါ/ မပါ တိုက်ဆိုင်စစ်ဆေးရပြီး […]

ရွေးကောက်ပွဲကြောင့် တံဆိပ်ရိုက်လုပ်ငန်းများ အလုပ်ဖြစ်

diz_admin

October 23, 2020

ယခုကာလသည် ရွေးကောက်ပွဲ ရာသီဖြစ်သောကြောင့် တံဆိပ်ရိုက် လုပ်ငန်းများမှာ ယခင်ကထက် လုပ်ငန်းအမှာများ ပိုမိုများပြားလာကြောင်း ယင်း လုပ်ငန်းလုပ်ကိုင်သူအချို့ထံမှ သိရသည်။ ယခင်က ရာသီအလိုက် ပွဲတော်များ၊ ပရဟိတအသင်းအဖွဲ့များ၊ ဘောလုံး ဝတ်စုံများ၊ တက္ကသိုလ်မေဂျာများမှ အသင်းအဖွဲ့များ စသည်တို့အတွက် တံဆိပ်ရိုက်ပေးရသော်လည်း ယခုနှစ်တွင် ယင်းလုပ်ငန်းများအားလုံးနီးပါးမှာ ကိုဗစ်ကြောင့် ရပ်နားထားရသည်ဟု ထားဝယ်မြို့၊ ထူးစတိုင် စတိုး တံဆိပ်ရိုက်လုပ်ငန်းမှ ကိုတင်ဝင်းလှိုင် ပြောသည်။ ထားဝယ်အိုးလုပ်ငန်း၏ မှုန်ဝါးဝါးအနာဂတ် ယခင်က တစ်ရက်လျှင် တံဆိပ်ရိုက်ရန်အတွက် လုပ်ငန်းအမှာ တစ်ခုနှစ် ခုခန့်သာ ဝင်သော်လည်း ယခု (ရွေးကောက်ပွဲကာလ)တွင် ပါတီစည်းရုံးနှင့် မဲဆွယ်စည်းရုံးရေးများကြောင့် နိုင်ငံ ရေးပါတီတို့၏ အင်္ကျီများ၊ ဦးထုပ်များ၊ အလံများ၊ နှာခေါင်းစည်းနှင့် ခေါင်းစည်းများအတွက် လုပ်ငန်းလက်ခံရမှုများ စုပြုံနေကြောင်း ၎င်းက ပြောသည်။ […]

တိုင်းရင်းသားဒေသအချို့တွင် ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ထုတ်ပြန်၊ ရခိုင်ပြည်နယ်ထက်ဝက်ကျော်ပါဝင်

diz_admin

October 23, 2020

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေး ကောက်ပွဲတွင် ပြည်နယ်ငါးခုနှင့် တိုင်းဒေသကြီးတစ်ခုတို့ရှိ နယ်မြေအချို့၌ ရွေးကောက်ပွဲ ကျင်းပတော့မည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်လိုက်သည်။ ကချင်၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်း စသည့် ပြည်နယ်ငါးခုနှင့် ပဲခူးတိုင်း ဒေသကြီးတို့ဖြစ်ပြီး လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသောကြောင့် ကျင်းပမည်မဟုတ်ကြောင်း အောက်တိုဘာလ ၁၆ ရက်နေ့၊ ညပိုင်းတွင် ထုတ်ပြန် ကြေညာလိုက်ခြင်း ဖြစ်သည်။ ထုတ်ပြန်ချက်အရ ရခိုင်ပြည်နယ်မှ မြို့နယ် ကိုးမြို့နယ်မှာ ရွေးကောက်ပွဲများ ရှိတော့မည်မဟုတ်ပေ။ ယင်းမြို့နယ်များမှာ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့ တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနှင့် မြောက်ဦး မြို့နယ်များဖြစ်ပြီး […]

အမျိုးသမီးများ မဲပေးကြရန် မွန်အမျိုးသမီးများကွန်ရက် နှိုးဆော်

diz_admin

October 22, 2020

မကြာခင်ကျင်းပတော့မည့် ရွေးကောက်ပွဲတွင် အမျိုးသမီးမဲဆန္ဒရှင်များအနေနှင့် မဲထွက်ပေးကြရန် မွန်အမျိုး သမီးကွန်ရက်က ကမ်ပိန်းပြုလုပ်ပြီး တိုက်တွန်းနှိုးထားသည်။ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲ ဆိုင်ရာ အချက်အလက်များအရ ယင်း ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း မဲပေးသူ တစ်ဝက်ခန့်သာရှိပြီး မဲလာမပေး သူအများစုသည် အမျိုးသမီးများဖြစ်သည်။ ထို့ကြောင့် လာမည့် ရွေးကောက်ပွဲတွင် အမျိုးသမီးများ မဲများများပေးစေရန် လုပ်ဆောင်ရခြင်းဖြစ်သည်ဟု မွန်အမျိုးသမီးကွန်ရက်မှ မိချယ်ရီစိုးက ပြောသည်။ “အမျိုးသမီးတွေရဲ့အသံ လွှတ်တော် ထဲရောက်အောင် မဲထွက်ပေးကြပါ။ မဲ ဆန္ဒရှင်တွေ လုပ်ကြပါ။ နိုင်ငံသား တာဝန်ယူကြပါဆိုပြီး ကမ်ပိန်းလုပ် နှိုးဆော် တိုက်တွန်းနေတာရှိတယ်။ ရောဂါကိုလည်း ကာကွယ်၊ မဲလည်း ထွက်ပေးကြဖို့” ဟု ၎င်းက ပြောသည်။ မွန်အမျိုးသမီးကွန်ရက်အနေနှင့် အမျိုးသမီးများ မဲပေးရာတွင်လည်း မှန်ကန်သည့် ကိုယ်စားလှယ်လောင်း ရွေးချယ်နိုင်ရေး […]

တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ

diz_admin

October 18, 2020

ခိုင်လုံမဲနှင့် ပယ်မဲ ရွေးကောက်ပွဲမှာ မိမိပေးလိုက်တဲ့ မဲပြားတွေဟာ အလဟဿဖြစ်သွားမယ်ဆိုရင် မဲပေးရကျိုးလည်း နပ်တော့မှာမဟုတ်ပါဘူး။ အဲဒါအပြင် ကိုယ်အနိုင်ရစေလိုတဲ့ ကိုယ်စားလှယ်အတွက်လည်း နစ်နာမှုဖြစ်ပါတယ်။ ဒါကြောင့်မို့ မိမိရဲ့မဲပြားဟာ ခိုင်လုံမဲဖြစ်ဖို့ အရေးကြီးပါတယ်။ မဲရလဒ်တွေ ရေတွက်ရာမှာ မိမိရဲ့မဲပြားလေး ပါဝင်သွားစေဖို့၊ အပယ်မခံရဖို့ ဒီအချက်တွေကို ကြိုပြီးသိထားဖို့ လိုပါမယ်။ ခိုင်လုံမဲ အရင်ဆုံးတော့ မိမိကို ထုတ်ပေးလိုက်တဲ့ ဆန္ဒမဲလက်မှတ်ကို သေချာစစ်ဆေးကြည့်ဖို့ လိုပါမယ်။ စုတ်ပြဲနေတာ၊ စွန်းထင်းနေတာမျိုးတွေ ပါနေရင် ပြန်လဲခိုင်းရပါမယ်။ ပြီးတော့ အောက်ခြေနားမှာ မဲရုံးမှူးရဲ့ လက်မှတ်လည်း ပါရပါမယ်။ မပါရင် လဲခိုင်းရပါမယ်။ ပြီးတော့ တစ်စုံတစ်ရာ အမှတ်အသားလုပ်ထားတာ ရှိနေလား၊ အဲဒါဆိုရင်လည်း ပြန်လဲခိုင်းရပါမယ်။ အဲဒါမှသာ ခိုင်လုံမဲ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ မိမိမဲပေးလိုတဲ့ ကိုယ်စားလှယ်လောင်းရဲ့ဘေးမှာ တံဆိပ်တုံးတစ်ချက် […]

မဲဆန္ဒနယ်မြေသစ်ထဲက ပြတ်သားသော ကတိကဝတ်များနှင့် ဒေါ်ညိုညိုသင်း

diz_admin

October 17, 2020

ဒေါ်ညိုညိုသင်းဟု ဆိုလိုက်လိုက်သည်နှင့် ဒူပေနာပေ ကြမ်းကြမ်းခံ နိုင်ငံရေးသမားတစ်ဦးကို ပြေး၍မြင်မိကြလိမ့်မည်။ သူမကို ရန်ကုန်နိုင်ငံရေး အသိုင်းအဝိုင်းတွင် မသိသူက ခပ်ရှားရှား။ ဦးသိန်းစိန် အစိုးရလက်ထက်အတွင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သို့ မေးခွန်းပေါင်း ၄၀ဝ ခန့်နှင့် အဆို ပေါင်း ၄၀ ကျော်ကို တင်သွင်းခဲ့သူ ဖြစ်သည်။ ထိုအချိန်ကာလ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့် သူမလို မည်သည့် လွှတ်တော်ကိုယ်စားလှယ်မျှ မလုပ်နိုင်ခဲ့။ ရန်ကုန် လွှတ်တော်အား အလုပ်ရှုပ်စေခဲ့ပြီး ရန်ကုန်အစိုးရအား အကောင်းဆုံး ထိန်းကျောင်းနိုင်ခဲ့သူဟု ဆိုရမည်။ တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ ရန်ကုန်အစိုးရ၏ အငြင်းပွားဖွယ် ရန်ကုန်စီမံကိန်းများအား ရပ်ဆိုင်းစေခဲ့သူ ဖြစ်ရုံမက ရန်ကုန်အစိုးရအား ပြည်သူဘက်မှ တရားစွဲဆိုခဲ့သူမှာ ဒေါ်ညိုညိုသင်း ဖြစ်သည်။ ယခုတော့ ၂၀၁၀၊ ၂၀၁၅ ခုနှစ်အတွင်း […]