BREAKING
September 19, 2024

ရွေးကောက်ပွဲ

တနင်္သာရီတိုင်းတွင် ယာယီမဲရုံ ၁၁ ရုံဆောက်မည်

diz_admin

November 2, 2020

တနင်္သာရီတိုင်းတွင် ယာယီမဲရုံ ၁၁ ရုံ ဆောက်မည်ဖြစ်ကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ မဲရုံအများစုကို စာသင်ကျောင်းများတွင် ပြုလုပ်ပြီး အချို့စာသင်ကျောင်းများတွင် အခန်းကျဉ်းသဖြင့် ယာယီမဲရုံများ ထပ်မံဆောက်လုပ်ခြင်းဖြစ်သည်ဟု ထားဝယ်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ “ကိုဗစ်ဆိုတော့ Social Distancing (လူချင်းခပ်ခွာခွာနေခြင်း) နဲ့ ခုနပြောတဲ့ ခြောက်ပေလည်းခြားအောင်၊ လေဝင်လေ ထွက်လည်းကောင်းအောင် လျှို့ဝှက်စွာနဲ့ လွယ်ကူစွာ မဲပေးလို့ရအောင် အဲလိုလုပ် ပေးတာ” ဟု တာဝန်ရှိသူက ဆိုသည်။ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ဦးရေ ၃၀ဝ မှ ၃၀ဝ၀ အတွင်းရှိလျှင် မဲရုံတစ်ရုံ သတ်မှတ်သည်ဟု တာဝန်ရှိသူက ပြောသည်။ မဲစာရင်းပြုစုစဉ်က မဲဆန္ဒရှင်စာရင်းနှင့် မဲရုံစာရင်းကို လျာထားသည့်အတိုင်းသာ ဆောက်လုပ်ခြင်းဖြစ်ပြီး ထပ်တိုး ဆောက်လုပ်ခြင်းမဟုတ်ဟု ၎င်းက […]

တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ

diz_admin

October 30, 2020

မဲပေးခြင်း အဆင့်များ မဲသွားပေးတဲ့အခါမှာ မှန်မှန် ကန်ကန်၊ မြန်မြန်ဆန်ဆန်ဖြစ်ဖို့နဲ့ ကိုဗစ်-၁၉ ရောဂါကနေ ကင်းဝေးနိုင်စေဖို့ ဒီအချက်တွေကို သတိထားသင့်ပါတယ်။ မဲရုံကို သွားတဲ့အခါ ၁။ နှာခေါင်းစည်း တပ်သွားပါ။ ၂။ အိမ်ကနေ ဘောလ်ပင်ယူ ဆောင်သွားပါ။ မဲရုံကို ရောက်တဲ့အခါ ၁။ ပထမဦးစွာ မဲရုံရှေ့တွင် ကပ်ထားသည့် မဲစာရင်းများထဲမှ မိမိ နာမည်နှင့် မဲစာရင်းနံပါတ်ကို ရှာဖွေပါ။ ၂။ အခြားသူများနှင့် ခြောက်ပေ ကွာဝေးနေအောင် ဂရုစိုက်ပါ။ ၃။ ကိုယ့်လက်မှ မင်တို့ထားခြင်း မရှိကြောင်း မဲရုံဝင်ပေါက်က လုံခြုံရေးကို ပြသပါ။ ၄။ မသန်စွမ်းသူ ဒါမှမဟုတ် အကူအညီလိုအပ်နေသူတွေကို ဦးစား ပေးပါ။ မဲလက်မှတ် ထုတ်ယူခြင်း ၁ ။ မဲရုံအတွင်းမှာရှိတဲ့ မဲဆန္ဒရှင် […]

မြိတ်တွင်ဆရာ/ဆရာမ လေးရာကျော်အား မဲရုံမှူးသင်တန်းပေး

diz_admin

October 28, 2020

မြိတ်မြို့ပေါ်ရှိ ကျောင်းဆရာ/ဆရာမ လေးရာကျော်အား မဲရုံမှူးနှင့် ဒုမဲရုံမှူး သင်တန်းများ ပေးနေကြောင်း မြိတ်မြို့နယ်၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး မှသိရသည်။ လာမည့် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ဆရာ/ ဆရာမ ၄၅၄ ဦးကို အောက်တိုဘာလ ၁၉ ရက်မှစတင်ကာ သင်တန်းပေးနေခြင်း ဖြစ်ကြောင်း မြိတ်မြို့နယ်၊ ရွေးကောက် ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးငွေဝင်းက ပြောသည်။ ငါးဖမ်းလှေလုပ်သားများ ကြိုတင်မဲထည့်နိုင်ရေး တင်ပြမည် သင်တန်းကို မြိတ်မြို့နယ်၊ ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲ မှ တာဝန်ယူ ပို့ချခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးဌာန၏ ညွှန်ကြားချက်နှင့်အညီ ပို့ချပေးလျက် ရှိသည်ဟု ၎င်းကဆိုသည်။ မဲရုံတစ်ရုံလျှင် မဲရုံမှူး၊ ဒုမဲရုံမှူး တစ်ယောက်စီနှင့် လွှတ်တော်သုံးရပ်အတွက် မဲစာရင်းစိစစ်သူနှင့် […]

ငါးဖမ်းလှေလုပ်သားများ ကြိုတင်မဲထည့်နိုင်ရေး တင်ပြမည်

diz_admin

October 27, 2020

နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲနေ့အမီ မလာရောက်နိုင်ကြသည့် ငါးဖမ်းလှေလုပ်သားများအနေနှင့် ကြိုတင်မဲ ပေးနိုင်စေရေး တင်ပြသွားမည်ဖြစ်ကြောင်း မြိတ်မြို့နယ်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ထံမှသိရသည်။ ရွေးကောက်ပွဲ ဥပဒေအရ ကြိုတင် မဲပေးခွင့်သူများ သတ်မှတ်ထားမှုတွင် ရေလုပ်သားများမပါဝင်ပေ။ သို့သော် ကမ်းသို့အချိန်မီ မလာရောက်နိုင်ကြသည့် ရေလုပ်သားများအတွက် မဲပေးပိုင်ခွင့် မဆုံးရှုံးဆုံးစေရန် ခရိုင်ကော်မရှင်အဖွဲ့ခွဲသို့ တင်ပြသွားမည်ဟု မြိတ်မြို့နယ်၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဦးငွေဝင်းက ပြောသည်။ “ခရိုင်ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ညွန်ကြားမှုနဲ့ ကျွန်တော်တို့ ဆောင်ရွက်ပေးပါ့မယ်” ဟု ဦးငွေဝင်းက ပြောသည်။ မြိတ်ခရိုင်အတွင်း ပင်လယ်ပြင်သို့ လချီကြာငါးဖမ်းထွက်ကြသည့် ကမ်းဝေးငါးဖမ်းလှေ တစ်ထောင်ကျော်ရှိပြီး ကမ်းဝေးရေလုပ်သား သုံးသောင်းကျော် ရှိနေသည်။ ကြိုတင်မဲကို မဲရုံသို့မလာရောက်နိုင်သည့် အသက်အရွယ်ကြီးရင့်သူ၊ အနာကြီးရောဂါရှိသူ၊ နေအိမ်တွင် ရောဂါ အပြင်းအထန် ခံစားနေရသူ၊ […]

ကရင်၊ မွန်နှင့် ပအိုဝ်းပါတီကို ထောက်ခံကြောင်း တိုင်းရင်းသားလူငယ်များ ပူးပေါင်းအင်အားပြ

diz_admin

October 27, 2020

လာမည့်ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကရင်ပြည်သူ့ပါတီ၊ မွန်ညီညွတ်ရေး ပါတီနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီတို့ကို ထောက်ခံကြောင်း ပြည်နယ်အတွင်းရှိ ကရင်၊ မွန်နှင့် ပအိုဝ်းလူငယ်များ ပူးပေါင်းပြီး သထုံမြို့တွင် အင်အားပြခဲ့ကြသည်။ အဆိုပါ မွန်၊ ကရင်နှင့် ပအိုဝ်းပါတီကို ထောက်ခံကြောင်း အင်အားပြသည့် ပွဲသို့ တိုင်းရင်းသားလူငယ်များအပြင် တိုင်းရင်းသားပါတီတို့ကို အားပေးထောက်ခံကြသူများလည်း ပူးပေါင်းပါဝင်ခဲ့ကြပြီး အင်အားထောင်ချီရှိသည်ဟုလည်း ဒေသခံတို့က ပြောသည်။ သထုံမြို့နယ် မဲဆန္ဒနယ်များတွင် ကရင်ပြည်သူ့ပါတီနှင့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ်ပါတီတို့ကသာ ဝင်ရောက်ယှဉ် ပြိုင်မည်ဖြစ်ပြီး မွန်ညီညွတ်ရေးပါတီ အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိသော်လည်း တိုင်းရင်းသားပါတီများ အားကောင်းကြောင်းကို ပြချင်သည့်အတွက် မွန်လူငယ်များလည်း ပူးပေါင်း ပါဝင်ခဲ့ကြခြင်းဖြစ်သည်။ “မွန်ပါတီ ဝင်မပြိုင်တဲ့ သထုံမှာ အခြား ကျွန်တော်တို့ ညီနောင်တိုင်းရင်းသားပါတီတွေဖြစ်တဲ့ ကရင်ပါတီ ပအိုဝ်းပါတီတွေကို ထောက်ခံတဲ့အနေနဲ့ ဝန်းရံတာပါ။ […]

တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်ဒေသရှိ ပြည်သူများ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရေး ခက်ခဲ

diz_admin

October 25, 2020

မြန်မာနိုင်ငံတောင်ပိုင်း၊ တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်ဒေသ အောက်ရှိ ပြည်သူများအနေနှင့် ရွေးကောက်ပွဲဖြစ်စဉ်တွင် ပါဝင်နိုင်ရန်မှာ အခက်အခဲများစွာ ရှိနေသည်ဟု မွန်ပြည် လူ့အခွင့်အရေးဖောင်ဒေးရှင်းက ထုတ်ပြန်သည့်အစီရင်ခံစာတွင် ဖော်ပြသည်။ အဆိုပါဒေသရှိ ပြည်သူတို့၏ ရွေးကောက်ပွဲဆိုင်ရာ ကြုံတွေ့နေရသည့် အခြေအနေကို “ဖယ်ကြဉ်မရှိမှ လွတ်မျှတ” ဆိုသည့်ခေါင်းစဉ်ဖြင့် အစီရင်စာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပြည်နယ်အတွင်း ရောဂါကူးစက်မှု ထိန်းချုပ်နိုင်ပြီဟု မွန်ဝန်ကြီးချုပ်ပြော အစီရင်ခံစာတွင် တိုင်းရင်းသားလက်နက်ကိုင်ထိန်းချုပ်ဒေသရှိ ပြည်သူများ မဲပေးပိုင်ခွင့်ရှိနေသော်လည်း မဲစာရင်းတွင် မပါဝင်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာသတင်းအချက်အလက်များမရခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှုများ မရခြင်း၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်း၊ မဲရုံများ ဝေးကွာလွန်းနေ ခြင်းတို့ကြောင့် ဒေသခံများ ရွေးကောက်ပွဲတွင် ပါဝင်လာရန် အခက်အခဲ စိန်ခေါ်မှု တို့နှင့် ရင်ဆိုင်ကြုံတွေ့နေရသည်ဟု ပါရှိသည်။ “တော်တော်များများက မဲမပေး ဖူးကြဘူး။ သူတို့အတွက် ရွေးကောက်ပွဲ နဲ့ […]