BREAKING
September 19, 2024

ရွေးကောက်ပွဲ

ကညုံရပ်ကွက် မဲလက်မှတ်မှားယွင်းမှု ဆုံးဖြတ်မည့် အဖြေမရှိသေး

diz_admin

November 6, 2020

ထားဝယ်မြို့ရှိ ကညုံရပ်ကွက်တွင် ကြိုတင်မဲပေးရာ၌ မဲလက်မှတ်မှားယွင်းမှုအပေါ် မည်ကဲ့သို့ဆုံးဖြတ်မည်ကို အဖြေမထွက်သေးကြောင်း ထားဝယ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဋ္ဌ ဦးစိုးလွင်က ပြောကြားသည်။ အဆိုပါရပ်ကွက်တွင် တိုင်းဒေသကြီးလွှတ်တော်အတွက်ဆန္ဒမဲပေးရာတွင် ရပ်ကျေးကော်မရှင်က တိုင်းရင်း သားဆန္ဒမဲလက်မှတ်များ မှားယွင်း ထုတ်ပေးမိခြင်းဖြစ်သည်။ အသက် ၆၀ နှစ်နှင့် အထက်သက်ကြီးများ ကြိုတင်မဲစပေးသည့် အောက်တိုဘာလ ၂၉ ရက်နေ့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မှားယွင်းပြီး ဆန္ဒမဲပေးမိသူ ၂၄ မဲ ရှိကြောင်း ဦးစိုးလွင်က ဆိုသည်။ ယင်းကဲ့သို့ မှားယွင်းခြင်းကို ဖြစ်စဉ်တစ်ခုအဖြစ် မှတ်သားပြီး သက်ဆိုင်ရာ ရွေးကော်အဖွဲ့ခွဲအဆင့်ဆင့်မှတစ်ဆင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထိုကဲ့သို့ မှားယွင်းထုတ်ပေးမိသည့် ဆန္ဒမဲများကို ပယ်မဲ သို့မဟုတ် ခိုင်လုံမဲအဖြစ် မသတ်မှတ်သေးဘဲ ရွေးကောက်ပွဲကျင်းပသည့် နိုဝင်ဘာလ ၈ ရက်နေ့မှသာ […]

ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းများ၏ အသံ

diz_admin

November 6, 2020

၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းအတွင်း ပါတီ ၁၄ ခုမှ ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၆၉ ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။တိုင်းဒေသကြီးလွှတ်တော်၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာများအတွက် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး ယင်းတို့အနက်မှ ၄၃ ဦးသာ ရွေးချယ်ခံရမည်ဖြစ်သည်။ထိုကဲ့သို့ ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများထဲမှ အချို့ကို တနင်္သာရီအပတ်စဉ်ဝိုင်းတော်သားများက ရွေးချယ်ပြီး ၎င်းတို့၏ ရည်မှန်းချက်၊ ရှုမြင်ထားသည့် ပြဿနာများနှင့်ပတ်သက်၍ ချဉ်းကပ်ဖြေရှင်းမည့်စိတ်ကူး စသည့် အကြောင်းအရာများအား မဲဆန္ဒရှင် စာဖတ်သူများ လေ့လာအကဲဖြတ်နိုင်စေရန် ကိုယ်စားလောင်းများနှင့် တွေ့ဆုံ၊ ဆက်သွယ်မေးမြန်းထားမှုများအား ဖော်ပြလိုက်သည်။ ယခုအပတ်အတွက် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း နှစ်ဦးကို မေးမြန်းတင်ဆက်ထားပါသည်။ စောချစ်မိုက်မိုက်၊ ကရင်ပြည်သူ့ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း၊ ပုလောမြို့နယ်။ မေး- လေ့လာရသလောက်ဆိုရင် တိုင်းထဲမှာ ဘယ်လိုပြဿနာတွေရှိတယ်လို့ ထင်ပါသလဲ။ ဖြေ- တစ်တိုင်းလုံးမှာကတော့ […]

လော့ဒေါင်းဧရိယာနှင့် ကွာရန်တင်းစခန်းမှ ကြိုတင်မဲများ အိမ်တိုင်ရာရောက် ကောက်ခံမည်

diz_admin

November 5, 2020

ထားဝယ်မြို့နယ်အတွင်းရှိ ကိုဗစ်ကပ်ဘေးကြောင့် လော့ဒေါင်းချထားသည့် ဧရိယာနှင့် ကွာရန်တင်းစခန်းများတွင် နေထိုင်သူများ၏ ကြိုတင်မဲများကို အိမ်တိုင်ရာရောက်ကောက်ခံသွားရန် စီစဉ်ထားကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ ကိုဗစ်ရောဂါ ကူးစက်မှုများသည့်အတွက် အိမ်ရှေ့ပြင်ရပ်ကွက်ရှိ နေရာအချို့တွင် လော့ဒေါင်းချထားသည်။ အဆိုပါ လော့ဒေါင်းဧရိယာနှင့် ကွာရန်တင်းစင်တာများတွင် ရှိနေသူများ ကြိုတင်မဲပေးနိုင်ရန် ကော်မတီတစ်ခုဖွဲ့စည်းထားပြီး နိုဝင်ဘာလ ၅ရက်နေ့ နောက်ဆုံးထားကောက်ခံသွားမည်ဟု မြို့နယ်ရွေးကော် ဥက္က္ကဌ ဦးစိုးလွင်က ဆိုသည်။ “PPE အင်္ကျီတွေ၊ ကာကွယ်နိုင်တဲ့ ပစ္စည်းတွေပေါ့နော်၊ အားလုံးဝတ်ဆင်ပြီး လော့ဒေါင်းထဲဝင်ပြီး ကျန်းမာရေးအဖွဲ့နဲ့ ပူးပေါင်းပြီး ကြိုတင်မဲ ကောက်မယ်ခင်ဗျား” ဟု ဦးစိုးလွင်က ဆိုသည်။ ကွာရန်တင်းစခန်းများတွင် ကွာရန်တင်းဝင်မည့် လူဦးရေအပေါ်မူတည်ကာ ကြိုတင်မဲပေးသူ တိုးလာနိုင်သေးကြောင်း မြို့နယ်ရွေးကော်အဖွဲ့ခွဲထံမှ သိရသည်။

မွန်တွင် အသက် ၆၀ နှင့်အထက် ကြိုတင်မဲပေးရမည့်သူ လေးသိန်းကျော်ရှိ

diz_admin

November 4, 2020

မွန်ပြည်နယ်တစ်ခုလုံးတွင်အသက် ၆၀ နှစ်နှင့်အထက် ကြိုတင်မဲပေးရမည့် မဲဆန္ဒရှင်က လေးသိန်းကျော်ရှိသည်ဟု ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရှိ စာရင်းအရ သိရသည်။ ကိုဗစ်ကူးစက်မှုအခြေအနေကြောင့် အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များ အားလုံးကို ကြိုတင်မဲပေးရန် ကော်မရှင်က ခွင့်ပြုထားသည်။ ၎င်းတို့မှာ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ ကြိုတင်မဲပေးရမည်ဖြစ်သည်။ Stay at home သတ်မှတ်ထားသည့် မြို့နယ်နှင့် လူဦးရေ ထူထပ်သည့်မြို့နယ်တို့တွင် နေထိုင်သည့် အသက် ၆၀ နှစ် နှင့်အထက် မဲဆန္ဒရှင်တို့က နေအိမ်တွင် ကြိုတင်မဲပေးရမည်ဖြစ်သည်။ ကျန်မြို့ နယ်များရှိ အသက် ၆၀ နှစ်နှင့်အထက် မဲဆန္ဒရှင်များက သက်ဆိုင်ရာ ကော်မရှင်ထံသို့ ကိုယ်တိုင်သွားရောက် ကြိုတင် မဲပေးရမည်ဖြစ်သည်။ အကယ်၍ ကျန်းမာရေးအခြေအနေအရ မဲရုံသို့ […]

တနင်္သာရီတိုင်းရွေးကောက်ပွဲ သောင်းပြောင်းထွေလာ

diz_admin

November 4, 2020

ကိုဗစ်ကပ်ဘေးကြားမှ ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီတိုင်းအတွင်းမှ ကိုယ်စားလှယ်လောင်း ၂၂၆ ဦး ဝင်ပြိုင်ကြမည်။ ပါတီ ၁၃ ခုမှ ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ ငါးဦးတို့က တနင်္သာရီတိုင်းအတွင်းရှိ ကိုယ်စား လှယ်နေရာ ၄၃ ခုအတွက် ဝင်ပြိုင်ကြမည် ဖြစ်သည်။ ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးခွင့်ကို နှစ်လကြိုတင်၍ ခွင့်ပြုထားခဲ့သည်။ စက်တင်ဘာလ ၈ ရက်နေ့တွင် စတင်ခဲ့သည့် မဲဆွယ်စည်းရုံးရေးကာလအတွင်း ရွေးကောက်ပွဲနှင့်ပတ်သက်၍ ဖြစ်ပေါ်ခဲ့သည့် အဆီအငေါ်မတည့်မှုများကို ဖော်ပြပါမည်။ ကိုဗစ်အန်တု အင်အားပြမှုလက်ရှိတွင် အာဏာရ NLDပါတီ အပါအဝင် ပါတီအများစုက အင်အားပြ မဲဆွယ်ပွဲများကို ကိုဗစ်ကပ်ဘေးကြားမှ အဆက်မပြတ် ပြုလုပ်နေကြသည်။ ကိုဗစ်ကပ်ဘေးကြောင့် လူအစု အဝေးဖြစ်စေမည့် ပွဲလမ်းသဘင်၊ ရိုးရာပွဲ၊ အခမ်းအနားများ ကျင်းပခြင်းကို တားမြစ်ထားသော်လည်း […]

ကြိုတင်မဲစာအိတ်များ မလုံခြုံခြင်းနှင့် ကော်စွန်းနေခြင်းများကို ပယ်မဲအဖြစ်သတ်မှတ်မည်မဟုတ်

diz_admin

November 3, 2020

ကြိုတင်ဆန္ဒမဲများ ပေးရာတွင် မဲလက်မှတ်များ ထည့်သွင်းသည့် စာအိတ်များ မလုံခြုံနေခြင်း၊ အချို့စာအိတ်များတွင် ကော်သုတ်၍ ပိတ်ရာ၌ မဲလက်မှတ်များကို အစွန်းအထင်းဖြစ်ပေါ်စေခြင်းများ ရှိခဲ့ပါကလည်း ပယ်မဲအဖြစ် သတ်မှတ်မည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။ အလားတူပင် စာအိတ်များကို တာဝန်ရှိသူများက ဖွင့်ဖောက်သည့်အခါ ဆန္ဒမဲလက်မှတ်သည် စုတ်ပြဲနိုင် ခြင်းတို့ကြောင့်လည်း ယင်းမဲလက်မှတ်များကို ပယ်မဲအဖြစ် သတ်မှတ်မည်မဟုတ် ဆိုသည်။ အသက် ၆၀ နှင့်အထက် မဲဆန္ဒရှင်များကို အောက်တိုဘာလ ၂၉ ရက်နေ့မှစတင်၍ ကြိုတင်မဲပေးခွင့်ပြုခဲ့ရာတွင် စာအိတ်များ ပွင့်ဟနေသည့် ပြဿနာအချို့ ပေါ်ပေါက်ခဲ့သည်။ အလားတူပင် တံဆိပ်တုံးထု၍ မဲပေးစေခြင်းနှင့် ဘောလ်ပင်ဖြင့် အမှန်ခြစ်၍ မဲပေးစေခြင်းဟူ၍ နှစ်မျိုးနှစ်စား ကွဲလွဲနေမှုများလည်း ရှိခဲ့သည်။ တနင်္သာရီတိုင်းတွင် ယာယီမဲရုံ ၁၁ ရုံဆောက်မည် […]