BREAKING
September 19, 2024

ရွေးကောက်ပွဲ

အသက်မပြည့်သေးသူနှစ်ဦးက တခြားသူအစား ကိုယ်စားမဲပေး

diz_admin

November 8, 2020

ထားဝယ်မြို့အတွင်းရှိ ရပ်ကွက်နှစ်ခုတွင် ကိုယ်စားမဲလာပေးသူနှစ်ဦးကို ရွေးကောက်ပွဲဥပဒေဖြင့် အမှုဖွင့်ထားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုးလွင်က ပြောသည်။ ဒေါင်းငူရပ်ကွက်နှင့် ပုံကျွန်းရပ်ကွက်ရှိ မဲရုံတို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဆန္ဒမဲပေးနေစဉ် မဲရုံတာဝန်ရှိသူများက သိရှိခဲ့ခြင်းဖြစ်သည်။ “အမှုဖွင့်လိုက်ပြီ နှစ်ယောက်စလုံးကို၊ မဲလိမ်လည်ထည့်တာပေါ့” ဟု ဦးစိုးလွင်က ပြောသည်။ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ-၅၉(ဇ) အရ သူတစ်ပါးအယောင်ဆောင်၍ ဆန္ဒမဲပေးပါက တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေကျပ်တစ်သိန်းထက် မပိုသည့် ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်။ ကိုယ်စားမဲထည့်ခဲ့သည့် နှစ်ဦးစလုံးမှာ အသက် ၁၈ နှစ်မပြည့်သေးသူများဖြစ်သည်။ ဆန်းချီရပ်ကွက် (ပုံကျွန်း) မဲရုံတွင် အသက် ၁၃ နှစ်အရွယ် ကလေးငယ်မှ ဦးလေးဖြစ်သူ၏ မဲပေးခွင့်စာရွက်(စလစ်) ဖြင့် ကိုယ်စားလာပေးခဲ့ကြောင်း မဲရုံမှူးဖြစ်သူ ဒေါ်စန္ဒာသိန်းက ဆိုသည်။ ကိုယ်စားလာပေးသည့် ကလေးတွင် နှာခေါင်းစည်းတပ်ထားသည့်အတွက် ပြည်သူ့လွှတ်တော်နှင့် […]

မြိတ်ငါးလေလံဝင်းအတွင်းရှိ အလုပ်သမား ၄၀ နီးပါး မဲပေးခွင့်မရ

diz_admin

November 8, 2020

“မဲမပေးရတာကို စိတ်မကောင်း ဖြစ်တာ တစ်ခုပဲ။ ထည့်ခွင့်ရရင် အဘတို့လည်း ထည့်ချင်တာပေါ့” ယနေ့ နိုဝင်ဘာ ၈ ရက်တွင် ပြုလုပ်သည့် ရွေးကောက်ပွဲတွင် မြိတ်မြို့ငါးလေလံဝင်းအတွင်းရှိ ဝန်ထမ်းများနှင့် ငါးဖမ်းပိုက်ဖာသည့် အလုပ်သမားများ ၄၀ ဝန်းကျင်မှာ မဲပေးခွင့် မရရှိခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။ အဆိုပါဝင်းအတွင်းတွင် နေထိုင်ကြသည့် အလုပ်သမား ဝန်ထမ်းများသည် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်က မဲပေးခွင့်ရရှိခဲ့ကြသော်လည်း ယခုရွေးကောက်ပွဲတွင် မဲစာရင်းလာရောက် ကောက်ခံခြင်းမရှိကြောင်း ၎င်းတို့ကပြောသည်။ အလုပ်သမား အချို့မှာ ရပ်ကွက်အတွင်း နေထိုင်ကြသော်လည်း အများစုသည် ယင်းဝင်းအတွင်း နေထိုင်နေကြသည်။ “လာမယ်နိုးနိုးနဲ့ စောင့်နေတာ၊ အခုချိန်ထိ မဲစာရင်း လာမပေးကြဘူး။ ကျွန်တော်တို့လည်း မဲပေးချင်ကြတာပေါ့” ဟု ယင်းနေရာ၌ ပိုက်ဖာသည့် အလုပ်လုပ် လုပ်လာသည်မှာ ဆယ်နှစ်ကျော် […]

သူစိမ်းနှစ်ဦးမဲရုံရှေ့လာကြည့်သဖြင့် စစ်ဆေး‌ရာ တပ်မတော်သားများဖြစ်နေ

diz_admin

November 8, 2020

ရေဖြူမြို့နယ်၊ ပုလဲကူကျေးရွာမဲရုံသို့ ယနေ့နံနက်ပိုင်းက အမည်မသိလူစိမ်းနှစ်ဦးဆိုင်ကယ်ဖြင့် ရောက်လာသဖြင့် စစ်ဆေးကြည့်ရာ တပ်မတော်သားများဖြစ်နေကြာင်း ယင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရေဖြူမြို့မရဲစခန်းထံမှ သိရသည်။ အရပ်ဝတ်ဖြင့်ရောက်လာသော ၎င်းနှစ်ဦးအား မှတ်ပုံတင်၊ နေရပ်လိပ်စာတို့အား ကျေးရွာအုပ်ချုပ်ရေးမှူးက စစ်ဆေးခဲ့ရာ အထောက်အထားတစ်စုံတစ်ရာပြသနိုင်ခြင်းမရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ကိုအောင်ကိုလတ်က ပြောသည်။ ယင်းအတွက်ကြောင့် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ထံအကြောင်းကြားခဲ့ရာ လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း ကိုအောင်ကိုလတ်က ပြောသည်။ ရဲတပ်ဖွဲ့က ခဏတာထိန်းသိမ်းပြီး စစ်ဆေးမေးမြန်းခဲ့ရာ အမှတ် ၄၀၆ တပ်ရင်းမှ ဒုအရာခံဗိုလ်နှင့် တပ်သားတို့ဖြစ်နေကြောင်း ရေဖြူမြို့မရဲစခန်းမှူး ဒုရဲမှူးအောင်ကျော်မျိုးက ပြောသည်။ “Outdoor လွှတ်တယ်ဆိုတာက နယ်မြေစည်းရုံးရေးရော၊ ပြင်ပအနေအထားတွေပါ သိရအောင်လို့ ၄၀၆ က လွှတ်လိုက်တာ။ အဲဒီလူတွေက ပုလဲကူဘက်မှာဆိုရင်တော့ သူစိမ်းသဘောဖြစ်နေတာပေါ့” ဟု ဒုရဲမှူးအောင်ကျော်မျိူးက ဆိုသည်။ အမှတ် ၄၀၆ တပ်ရင်းကလည်း ၎င်းတို့လွှတ်ထားသည့်သူများဖြစ်ကြောင်းပြောဆိုပြီး […]

NLD ကိုယ်စားလှယ်လောင်းအား မဲမပေးရန် စာကပ်ထားသည်များ တွေ့ရှိ၊ ရဲတပ်ဖွဲ့က ဖယ်ရှား

diz_admin

November 8, 2020

ထားဝယ်မြို့၊ ကရပ်ပြင်မြောက်ရပ်ကွက်တွင် NLD ပါတီ၏ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအောင်ဝင်းအား မဲမပေးရေး လှုံ့ဆော်ပိုစတာများကို ယနေ့နံနက်အစောပိုင်းက ကပ်ထားခဲ့သည်ကို တွေ့ရသည်။ အဆိုပါရပ်ကွက်အတွင်း အနည်းဆုံးနေရာ သုံးခုတွင် ကပ်ထားခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ရဲတပ်ဖွဲ့က သိမ်းဆည်းသွားကြောင်း ပိန္နဲတောရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ဌေးက ဆိုသည်။ အဆိုပါပိုစတာများကို မည်သည့်အချိန်က ကပ်ထားခဲ့သည်ကို မသိရသေးပေ။

မဲပေးရန် မနက် ၅ နာရီကတည်းက စောင့်

diz_admin

November 7, 2020

မော်လမြိုင်၊ မုပွန်ရပ်ကွက် မဲရုံအမှတ် ၂ တွင် မဲရုံမဖွင့်မီ နံနက် ၅ နာရီ ဝန်းကျင်ကတည်းက စောင့်ဆိုင်းတန်းစီနေခဲ့ကြသည်ကို တွေ့ရသည်။ ယခုမဲရုံတွင် ရေတပ်၊ တပ်ငွေစာရင်း၊ ရဲ စသည့် မဲဆန္ဒရှင်များ အပါအဝင် မဲဆန္ဒရှင် ၂၀၀၀ ကျော်ရှိသည်။ ဓါတ်ပုံ – ယဥ်စနိုင်း

လော့ဒေါင်းချခံထားရသည့် မိသားစုများအား ထမင်းဟင်း လာရောက်လှူဒါန်းပြီးနောက် လူ ၁၀၀ ကျော် ဝမ်းပျက်ဝမ်းလျှောဖြစ်

diz_admin

November 7, 2020

မြိတ်မြို့ရှိ လော့ဒေါင်းချထားသည့် မိသားစုများသို့ တပ်မတော်ချစ်သူများ ဆိုသည့်အဖွဲ့မှ ထမင်းဟင်းများလာလှူပြီးနောက် လူ ၁၀၀ ကျော် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားခဲ့ရကြောင်း ရပ်ကွက်နေသူများနှင့် ရာအိမ်မှူးထံမှ သိရသည်။ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာ အုပ်စုရှိ ချမ်းမြေ့သာယာရပ်ကွက်နှင့် အင်းလေးမြိုင်(၃)ရပ်ကွက်ရှိ လော့ဒေါင်းချထားခြင်း ခံရသည့် လမ်းများထံသို့ နိုဝင်ဘာ ၆ ရက် နံက်က တပ်မတော်ချစ်သူများအဖွဲ့ဟု ဆိုင်းဘုတ်တင်ထားသည့် ကားတစ်စီးမှရောက်လာပြီး ထမင်း၊ ကြက်ဥဟင်းနှင့် ပဲဟင်းချိုများ လာရောက်လှူဒါန်းခဲ့သည်ဟု ယင်းရပ်ကွက် ရာအိမ်မူး ဦးရှိန်ထွန်း ကပြောသည်။ လာရောက်လှူဒါန်းခဲ့သည့် ကြက်ဥဟင်းများကို စားမိပြီးနောက် ညဘက်တွင် အမျိုးသား၊ အမျိုးသမီး လူ ၁၀၀ ကျော်မှာ ဗိုက်အောင့် ဗိုက်နာကာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ခဲ့ရကြောင်း ၎င်းကဆိုသည်။ “ကြက်ဥဟင်းတွေက လာပေးကတည်းက အနံ့သိပ်မကောင်းတော့ဘူး။ စားတဲ့လူက စားလိုက်ကြတယ်။ […]