BREAKING
September 19, 2024

ရွေးကောက်ပွဲ

ကရပ်ပြင်မြောက်ရပ်ကွက်တွင် မဲလာမပေးသူ လေးရာကျော်ရှိ

diz_admin

November 8, 2020

ထားဝယ်မြို့၊ ကရပ်ပြင်မြောက်ရပ်ကွက် မဲရုံအမှတ် ၅ တွင် မဲစာရင်း ၁၃၁၂ ရှိသည့်အနက် ကြိုတင်မဲ ၂၃၅ မဲ၊ မဲလာပေးသူ ၆၄၆ မဲရှိသဖြင့် မဲလာမပေးသူ ၄၃၁ ဦး(၃၃ ရာခိုင်နှုန်းဝန်းကျင်)ရှိကြောင်း မဲရုံမှူး ဒေါ်ဟန်သီစိုးထံမှ သိရသည်။ ဓါတ်ပုံ- တင်ဌေး/ Dawei Watch

တပ်မဲရုံအမှတ် ၁၃ တွင် ပြည်သူ့လွှတ်တော်အတွက် ၁၆ မဲ တွင် USDP က ၁၄ မဲရ

diz_admin

November 8, 2020

မြိတ်မြို့ ကလွင်ကျေးရွာအုပ်စု၊ ရှမ်းချောင်းရပ် အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း တပ်မဲရုံတစ်ခုဖြစ်သည့် မဲရုံအမှတ် ၁၃ တွင် မဲဆန္ဒရှင်ပေါင်း ၆၇၀ ရှိပြီး ကြိုတင်မဲပေးသူ ၁၆ ဦး ရှိကြောင်း သိရသည်။ ကြိုတင်မဲများရေတွက်ရာ ပြည်သူ့လွှတ်တော်တွင် USDP ပါတီကိုယ်စားလှယ်လောင်း ဦးဇော်လှိုင်ဝင်းက ၁၄ မဲနှင့် NLD ပါတီ ကိုယ်စားလှယ်လောင်း ဦးဥက္ကာမင်းက ၁ မဲ ရရှိခဲ့သည်။ ကျန် ၁ မဲမှာ ပယ်မဲ ဖြစ်သည်။ ကျန်သည့် ပြည်သူ့ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ တစညပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီတို့မှာ မဲမရှိခဲ့ပေ။ မြင့်မိုရ်(မြိတ်)/ Dawei Watch

ထားဝယ်မြို့ ဗုံးထောင်သည့်ဖြစ်စဉ်ကြောင့် ရွေးကောက်ပွဲနေ့ လုံခြုံရေးတင်းကျပ်

diz_admin

November 8, 2020

ပြီးခဲ့သည့် သုံးရက်က ဗုံးထောင်သည့် ဖြစ်စဉ်ကြောင့် ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် ယခင်ထက် လုံခြုံရေးပိုမိုတင်းကျပ်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။ ကြက်စားပြင်ရပ်ကွက်၊ ကမ်းနားလမ်းရှိ ပတ္တလားတံတားအနီးတွင် နိုဝင်ဘာလ ၅ ရက်နေ့က ဗုံးတွေ့ရှိခဲ့ရခြင်း ဖြစ်သည်။ ထိုနောက် ဗုံးထောင်သူဟုယူဆရသည့် အသက် ၃၀ နှစ်ဝန်းကျင် အမျိုးသားအား နောက်တစ်ရက် နေ့လယ်ပိုင်းတွင် လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်၊ သဘော့ဆိပ်ကျေးရွာရှိ ၎င်းနေထိုင်ရာ နေအိမ်တွင် ဖမ်းမိခဲ့သည်။ အထက်ပါ အမျိုးသားကို စစ်ဆေးချက်အရ ထားဝယ်မြို့ပေါ်ရှိ ထိန်သစ်ရပ်ကွက်နှင့် မြောင်းပုလဲတံတားအနီးတွင် ထောင်ထားသည့် လက်လုပ်မိုင်းများကို ထပ်မံသိမ်းဆည်းနိုင်ခဲ့သည်။ “ကျွန်တော်တို့ ကြိုပြီးတော့ မိလိုက်တဲ့အတွက်လည်း အဆင်ပြေသွားတာပေါ့ဗျာ၊ အားလုံး။ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားတာ ပေါ့နော်” ဟု ဗိုလ်မှူးကြီးကျော်ဇေယျက ပြောသည်။ […]

ကျွန်းစုမြို့နယ်၊ ထိန်ချောင်းရွာ မဲရုံအမှတ်(၂)တွင် တံဆိပ်တုံးပျက်စီး

diz_admin

November 8, 2020

ကျွန်းစုမြို့နယ်၊ ထိန်ချောင်းရွာ မဲရုံအမှတ်(၂)တွင် ဆန္ဒမဲပေး ရာတွင်အသုံးပြုသော တံဆိပ်တုံးပျက်စီးကာ အမှန်ခြစ်အမှတ်အသားနှင့် UEC အမှတ်အသားများမပေါ်တော့ကြောင်း တွေ့ရှိရသည်။ ယင်းမဲရုံတွင် မဲပေးခွင့်ရှိ သူစုစုပေါင်းဂတော့ ၈၈၃ ဦးရှိပြီး ၇၀၅ ဦးမှာ မဲပေးပြီးသွားပြီဖြစ်သည်။ ယင်းတံဆိပ်တုံးဖြင့် မဲပေးခဲ့ရသူအရေအတွက်ကို အတိအကျမသိရသော်လည်း ခန့်မှန်းခြေအားဖြင့် ငါးဦးဝန်းကျင်ရှိမည်ဟု မဲရုံမှ စုံစမ်းသိရှိရသည်။ အဆိုပါကိစ္စကို မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးသို့ ဆက်သွယ်မေးမြန်းခဲ့ရာ အဆိုပါတံဆိပ်တုံးဖြင့်ပေးခဲ့သည့်ဆန္ဒမဲများသည် ပယ်မဲဖြစ်မည်ဟု ၎င်းက ပြန်လည်ဖြေဆိုသည်။ သတင်း/ ဓါတ်ပုံ- ဘုန်းမြတ်ထွေး

သုံးပုံနှစ်ပုံဝန်းကျင် အခြေအနေကောင်းဟု ဒေါက်တာညိုညိုသင်းပြော

diz_admin

November 8, 2020

ယခုရွေးကောက်ပွဲတွင် အနိုင်ရရှိရန်သုံးပုံနှစ်ပုံဝန်းကျင်(၆၅ ရာခိုင်နှုန်းဝန်းကျင်) အခြေအနေရှိနေကြောင်း ဒေါက်တာညိုညိုသင်းက ပြောဆိုလိုက်သည်။ ယနေ့ နိုဝင်ဘာလ ၈ ရက်နေ့တွင် မဲပေးနေမှုများ မပြီးသေးခင် နေ့ခင်းပိုင်းတွင် ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ၎င်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။ အဆိုပါခန့်မှန်းချက်မှာ ပြီးခဲ့သည့် မဲဆွယ်ကာလအတွင်း လူထု၏ ထောက်ခံမှုအခြေအနေအပေါ် သုံးသပ်ကာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ သို့သော် ရွေးကောက်ပွဲကော်မရှင်အနေနှင့် စီမံခန့်ခွဲမှုကိစ္စနှင့် ကြိုတင်မဲကောက်ယူခြင်းလုပ်ငန်းစဉ်များတွင် အားနည်းချက်များရှိနေခဲ့မှုကို ၎င်းက ထောက်ပြဝေဖန်ခဲ့ပြီး ယင်းကြောင့် ကြိုတင်မဲများ၏ ရလဒ်တွင်မူ သူ့အနေနှင့် ဆုံးရှုံးနိုင်ဖွယ်ရှိသည်ဟု ဆိုသည်။ ထို့အပြင် ယင်းမဲဆန္ဒနယ်မြေအတွင်း သူ့နာမည်ကို ထည့်သွင်းဖော်ပြထားခြင်းမရှိသည့် မဲလက်မှတ်အတုများလည်း ထွက်ပေါ်ခဲ့သည်ဟု ဆိုသည်။ အောက်တိုဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၅ ရက်နေ့အထိ အသက် ၆၀ နှင့်အထက် […]

တနင်္သာရီတိုင်းအတွင်းက ရွေးကောက်ပွဲ နံနက်ပိုင်း အနှစ်ချုပ်

diz_admin

November 8, 2020

ပြီးခဲ့သည့်ရက်ပိုင်းက ထားဝယ်မြို့၊ နေရာအချို့တွင် ဗုံးလန့်မှုများ ရှိခဲ့သော်လည်း ရွေးကောက်ပွဲကျင်းပသည့် ယနေ့ နိုဝင်ဘာလ ၈ ရက်တွင် မဲရုံအသီးသီး၌ မဲလာပေးကြသူများမှာ ပုံမှန်အတိုင်းရှိခဲ့သည်ကို တွေ့ရသည်။ မဲရုံအချို့တွင် မဲရုံစတင်ဖွင့်ချိန်ဖြစ်သည့် နံနက် ၆ နာနီမတိုင်မီကတည်းက တန်းစီစောင့်ဆိုင်းနေခဲ့ကြသည်။ ကိုဗစ်-၁၉ ကူးစက်မှုကပ်ဘေးကြောင့် တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ(၆ ပေ) ရှိနေစေရန် အစိုးရနှင့် ရွေးကောက်ပွဲကော်မရှင်တို့က စီစဉ်ညွှန်ကြားခဲ့သော်လည်း စီစဉ်ထားသည့် နေရာအခင်းအကျင်းနှင့် မဲလာပေးသူဦးရေ မမျှတခြင်းကြောင့် မဲရုံအချို့တွင် ယင်းအတိုင်း မရှိခဲ့သည်ကို တွေ့ရသည်။ အချို့နေရာများတွင် စုပြုံတိုးဝှေ့ကြသည်လည်း ရှိသည်။ ထားဝယ်မြို့ပေါ် ရပ်ကွက်နှစ်ခုတွင် ကိုယ်စားမဲပေးမှု နှစ်ခုကို ဖမ်းမိခဲ့ပြီး သက်ဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူထားသည်။ အဆိုပါ ကိုယ်စားမဲပေးသူနှစ်ဦးမှာ ၁၈ နှစ် မပြည့်သေးသည့် […]