BREAKING
September 19, 2024

ရွေးကောက်ပွဲ

မဲဆန္ဒရှင်များအား မဲပြား ခေါက်ချိုးပြီး ထုတ်ပေးသည်ဟုဆို

diz_admin

November 9, 2020

ထားဝယ်မြို့နယ်၊ ကနိုင်းဒါ ကျေးရွာတွင်ကြိုတင်မဲ ကောက်ယူရာတွင် မဲဆန္ဒရှင်များသို့ မဲလက်မှတ်ထုတ် ပေးရာတွင် မဲပြားအား ခေါက်၍ပေးခြင်း ကြောင့် မဲပေးသည့်သူများအနေနှင့် မိမိမဲပေးလိုသည့် ပါတီအမှတ်တံဆိပ်ရှာရန် အခက်အခဲများ ကြုံရကြောင်း ထားဝယ်တိုင်းရင်းသားများပါတီ ထားဝယ်မြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ ကိုယ်စားလှယ်လောင်း ဦးမောင်သိန်း (ခ) ဦးလှသိန်းမှ ပြောသည်။ နိုဝင်ဘာလ ၆ ရက်နေ့၊ နံနက် ၉ နာရီခန့်တွင် ကျေးရွာအတွင်း မသန်စွမ်းမဲဆန္ဒရှင်များအား အိမ်တိုင်ရာ ရောက် ဆန္ဒမဲကောက်ယူရာတွင် မဲလက်မှတ်အအား ခေါက်ချိုးပြီး ကြိုက်တဲ့ ပါတီ မဲပေးနိုင်ကြောင်းပြော၍ ဆန္ဒမဲပေးခိုင်းသည်ဟု မဲရုံကိုယ်စားလှယ် ဦးညွန့်တင် က ဆိုသည်။ ထို့အတူ အောက်တိုဘာလ ၃၁ ရက်နေ့ကလည်း ထိုကဲ့သို့ ထုတ်ပေးသည်ကို သတိပြုမိခဲ့သည်ဟု ၎င်းက ဆိုသည်။ […]

ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်မဲရုံတွင် မဲပေးရန်စောင့်ဆိုင်းနေသူများ

diz_admin

November 8, 2020

ရှေ့ပိုင်းမှ လူများသည် တစ်ဦးနှင့် တစ်ဦး သုံးပေခန့်ကွာသော်လည်း နောက်ဘက်ပိုင်းမှ စောင့်ဆိုင်းသူများမှမူ တကျပ်သိပ်ပြီးစောင့်ဆိုင်းနေရသည်။ ဓါတ်ပုံ- တင်ဌေး

ကျွန်းစုမြို့နယ်၊ ကတ္တလူ မဲရုံအမှတ် ၁ မှကြိုတင်မဲရလဒ်

diz_admin

November 8, 2020

NLD ပါတီကအနိုင်ရရှိသည်။ ပြည်သူ့လွတ်တော် အမျိုးသားလွတ်တော် တိုင်းဒေကြီးနှင့်ပြည်နယ်လွတ်တော် ဒေါ်တင်တင်ရီ(NLD) ၂၈၈ ဦးဇော်ဟိန်း(NLD) ၂၉၁ ဦးအောင်မြတ်ထွန်း(NLD) ၂၈၇ – – ဦးသိန်းလွင် ၄၃ ဦးအောင်ကျော်နှင်း ၄၁ ဦးကြည်ဝင်း ၇ ဦးဘိုဘိုဇင်မင်း ၅ ဦးသူရိန်ဝင်း ၂ ဦးဝင်းကြူ ၄၀ စောလင်းကယ် ၁ ကျော်သီဟ ၆ ဦးဇော်ဝင်း ၀ ဦးကျော်စိုးမိုး ၀ ပယ်မဲ ၅ ပယ်မဲ ၄ ပယ်မဲ ၆ ဘုန်းမြတ်ထွေး/ Dawei Watch

ရေဖြူတွင် မဲရုံအဖွဲ့ဝင်မှ မဲလက်မှတ်မှားထုတ်ပေး၊ ပယ်မဲသတ်မှတ်

diz_admin

November 8, 2020

ရေဖြူမြို့နယ်၊ ကံပေါက်ကျေးရွာမဲရုံ အမှတ်-၅(မိချောင်းအိုင်မဲရုံ) တွင် မဲလက်မှတ် ၄၈ ရွက်ကို မဲရုံအဖွဲ့ဝင်မှ မှားထုတ်ပေးခဲ့ပြီး ယင်းမဲလက်မှတ်များကို မဲရုံမှူးက ပယ်မဲအဖြစ် သတ်မှတ်ခဲ့ကြောင်း ယင်းကျေးရွာသား ဦးကျော်မိုးဦးက ပြောသည်။ တိုင်းဒေသကြီးလွှတ်တော်အမှတ်(၂) အတွက်ပေးရမည့်မဲလက်မှတ်အစား အမျိုးသားလွှတ်တော်မဲလက်မှတ်ကို မှားယွင်းထုတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်မိုးဦးကပြောသည်။ “ကျွန်တော်တို့က အဲဒီမဲတွေကို ပယ်မဲအဖြင့်မသတ်မှတ်ပါနဲ့။ မဲဆန္ဒရှင်တွေကို လေးစားသောအားဖြင့် မဲပြန်ပေးခိုင်းပါလို့ တောင်းဆိုတယ်” ဟု ၎င်းက ဆိုသည်။ ပယ်မဲအဖြင့် သတ်မှတ်ခံရသူအမျိုးသမီးလေးဦးကလည်း မဲပြန်ပေးချင်ကြောင်း တောင်းဆိုခဲ့သော်လည်း မဲရုံမှူးက လက်မခံသည့်အပြင် ရေဖြူမြို့နယ်ရွေးကောက်ပွဲကော်မရှင်ကလည်း လက်မခံခဲ့ကြောင်း ၎င်းကပြောသည်။ NLD ပါတီ၏ ပြိုင်ဘက်ပါတီတို့ဘက်ကလည်း မဲပြန်ပေးခွင့်တောင်းဆိုသည်ကို လက်မခံသည်သဖြင့် ပဲမဲအဖြင့်သတ်မှတ်ရသည့် အကြောင်းရင်းတစ်ခုဖြစ်ခဲ့ကြောင်း ၎င်းကပြောသည်။ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသတွင် NLD၊ USDP၊ UBP၊ NDF၊ မွန်ညီညွတ်ရေးပါတီ […]

ဘုတ်ပြင်းမြို့နယ်၊ မနိုးလုံးကျေးရွာအုပ်စု၊ ခဲချောင်းကျေးရွာ မဲရုံအမှတ်(၃)တွင် NLD ပါတီ အနိုင်ရရှိ

diz_admin

November 8, 2020

ကြိုတင်မဲ ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် တိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလွှတ်တော် NLD ၆၂ NLD ၁၈၄ NLD ၁၉၅ NLD ၁၈၉ NLD ၉၈ USDP ၂၆ USDP ၇၄ USDP ၇၃ USDP ၆၉ USDP ၂၃ UBP ၁ UBP ၇ UBP ၁၀ UBP ၇ UBP ၃ ပယ်မဲ ၈ ပယ်မဲ ၄၃ ပယ်မဲ ၃၀ ပယ်မဲ ၂၈ ပယ်မဲ ၂၉ ခိုင်ဇင်သော်/ Dawei Watch

ကျောက်မော်ရပ်ကွက်တွင် ၃၅ ရာခိုင်နှုန်းမဲလာမပေး

diz_admin

November 8, 2020

ထားဝယ်မြို့၊ ကျောက်မော်ရပ်ကွက်မဲရုံတွင် မဲဆန္ဒရှင်စာရင်း ၁၂၉၉ ဦးရှိသည့်အနက်ကြိုတင်မဲပေးသူ ၃၁၉ ဦး နှင့် မဲရုံသို့ လာရောက်မဲပေးသူ ၅၂၄ ဦး ရှိခဲ့ပြီး ၄၅၆ ဦး(၃၅ ရာခိုင်နှုန်း)မှာ မဲလာမပေးကြောင်း မဲရုံမှူး ဒေါ်ဌေးဝင်းထံမှ သိရသည်။ ဓါတ်ပုံ- တင်ဌေး/ Dawei Watch