BREAKING
September 16, 2024

ရွေးကောက်ပွဲ

ကော်မရှင်လုပ်ငန်းအား ဝင်စွက်ဖက်သည်ဆိုပြီး NLDကိုယ်စားလှယ်လောင်း တိုင်ကြားခံရ

diz_admin

November 12, 2020

ရွေးကောက်ပွဲကော်မရှင်၏ လုပ်ငန်းတွင် NLDပါတီကိုယ်စားလှယ်လောင်း က မလျော်သြဇာသုံးပြီး ဝင်ရောက်စွက် ဖက်သည်ဟုဆိုကာ မော်လမြိုင်မြို့၊ ကျောက်တန်းရပ်ကွက် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးရွှေချစ်က မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲထံ တိုင်ကြားထားသည်။ အသက် ၆၀ နှစ်နှင့်အထက် ကြိုတင် မဲကောက်ခံရာတွင် NLDပါတီမှ အမျိုး သားလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကိုကိုဦးက မလျော်သြဇာသုံးကာ ဝင်ရောက်စွက်ဖက်ခဲ့သည့်အတွက် ရွေးကောက်ပွဲစည်းမျဉ်းဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် တိုင်ကြား ခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။ “ကြိုတင်မဲလိုက်ကောက်တဲ့နေရာမှာ ဒီလိုမလုပ်ရဘူး၊ ဘာညာ တားတယ်။ ကျွန်တော်က ကော်မရှင်ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ပြဿနာမဖြစ်အောင် လိုက်ထိန်း ပေးတယ်။ လက်မခံဘူး။ လမ်းမအလယ်မှာ လျှောက်ပြောတာ။ ဒါက ကော်မရှင်ကို အရှက်ခွဲတာပဲ” ဟု ဦးရွှေချစ်က ပြောသည်။ တိုင်ကြားထားသည့်စာတွင် NLDပါတီ ကိုယ်စားလှယ်လောင်း ဦးကိုကိုဦး […]

အဖြေထွက်ပြီးသားဖြစ်သည့် ပုစ္ဆာ- ဆက်နီမည့် တနင်္သာရီ

diz_admin

November 10, 2020

ပါတီအရေအတွက်နှင့် ကိုယ်စား လှယ်လောင်းအရေအတွက်တို့များ လာသော်လည်း တနင်္သာရီတိုင်းဒေသ ကြီးအတွင်းရှိ ရွေးကောက်ပွဲအခင်း အကျင်းမှာ လက်ရှိ အာဏာရပါတီဖြစ် သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီကသာ အသာစီးရယူထားပြီး ပြီးခဲ့သည့် ငါးနှစ်ကလိုပင် ဆက်လက် အောင်ပွဲပန်ဆင်မည့်အနေအထားတွင် ရှိနေသည်။ ယင်းကား နိုင်ငံရေးရလဒ်အားဖြင့် အပြောင်းအလဲမရှိ ဆက်သွားမည့်အသွင်ကို ဆောင်နေသည်။ “မျှော်လင့်ချက်ကတော့ ပါတီစုံ ဒီမိုကရေစီဆိုတဲ့ ခေါင်းစဉ်နဲ့ညီညွတ်စွာ ပါတီအစုံက လွှတ်တော်ကိုယ်စားလှယ် အစုံဖြစ်စေချင်တယ်။ အခုက တစ်ပါတီတည်းဖြစ်နေတယ်”တနင်္သာရီတိုင်းဒေသကြီး၏ ကရင် တိုင်းရင်းသားရေးရာဝန်ကြီးဟောင်း လည်းဖြစ်၊ လာမည့်ရွေးကောက်ပွဲတွင်လည်း ယင်းဝန်ကြီးနေရာအတွက် ပါဝင် ယှဉ်ပြိုင်မည့်သူလည်းဖြစ်သည့် ဦးစောဟာဗီ၏ ပြောစကား ဖြစ်သည်။ NLD ပါတီသည် မြန်မာနိုင်ငံ၏ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များနည်းတူပင် တနင်္သာရီတိုင်းဒေသ ကြီးတွင်လည်း ကြီးမားသည့် လွှမ်းမိုးမှု ရှိနေခဲ့သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် […]

UEC စာတန်းမပါသည့် တံဆိပ်တုံးဖြင့် မဲပေးခဲ့ရဟုဆို

diz_admin

November 10, 2020

မြိတ်ခရိုင်အတွင်းရှိ မဲရုံများတွင် နိုဝင်ဘာလ ၂၉ ရက်ကစပြီး အသက် ၆၀ ကျော်သူများ ကြိုတင်မဲ ထည့်နေကြရပြီး မဲထည့်ကြသူအချို့၏ ပြောဆိုမှုအရ မဲပေးတံဆိပ်တုံးတွင် ရွေးကောက်ပွဲကော်မရှင်၏ အတိုကောက်စာလုံးဖြစ်သည့် UEC စာတန်း မပါရှိကြောင်း သိရသည်။ မြိတ်မြို့၊ မြို့သစ်ရပ်ကွက်ရှိ မဲရုံ အမှတ် ၂၂ တွင် ကြိုတင်မဲသွားရောက် ပေးသူအချို့က ယင်းအချက်ကို သတိပြုမိခဲ့ကြခြင်း ဖြစ်သည်။ “ကျွန်တော် ထည့်လာတဲ့ မဲမှာ ယူအီးစီ တံဆိပ်မပါဘူး။ အဲဒါ ပယ်မဲ ဖြစ်သွားမလား တော်တော်လေး စိုးရိမ်နေတယ်” ဟု နိုဝင်ဘာ ၂ ရက်နေ့က မဲသွားပေးခဲ့သူ ဦးလှိုင်တင်က ပြောသည်။ အလားတူ နိုဝင်ဘာ ၂ ရက်နေ့က အထက်ပါ မဲရုံတွင် ကြိုတင်မဲ ပေးခဲ့ရသည့် […]

သရက်‌ချောင်းမြို့နယ်၊ ကျောက်မြောင်းရပ်ကွက် တပ်မဲရုံ အမှတ်(၄)

diz_admin

November 9, 2020

ပြည်သူ့လွှတ်တော် အမျိုးသားလွှတ်တော် တိုင်းဒေသကြီးလွှတ်တော် တိုင်းရင်းသားလူမျိုးလွှတ်တော် ဦးကင်းစိန်USDP 384(ကြိုတင်မဲ နှင့် ယနေ့ ရလဒ်) ဦးစိုးထွေး USDP 381 ဦးဇော်ညွှန့် USDP 373 ဦးစောမာတင်လူသာ USDP 11 ဦးချစ်ညို UBP 1 – ဦးညိုသိမ်း တစည 1 – ကရင်ပြည့်သူ့ပါတီ စောအိမ်ဂျယ်ဂျူး 0 ဦးဌေးလွင် NLD 3 ဒေါ်ယုယုဝါ NLD 4 ဦးစောလုကာ NLD 1 ဒေါ်တင်ဌေး NLD 3 ဦးဝင်းရှိန် တစ်သီး 1 ဦးသန်းမြင့် UBP 4 – ဦးတင်ထူးအောင် PPP 2 ဦးထင်ကျော် UBP 3 ဦးအောင်ဝင်း […]

ရေလုပ်သားများ မဲပေးခွင့်မရ

diz_admin

November 9, 2020

တိုင်းအတွင်း ရေလုပ်သားအများစုမှာ မဲပေးခွင့်ဆုံးရှုံးနေသည်ဟု ကျွန်းစုမြို့နယ်၊ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်းက ပြောဆိုလိုက်သည်။ နိုဝင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့သည် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေပုဒ်မ ၄၅ အရ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မိမိမဲဆန္ဒနယ်တွင်မရှိဘဲ ခရီးသွားမည့်ပုဂ္ဂိုလ်များအနေနှင့် ထောက်ခံချက် တင်ပြပြီး ကြိုတင်ဆန္ဒမဲပေးနိုင်သည်ဟု ပြဋ္ဌာန်းထားသော်လည်း လက်ရှိခရီးထွက်ကြမည့် ရေလုပ်သားများမှာ ယင်း အခွင့်အရေး မရရှိခဲ့ကြောင်း ၎င်းက ပြောသည်။ ခရီးထွက်မည့် ရေလုပ်သားများအနေနှင့် နိုဝင်ဘာလ ၆ ရက်နံနက်က သက်ဆိုင်ရာမဲရုံများတွင် ကြိုတင်မဲပေး ခွင့်ရရန် သွားရောက်တောင်းဆိုခဲ့သည်။ သို့သော် ရပ်ကျေးကော်မရှင်အဖွဲ့မှ ခွင့်ပြုပေးခြင်းမရှိခဲ့ကြောင်း ဦးဥက္ကာမင်း က ဆိုသည်။ “ခရီးသွားရခြင်း တူပေမဲ့ ရေလုပ် သားခေါင်းစဉ်အောက်မှာ ကြိုတင်မဲပေးရမဲ့ အခွင့်ရေး ဆုံးရှုံးနေတယ်” ဟု ၎င်းက ပြောသည်။ […]

အယောင်ဆောင်မဲပေးသူကို အမှုဖွင့်

diz_admin

November 9, 2020

မွန်ပြည်နယ်၊ မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက်နေ မဲဆန္ဒရှင်တစ်ဦးကို အယောင်ဆောင်မဲပေးမှုဖြင့် အမှုဖွင့် အရေးယူထားသည်ဟု မော်လမြိုင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဌေးလွင်က ပြောသည်။ နိုဝင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းက ကျောက်တန်းရပ်ကွက်နေ ရွှေထွန်းဆိုသူ က ၎င်း၏ညီ တင်ရွှေဆိုသည့် နာမည်ပါ မှတ်ပုံတင်ဖြင့် ရပ်ကျေးကော်မရှင်ရုံးတွင် ကြိုတင်မဲလာပေးခဲ့သည်ကို စိစစ်တွေ့ရှိ ပြီး ကော်မရှင်က ‌အမှုဖွင့်လိုက်ခြင်းဖြစ်သည်။ “မဲလာပေးသူက သူ့နာမည် ရွှေထွန်း မှတ်ပုံတင်က သူ့ညီမှတ်ပုံတင် တင်ရွှေဆိုတဲ့ မှတ်ပုံတင်ယူပြီးတော့ မဲလာပေးတယ်။ တင်ရွှေကတော့ မဲစာရင်းမှာ ပါနေတယ်။ လာပေးတော့ ပါတီတွေက တွေ့ရှိသွားတာပေါ့နော်” ဟု ဦးဌေးလွင် က ပြောသည်။ ၎င်းအား အယောင်ဆောင်မဲပေးမှုအဖြစ် ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ ပုဒ်မ ၅၉(ဇ) ဖြင့်အရေးယူကာ […]