BREAKING
September 16, 2024

ရွေးကောက်ပွဲ

အသက် ၁၈ နှစ်ပြည့်ပြီး မှတ်ပုံတင် မရှိသူများ မဲပေးခွင့်ရရန် စီစဉ်မည်

diz_admin

February 25, 2020

၂၀၂၀ ခုနှစ်တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲတွင် အသက် ၁၈ နှစ် ပြည့်ပြီးသော် လည်း အကြောင်းအမျိုးမျိုးကြောင့် မှတ်ပုံတင် မရသေးသူများကို မဲထည့် ချိန်အမီ မဲထည့်ခွင့်လက်မှတ်များ ထုတ် ပေးသွားမည်ဟု တနင်္သာရီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအား အရင်းအမြစ်ဝန်ကြီး ဦးကျော်မင်းက ပြောသည်။ အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင်း မဲထည့်ခွင့်ရရန် လူဝင်မှုကြီးကြပ်ရေးဌာနနှင့် ရွေးကောက်ပွဲကော်မရှင်တို့ပူးပေါင်းကာ မဲထည့်ခွင့်ကတ်ပြား ထုတ်ပေးသွား မည်ဟု ဦးကျော်မင်းက ပြောသည်။ “ဆန္ဒမဲပေးဖို့ ကိစ္စကျတော့ မှတ်ပုံ တင် ရှိခြင်း မရှိခြင်းနဲ့ မဆိုင်ဘူး”ဟု ဦးကျော်မင်းက ပြောသည်။ ပြီးခဲ့သည့် ၂၀၁၅ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် နိုဝင်ဘာလ […]

ပြည်သူ့ရှေ့ဆောင်ပါတီ တနင်္သာရီတိုင်းအတွက် ခြေလှမ်းပြင်

diz_admin

February 10, 2020

ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)သည် လာမည့်ရွေးကောက်ပွဲအတွက် တနင်္သာရီတိုင်းအတွင်း ပါတီဝင်ရရှိရန် နှင့် ရုံးခွဲလာဖွင့်နိုင်ရန်အတွက် ပြင်ဆင် နေကြောင်း ယင်းပါတီရုံးချုပ်မှ ပါတီဝင် ဦးအောင်ခန့်ပိုင်က ပြောသည်။ လာမည့်ရွေးကောက်ပွဲတွင် မြန်မာ နိုင်ငံတစ်ဝန်းလုံးတွင် ဝင်ရောက်အရွေး ချယ်ခံမည်ဖြစ်သော်လည်း တနင်္သာရီ တိုင်းတွင်မူ ကိုယ်စားလှယ်လောင်းရရှိ မှုပေါ်မူတည်ပြီးမှ ဝင်ရောက်ရွေးချယ်ခံနိုင်မည်ဖြစ်ကြောင်း ဦးအောင်ခန့်ပိုင်က ပြောသည်။ “ကိုယ်စားလှယ်ကတော့ အဓိက ပေါ့လေ။ ကိုယ်စားလှယ်ရှိမှ တနင်္သာရီ တိုင်းမှာ ဝင်ပြိုင်လို့ရမှာလေ။ ဘယ်နေ ရာမှာ ဝင်ပြိုင်မယ်၊ မပြိုင်ဘူးဆိုတာတော့ ပါတီလူကြီးတွေက မဆုံးဖြတ်ရသေးဘူး”ဟု ၎င်းက ဆိုသည်။ ပြည်သူ့ရှေ့ဆောင်ပါတီကို ယခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် တစ်ဦးဖြစ်ပြီး လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဒေါ်သက်သက်ခိုင်က ပါတီဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိသည်။ ပါတီသစ်တစ်ခုဖြစ်သည့် သူရဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ကလည်း […]