BREAKING
September 19, 2024

ရွေးကောက်ပွဲ

ကိုယ်စားလှယ်လောင်းရွေးပွဲ NLD ပါတီတွင်း ပြင်းထန်နိုင်

diz_admin

June 15, 2020

လာမည့်ရွေးကောက်ပွဲအတွက် ပါတီအသီးသီးက ကိုယ်စားလှယ်လောင်းများကို ကြိုတင်ခေါ်ယူပြီး လျာထားနေ ကြပြီဖြစ်သည်။ လက်ရှိ အာဏာရပါတီဖြစ်သည့် NLD လည်း လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ်လောင်း လျှောက်လွှာခေါ်ယူနေပြီ ဖြစ်သည်။ ကိုယ်စားလှယ်လောင်းလျှောက်လွှာ နောက်ဆုံးတင်သွင်းရမည့်ရက်ကိုမူ မြို့နယ်အလိုက် ကွဲပြားမှု အနည်းငယ်ရှိသည်။ မြို့နယ်အသီးသီး၏ ကိုယ်စားလှယ် လောင်းလျှောက်လွှာများကို ဇွန်လ ၁၅ ရက်နေ့တွင် တိုင်းအလုပ်အမှုဆောင်အဖွဲ့ ထံတင်ပြရန် ညွှန်ကြားထားကြောင်း တိုင်းအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးမြင့်မောင်က ဆိုသည်။ လာမည့်ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းလျှောက်ထားခွင့်ကို ရပ်ကျေးအထိ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေထားသည့်အတွက် လျှောက်ထားသူများပြီး ပါတီအတွင်း ပြိုင်ဆိုင်မှုပြင်းထန်နိုင်သည်ဟု ၎င်းက ပြောသည်။ ကိုယ်စားလှယ်လောင်းလျှောက်ထားမှုကို မည်ကဲ့သို့ရွေးချယ်မည်၊ မည်ကဲ့သို့ ဆက်လုပ်မည်ကို တနင်္သာရီအပတ်စဉ်က တိုင်းအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးကို မေးမြန်းထားသည်။ ယင်းအပြင် တိုင်းအလုပ်အမှုဆောင်အဖွဲ့အတွင်း လစ်လပ်နေသည့် တိုင်း ဥက္ကဋ္ဌ၊ […]

မွန်တွင် မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်းကျော်

diz_admin

June 15, 2020

မွန်ပြည်နယ်တွင် ၂၀၂၀ ခုနှစ် မေလအကုန်ထိ ပြုစုထားသည့်စာရင်းအရ မဲပေးပိုင်ခွင့်ရှိသူ ၁၇ သိန်း ၄ သောင်းကျော်အထိရှိလာကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ အဆိုပါ မဲစာရင်းတွင် မသန်စွမ်းမဲစာရင်းပါဝင်ပြီး တပ်မတော်သားနှင့် အတူနေမိသားစုဝင်တို့၏ မဲစာရင်းများမပါဝင်သေးကြောင်း မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံအရာရှိ ဦးဟိဏ်းလင်းထက်က ပြောသည်။ တပ်မတော်သားနှင့် အတူနေမိသားစုဝင်များ မဲစာရင်းကို လက်ရှိတွင် ကောက်ယူနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။ လာမည့် ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်တွင် တပ်တွင်းမဲရုံအပါအဝင် မဲရုံပေါင်း ၉၅၈ ရုံ နှင့် ယာယီမဲရုံ ၅ ရုံ ထားရှိရန်လျာထားကြောင်း ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။ ၂၀၁၅ ရွေးကောက်ပွဲကျင်းပစဉ်က မွန်ပြည်နယ်တွင် မဲပေးပိုင်ခွင့်ရှိ ၁၅ သိန်း ၃ သောင်းကျော် ရှိခဲ့သည်။

မွန်ပါတီ ကိုယ်စားလှယ်လောင်း ဇူလိုင်လကုန် အပြီးသတ် ရွေးချယ်မည်

diz_admin

June 15, 2020

၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်း ကျင်းပသွားရန်ရှိသည့် ရွေးကောက်ပွဲအတွက် မွန်ညီညွတ်ရေးပါတီ၏ ကိုယ်စားလှယ်လောင်းများကို ဇူလိုင်လအကုန်တွင် အပြီးသတ် ရွေးချယ်သွားမည်ဟု ပါတီခေါင်းဆောင်များက ပြောသည်။ ကိုယ်စားလှယ်လောင်းများကို မြို့နယ်အဆင့် ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့မှ ဇူလိုင်လ ၁၅ ရက်နေ့ နောက်ဆုံးထား ရွေးချယ်မည်ဖြစ်သည်။ မြို့နယ်မှ အဆိုပြုရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းများကို ဗဟိုအဆင့် ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးအဖွဲ့က ဇူလိုင်လ ၃၁ ရက်တွင် အပြီးသတ်ရွေးချယ်မည်ဖြစ်ကြောင်း ပါတီတွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။ ပါတီအနေနှင့် ကိုယ်စားလှယ်လောင်းများကို ရွေးချယ်ရာတွင် အမျိုးသမီးနှင့် လူငယ်များ ပါဝင်လာနိုင်ရေးကိုလည်း အဓိကဦးစားပေး အချက်တစ်ချက်အနေနှင့် ရွေးချယ်သွားမည်ဟုလည်း ပါတီခေါင်းဆောင်တို့က ပြောသည်။ “ကိုယ်စားလှယ်လောင်းတွေကို မြို့နယ်ကနေ ရွေးချယ်လာမှာဖြစ်တဲ့အတွက် အမျိုးသမီးနဲ့ လူငယ် ကိုယ်စားလှယ်လောင်းတွေပါလာအောင် စည်းရုံးပေးဖို့နဲ့ တကယ်လို့ အရည်အချင်းတူ ရွေးချယ်ရမယ်ဆိုရင် […]

မြို့မိမြို့ဖနှင့် အမတ်လောင်း

diz_admin

June 8, 2020

၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီး ကို နိုဝင်ဘာလတွင် ကျင်းပတော့မည်။ ရက်အတိအကျ မသိရသေးသော် လည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော် မရှင်ထုတ်ပြန်ချက်အရ ရွေးကောက်ပွဲ ကျင်းပရန် သေချာသွားပြီ ဖြစ်သည်။ ကိုဗစ်ရောဂါကူးစက်မှုဒဏ်ကို တိုင်းသူ ပြည်သားများက ကြံ့ကြံ့ခံ ရင်ဆိုင်နေရ ဆဲကာလမှာပင် လက်ရှိအာဏာရပါတီ ကြီး၏ အမတ်လောင်း ရွေးချယ်ပွဲကြီး ဝှဲချီးကျင်းပတော့မည်။ပြီးခဲ့သည့်လက ထားဝယ်မြို့မှ လူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက စာရေးသူထံ ဖုန်းဆက်တိုင်ပင်လာသည်။ အကြောင်းက လက်ရှိ မြန်မာပြည်တစ်နံ တစ်လျား ပါတီရုံးခန်းများ မိုးဦးကျမှိုလို ပေါက်အောင် ဖွင့်နေသည့် ပြည်မအခြေ စိုက်နိုင်ငံရေးပါတီတစ်ခုက ၎င်းကို ထားဝယ်မြို့နယ် ကိုယ်စားပြုရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် အမတ်လောင်း လုပ်စေလိုသည်ဟု ချဉ်းကပ်ပြောဆိုလာ သောကြောင့် နှီးနှောတိုင်ပင်လို၍ ဖြစ် သည်။ သို့ဖြင့် နိုင်ငံရေးစိတ်ဝင်စားသည့် စာရေးသူမှာလည်း အခွင့်ကြုံလာပြီ […]

တပ်မဲရုံ လျော့ အရပ်သား မဲရုံ တိုး

diz_admin

May 19, 2020

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲထက် တပ်မဲရုံ လျော့နည်းသွားပြီး အရပ်သားမဲရုံ ထပ်တိုးလာကြောင်း တနင်္သာရီတိုင်းရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲထံမှ သိရသည်။ တိုင်းအတွင်းလျာထားသည့် မဲရုံစုစုပေါင်း တစ်ထောင်ကျော် (၁၁၂၁)ရှိပြီး ၂၀၁၅ ရွေးကောက်ပွဲထက် အရပ်သားမဲရုံ ၅၀ ရုံခန့်တိုးလာကာ တပ်မဲရုံမှာ ၂၀ ဝန်းကျင်ခန့် လျော့နည်းလျာထားကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူးက ပြောသည်။ တိုင်းအတွင်း မဲဆန္ဒရှင်ဦးရေ တိုးလာခြင်း၊ လူများသည့် မဲရုံအချို့ကို နှစ်ခုခွဲလိုက်ခြင်းကြောင့် အရပ်သားမဲရုံများတိုးလာခြင်းဖြစ်ပြီး တပ်မဲရုံလျော့ကျလာခြင်းမှာ အရပ်သားမဲရုံအချို့နှင့် တပ်မဲရုံအချို့ကို ပေါင်းလိုက်ခြင်းကြောင့်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “တပ်မဲရုံတွေကတော့ တပ်အဝန်းအဝိုင်းထဲမှာ ရှိမှာမဟုတ်ဘူး။ တပ်ဧရိယာပြင်ပမှာပဲ ရှိမယ်။ တပ်ဧရိယာပြင်ပမှာမှ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာနဲ့ တစ်ဆက်တစ်စပ်တည်း ဖြစ်နေတဲ့ နေရာမျိုးဆိုရင်တော့ အများပြည်သူ […]

ဆန္ဒမဲပေးရမည့် လူသစ်လေးသောင်းဝန်းကျင်ရှိ

diz_admin

March 11, 2020

၂၀၂၀ ရွေးကောက်ပွဲတွင် တနင်္သာရီ တိုင်းအတွင်း ပထမဆုံးအကြိမ် ဆန္ဒမဲ ပေးခွင့်ရမည့် လူငယ်အရေအတွက်မှာ လေးသောင်းဝန်းကျင်ရှိကြောင်း တိုင်း ဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ (ရွေး/ကော်)ထံမှ သိရသည်။ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက် တွင် အသက် ၁၈ နှစ်ပြည့်မည့်သူအထိ ကောက်ယူထားသည့် စာရင်းဖြစ်ကြောင်း တိုင်းရွေး/ကော်အဖွဲ့ခွဲ အတွင်းရေးမှူးက ဆိုသည်။ “အခုမှ ပထမအကြိမ်မဲပေးရမယ့် တစ်ဆယ့်ရှစ်နှစ် ပြည့်လာမယ့်သူက တစ်တိုင်းလုံး ငါးသောင်း မပြည့်ဘူး”ဟု အထက်ပါ အတွင်းရေးမှူးက ပြောသည်။ တစ်နိုင်ငံလုံး၌ ၂၀၂၀ ရွေးကောက်ပွဲ တွင် ပထမဆုံးအကြိမ် မဲပေးခွင့်ရမည့် လူငယ် ငါးသန်းခန့်ရှိနိုင်ကြောင်း ပြည် ထောင်စုရွေးကော်ပွဲကော်မရှင်က ခန့် မှန်းထားသည်။ တနင်္သာရီတိုင်းတွင် ၂၀၁၅ အထွေ ထွေ ရွေးကောက်ပွဲတွင် […]