BREAKING
September 19, 2024

ရွေးကောက်ပွဲ

မွန် NLDပါတီ ကိုယ်စားပြု အစိုးရအဖွဲ့ဝင်နှင့် ကိုယ်စားလှယ် အားလုံးနီးပါး ရွေးကောက်ပွဲ ပြန်ဝင်မည်

diz_admin

June 30, 2020

မွန်ပြည်နယ်တွင် NLDပါတီ ကိုယ်စားပြု အစိုးရအဖွဲ့ဝင်နှင့် ကိုယ်စားလှယ် အားလုံးနီးပါး ရွေးကောက်ပွဲ ပြန်ဝင်ရန် အဆိုပြုလွှာတင်ထားကြောင်း သိရသည်။ မွန်ပြည်နယ်အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ် အပါအဝင် ဝန်ကြီး ၁၂ ဦးရှိပြီး NLDပါတီ ကိုယ်စားပြု ၁၀ ဦး၊ မွန်ညီညွတ်ရေးပါတီမှ ၁ ဦးနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ၁ ဦးတို့ ပါဝင်သည်။ လာမည့်ရွေးကောက်ပွဲတွင် NLDပါတီမှ ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး ၁၀ ဦးထဲအနက်မှ စိုက်ပျိုးမွေးမြူရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဌေးမှအပ ကျန် ၉ ဦးစလုံး ဝင်ပြိုင်ရန် အဆိုပြုလွှာတင်ထားသည်ဟု မွန်ပြည်နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ဒေါက်တာခင်ဆောင်က ပြောသည်။ “ကိုထွန်ဌေးတော့ မပြိုင်ဘူး။ ကျန်တဲ့ ဝန်ကြီးအားလုံး ဝင်ပြိုင်မယ်။ အဆို ပြုလွှာတွေက […]

မွန်ညီညွတ်ရေးပါတီ ပြည်နယ်နှင့် တိုင်း ၅ ခုအထိ ရွေးကောက်ပွဲ ဝင်ပြိုင်မည်

diz_admin

June 30, 2020

မွန်ညီညွတ်ရေးပါတီက ၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်းတွင် ကျင်းပမည့် ရွေးကောက်ပွဲတွင် ပြည်နယ်နှင့် တိုင်း ၅ ခုအထိ ဝင်ရောက်ယှဉ်ပြိုင်သွားရန် စီစဉ်ထားသည်ဟု ပါတီခေါင်းဆောင်တို့က ပြောသည်။ မွန်ပါတီများသည် ပြီးခဲ့သည့် ၂၀၁၀၊ ၂၀၁၅ ရွေးကောက်ပွဲတို့တွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင်သာ ဝင်ရောက်ယှဉ်ပြိုင်မှုရှိခဲ့ကြသော်လည်း ယခု လာမည့်ရွေးကောက်ပွဲတွင်မူ ရန်ကုန်နှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် လည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ “ပဲခူးနဲ့ ရန်ကုန်မှာလည်း မဲဆန္ဒနယ်တစ်နေရာ ဒါမှမဟုတ် နှစ်နေရာ ဝင်ပြိုင်ဖို့ ရှိတယ်။ ဘယ်မြို့နယ်လဲဆိုတာကတော့ မရွေးချယ်ရသေးဘူး” ဟု မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က ပြောသည်။ မွန်ညီညွတ်ရေးပါတီသည် လာမည့်ရွေးကောက်ပွဲတွင် မွန်ပြည်နယ်၌ မြို့နယ် ၉ မြို့နယ်၊ ကရင်ပြည်နယ်တွင် ၄ မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် […]

တနင်္သာရီတိုင်းအတွင်း မဲဆန္ဒနယ် အားလုံးဝင်ပြိုင်ရန် ပြည်သူ့ရှေ့ဆောင်ပါတီ ရည်မှန်းထားဟုဆို

diz_admin

June 30, 2020

ပြည်သူ့ရှေ့ဆောင် (PPP) ပါတီ အနေနှင့် လာမည့်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံး ဝင်ပြိုင်ရန် ရည်မှန်းထားကြောင်း အဆိုပါပါတီ၏ တနင်္သာရီတိုင်းတာဝန်ခံ ဦးတင်မောင်ညီက ပြော သည်။ လက်ရှိတွင် PPP ပါတီအနေဖြင့် ထားဝယ်၊ ရေဖြူ၊ လောင်းလုံး၊ သရက် ချောင်း၊ တနင်္သာရီမြို့နယ်ပါတီဆိုင်းဘုတ်များ တင်ထားပြီးဖြစ်ကာ မကြာမီ ပုလောမြို့နယ်ရုံးဆိုင်းဘုတ်တင်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ တိုင်းအတွင်းရှိ မဲဆန္ဒနယ်အားလုံးကို ဝင်ပြိုင်ရန် ရည်မှန်းထားသော်လည်း အချိန်အတိုင်းအတာနှင့် ကိုဗစ်ကပ်ဘေးကြောင့် အထက်ပါမြို့နယ်ခြောက်ခုတွင် ပြိုင်နိုင်ရန် ကြိုးစားနေကြောင်း ဦးတင်မောင်ညီက ပြောသည်။ “ဆယ်မြို့နယ်စလုံးကို ကျွန်တော်တို့က ရည်ရွယ်ထားတယ်။ အခုအချိန်က အရမ်းကပ်နေတော့ ကျွန်တော်တို့က လှုပ်ရှားချိန်လည်း မရှိဘူး။ အုပ်စုလိုက်လည်း သွားလာလို့မရသေးတော့လေ” ဟု ဦးတင်မောင်ညီက ဆိုသည်။ သို့သော် ကိုယ်စားလှယ်လောင်းအတွက် ရွေးကော်ပွဲကော်မရှင်မှ လက်ခံသည့် […]

Dawei Watch TV/ လာမည့်ရွေးကောက်ပွဲနှင့် တနင်္သာရီတိုင်းလွှတ်တော်ဥက္ကဌ

diz_admin

June 30, 2020

နောက်ရွေးကောက်ပွဲမှာ တိုင်းလွှတ်တော်ဥက္ကဌက ဘယ်မဲဆန္ဒနယ်ကနေ ဝင်အရွေးခံဖို့ လျှောက်ထားလဲ။ လွှတ်တော်က ဘယ်လိုအချက်တွေကို ဆောင်ရွက်နိုင်ခဲ့လဲ။အားရတဲ့အချက်နဲ့ အားမရတဲ့အချက်တွေ။ဝင်အရွေးခံမယ့် ကိုယ်စားလှယ်လောင်းတွေ ဘယ်လိုပြင်တင်ထားသင့်လဲ။ နောက်အစိုးရအဖွဲ့ဝင်ဖြစ်လာမယ့်သူတွေက ဘယ်လိုမျိုးအချက်တွေနဲ့ ပြည့်စုံရမလဲဆိုတာတွေကို Dawei Watchက မေးမြန်းတင်ဆက်ထားပါတယ်။

တိုင်းလွှတ်တော်ဥက္ကဋ္ဌ ရွေးကောက် ပွဲဝင်မည်

diz_admin

June 21, 2020

၂၀၂၀ ရွေးကောက်ပွဲဝင်နိုင်ရန်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်ထားခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားသည်။ ၎င်းအနေဖြင့် တိုင်းဒေသကြီးလွှတ်တော်၊ထားဝယ်မြို့နယ်မဲန္ဒနယ်အမှတ် ၂ မှ ဝင်ရောက်ယှဉ်ပြိုင်ရန် လျှောက်ထားသည်ဟု ဆိုသည်။ တိုင်းဒေသကြီးအတွင်း အုပ်ချုပ်မှုစနစ်များ စနစ်တကျဖြစ်လာစေရန်၊ ဒီမိုကရေစီရှင်သန်စေရန်နှင့် ပြည်သူများ၏ လူမှုဘဝတိုးတက်လာစေရန် ရည်ရွယ်၍ ရွေးကောက်ပွဲထပ်ဝင်ရန် ကိုယ်စားလှယ်လောင်းလျှောက်ထားခဲ့ကြောင်း ဦးခင်မောင်အေးက ပြောသည်။ “ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်လိုက်ကောင်းတစ်ယောက်အနေနဲ့ ပီပီ သသ ဝင်ရောက်ပြီးတော့ ကူညီပေးချင်တဲ့အတွက်ကြောင့်မို့ တိုင်းလွှတ်တော်မှာ ကိုယ်စားလှယ်အဖြစ်နဲ့ လျှောက်ရခြင်း ဖြစ်ပါတယ်” ဟု ဦးခင်မောင်အေးက ဆိုသည်။ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ငါးနှစ်တာကာလအတွင်း ရရှိခဲ့သည့်အတွေ့အကြုံ များအပေါ် အခြေခံကာ ကူညီနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးသည် ၂၀၁၅ ရွေးကောက်ပွဲအချိန်က တိုင်းဒေသကြီးလွှတ်တော်၊ ထားဝယ်မြို့နယ် မဲဆန္ဒနယ်အမှတ် […]

၀န်ကြီးချုပ်ဦးမြင့်မောင် လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်မည်

diz_admin

June 15, 2020

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်က လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် ကိုယ်စားလှယ်လောင်း လျှောက်မည်ဖြစ်ကြောင်း ပြောသည်။ ၎င်းအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲ ကာလက ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မဲဆန္ဒနယ်တွင် လျှောက်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ်ဦးမြင့်မောင်က ပြောသည်။ ဦးမြင့်မောင်သည် ပြီးခဲ့သည့် ရွေးကောက်ပွဲက တိုင်းဒေသကြီးလွှတ်တော် ကော့သောင်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့သူ ဖြစ်သည်။ ၎င်းသည် တိုင်းအစိုးရတွင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော် အဂတိလိုက်စားမှုဖြင့် အဖမ်းခံရချိန်တွင်မှ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သည်။ ဦးမြင့်မောင် လက်ရှိတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးလည်းဖြစ်သည်။ ၎င်းအနေဖြင့် ကိုယ်စားလှယ်လောင်းအဖြစ် ပြန်လျှောက်ရသည့် အကြောင်းကို တနင်္သာရီအပတ်စဉ်က ဇွန်လ ၁၁ ရက်နေ့က တွေ့ဆုံမေးမြန်းခဲ့သည်။ […]