BREAKING
September 16, 2024

ရွေးကောက်ပွဲ

ရွေးကောက်ပွဲအပြီး ၁၈ ရက်အတွင်း ကိုဗစ်လူနာသစ် ၁၆၀ ကျော်

diz_admin

December 1, 2020

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲနေ့မှ ၂၆ ရက်နေ့အထိ ဆယ့်ရှစ်ရက်တာ ကာလတွင် ကိုဗစ်လူနာသစ် တစ်ရာ ခြောက်ဆယ်ကျော်ထပ်တိုးလာကြောင်း တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီး ဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။ အဆိုပါပမာဏမှာ ပျမ်းမျှအားဖြင့် တစ်ရက်လျှင် ကိုးဦးနှုန်းဖြစ်ပြီး ကိုဗစ် -၁၉ ကပ်ရောဂါ မြန်မာပြည်တွင် စတင်ဖြစ်ပွားသည့် မတ်လမှ နိုဝင်ဘာလ ၇ ရက်နေ့အထိ ခုနစ်လတာ(ရက်ပေါင်း ၂၁၀ ကျော်)အတွင်း ကူးစက်မှု၏ ထက်ဝက်ကျော်ပမာဏလည်း ဖြစ်သည်။ တနင်္သာရီတိုင်းတွင် ကိုဗစ်-၁၉ အတည်ပြုလူနာအရေအတွက်မှာ ခုနစ်လ အတွင်း ၂၇၅ ဦးသာရှိပြီး နိုဝင်ဘာ ၈ ရက်မှ ၂၆ ရက်နေ့အထိ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁၆၁ ဦးထပ်တိုးလာသည့်အပြင် သေဆုံးသူ နှစ်ဦးထိရှိလာပြီဖြစ် သည်။ ယင်းသို့ […]

ရွေးကောက်ပွဲတာဝန်ထမ်းဆောင်ခဲ့သည့် ပညာရေးဝန်ထမ်းများကို ဂုဏ်ပြု မှတ်တမ်းပေးမည်

diz_admin

November 24, 2020

၂၀၂၀ ရွေးကောက်ပွဲတွင် အမှန်တကယ်တာဝန်ထမ်းဆောင်ခဲ့သည့် ပညာရေးဝန်ထမ်းများကို ပညာရေး ဝန်ကြီးဌာနက ဂုဏ်ပြုမှတ်တမ်းပေး မည်ဖြစ်ကြောင်း တိုင်းပညာရေးမှူးရုံး ထံမှ သိရသည်။ “နိုင်ငံရဲ့သမိုင်းမှာ တို့ရဲ့ ဝန်ထမ်းတွေ တာဝန်ထမ်းဆောင်ထားပါလား ဆိုတာကို ဂုဏ်ပြုမှတ်တမ်းတင်ပေးတဲ့ သဘောပါ” ဟု တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဖြူဝင်းက ပြောသည်။ အဆိုပါ ပညာရေးဝန်ထမ်းများ၏စာရင်းကို နိုဝင်ဘာလ ၁၇ ရက်နေ့ အရောက်ပေးပို့ရန် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ညွှန်ကြားထားသည်။ စာရင်းပြုစုပေးပို့ရာတွင် မဲရုံများတွင် အမှန်တကယ်တာဝန်ထမ်းဆောင်ခဲ့သူများကိုသာ စာရင်းတွင် ထည့်သွင်း ဖော်ပြရန်နှင့် ပထမတာဝန်ပေးပြီး လူစား လဲခံရသူများ၊ တာဝန်ပြန်လည်ရုပ်သိမ်း ခြင်းခံရသူများအား စာရင်းတွင် ထည့်သွင်းဖော်ပြခြင်း မပြုရန် အခြေခံပညာ ဦးစီးဌာနက ညွှန်ကြားထားသည်။ တနင်္သာရီတိုင်းတွင် ၂၀၂၀ ရွေးကောက်ပွဲ၌ အမှန်တကယ် တာဝန်ထမ်းဆောင်ခဲ့သည့် ဆရာ၊ […]

၂၀၂၀ ရွေးကောက်ပွဲကပြောသော ကိန်းဂဏန်းများ NLDက ကြံ့ခိုင်ရေးထက် မဲရလဒ် လေးဆကျော်ပို

diz_admin

November 18, 2020

နိုဝင်ဘာလ ၈ ရက်က ကျင်းပသည့် ရွေးကောက်ပွဲရလဒ်အရ တနင်္သာရီတိုင်းတွင် လက်ရှိအာဏာရ ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ(NLD) က တိုင်းလုံးကျွတ် အနိုင်ရရှိခဲ့သည်ကို အားလုံးသိပြီးဖြစ်သည်။ ထွက်ပေါ်လာသည့် ရလဒ်များအရ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲသည် NLDပါတီအတွက် ပြီးခဲ့သည့်ငါးနှစ်ကထက် ပို၍ အောင်မြင်မှုရခဲ့ကြောင်း တွေ့ရှိရသည်။ အောက်ဖော်ပြပါအချက်အလက်နှင့် ရုပ်ပုံများသည် ၂၀၁၅ နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲနှစ်ခုကို နှိုင်းယှဉ်ထားခြင်း ဖြစ်ပါသည်။ မဲပေးသူ ပိုများ၂၀၁၅ ခုနှစ်က တိုင်းအတွင်း မဲပေးခွင့်ရှိသူ ဆယ်သိန်းနီးပါး (၉၈၅၀ဝ၈ ဦး) ရှိသည့်အနက် ဆန္ဒမဲလာပေးသူ ခြောက်သိန်းကျော် (၆၁၈၅၈၈ ဦး) ရှိသည်။ ရာခိုင်နူန်းအားဖြင့် ၆၂ ဒသမ ၈၀ ရာခိုင်နှုန်း မဲပေးခဲ့ခြင်းဖြစ်သည်။ ယခုရွေးကောက်ပွဲတွင်မှု မဲပေးခွင့်ရှိသူ […]

မွန်ညီညွတ်ရေး ပါတီ မဲဆန္ဒနယ် ၁၁ နေရာအနိုင်

diz_admin

November 15, 2020

ကနဦး မဲရေ အတွက် မှုစာရင်းများအရ မွန်ပြည်နယ်တွင် မွန်ညီညွတ်ရေးပါတီ က ကိုယ်စားလောင်း ၁၁ ဦးအနိုင်ရရှိထားကြောင်းရွေးကောက်ပွဲ မဲရေတွက်မှုစာရင်းများအရသိရှိရသည်။ ရေးမြို့နယ်တွင်အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၂ နေရာ ၊ ပြည်သူ့ လွှတ်တော် မဲဆန္ဒနယ် ၁ နေရာ ၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၂ နေရာ စုစုပေါင်းမဲဆန္ဒနယ် ၅ နေရာ စလုံးတွင် မွန်ညီညွတ်ရေးပါတီ က အနိုင်ရရှိခဲ့သည်။ မုဒုံမြို့နယ်တွင် မွန်ညွတ်ရေး ပါတီက ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်နှင့် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်တို့တွင် အနိုင်ရရှိ ခဲ့သည့်အပြင် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) တွင်လည်း အနိုင်ရရှိခဲ့သည်။ မုဒုံ မြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) တွင် အမျိုးသားဒီမိုကရေစီ […]

တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲ

diz_admin

November 15, 2020

ရွေးကောက်ပွဲနေ့ ပြဿနာများ ရွေးကောက်ပွဲနေ့မှာ ပြဿနာတွေ ပေါ်ပေါက် တတ်ပါတယ်။ ဘယ်လိုပြဿနာတွေလဲဆိုတာကို အောက်မှာ ဖော်ပြပါ့မယ်။ ၁။ မဲရုံမှာ မဲဆွယ်တာ၊ ၂။ မမှန်မကန် မဲပေးတာ၊ ၃။ လျှို့ဝှက်မဲပေးတာကို ထိခိုက်တာ၊ ၄။ မမှန်မကန်မဲရေတွက်တာ၊ ၅။ အကြမ်းဖက်တာ၊ ခြိမ်းခြောက်တာ၊ ခြောက်လှန့်တာတွေ၊ ၆။ မဲရုံအတွင်း ဝင်ခွင့်ရှိတဲ့ ရွေးကောက်ပွဲ လေ့လာသူတွေ ဒါမှမဟုတ် ရွေးကောက်ပွဲကိုယ်စား လှယ်တွေ မတရားသဖြင့် ဝင်ခွင့်မပေးတာ၊ ၇။ ထိခိုက်လွယ်တဲ့အရာတွေကို ပုံပျက်စေတာ (ဥပမာ – မဲပုံးတွေကို ဖျက်ဆီးတာ၊ မဲလက်မှတ်တွေ ကို ဆုတ်ဖြဲတာ၊ မဲစာရင်းကို မီးရှို့တာ)၊ ၈။ မဲရုံဝန်ထမ်းတွေက ဘက်လိုက်တာမျိုး လုပ်ဆောင်တာ၊ ၉။ လုံခြုံရေးတွေက နှောင့်ယှက်တာ၊ ၁၀။ မဲရုံဝန်ထမ်းတွေနဲ့ […]

ဘုတ်ပြင်းတွင် လူ ၂၀ဝ ကျော် မဲစာရင်းမပါဟု လွှတ်တော်ကိုယ်စားလှယ်နှင့် ရွာသားများပြော

diz_admin

November 14, 2020

ဘုတ်ပြင်းမြို့နယ်၊ ရွေဂဲညိုကျေးရွာတွင် နိုဝင်ဘာလ နောက်ဆုံးကပ်သည့် မဲစာရင်း၌ လူ ၂၀ဝ ကျော်မှာ အမည်ပါလာခဲ့ခြင်း မရှိကြောင်း ရွာသားများနှင့် ဘုတ်ပြင်းမြို့နယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မျိုးဝင်းက ပြောသည်။ မဲစာရင်းတွင် အမည်မပါသူများသည် ပုံစံ(၃) ဖြင့် နောက်ဆုံးလျှောက်ထား ကြသူများဖြစ်ပြီး နောက်တိုးလျှောက်သူ ၂၉၆ ဦးအနက် ၉၁ ဦးသာ စာရင်းတွင် ပါလာသည်ဟု ရွာသားများက ဆိုသည်။ ရွာသားများမှ နာမည်မပါသူများ စာရင်းကို ရွာအတွင်းလိုက်လံ ကောက်ခံခဲ့ကြပြီး ပုံစံ(၃)ဖြင့် နောက်တိုးလျှောက်ကာ အောက်တိုဘာလ ၁၀ ရက်နေ့တွင် ရွေဂဲညိုကျေးရွာအုပ်စု၊ ရပ်ကျေးရွေး ကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးသို့ ပေးအပ်ခဲ့ကြောင်း စာရင်းကောက်သူ ရွာသားများက ပြောပြသည်။ ဘုတ်ပြင်းမြို့နယ်၊ မနိုးလုံးကျေးရွာအုပ်စု၊ ခဲချောင်းကျေးရွာ မဲရုံအမှတ်(၃)တွင် NLD ပါတီ […]